ကောနပ်(စ်) နှင့် ဇုနတ်ဘုရား

ယူရေးနပ်(စ်) မရှိတော့တဲ့နောက်မှာ ကောနပ်(စ်) က အုပ်ချုပ်ခဲ့ပါတယ်…. ဆိုင်ကလော့(စ်) တွေနဲ့ ဟိကတန်ကားရီး(စ်) တွေကို တာတာရပ်(စ်) အရပ်မှာ အကျဉ်းချထားလိုက်ပါတယ်….. ပြီးတော့သူ့ရဲ့နှမတော် ရီရာ နဲ့ ထိမ်းမြားခဲ့ပြီး….နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပါတယ်….သူ့ရဲ့ခမည်းတော်နဲ့ မယ်တော်တို့က ကလေးတွေစွန့်ပစ်ဖို့ နည်းပေးလမ်းပြသလိုဖြစ်နေခဲ့တာကြောင့်…..သူ့ရဲ့ခမည်းတော်ကိုသူသုတ်သင်ခဲ့သလိုသူ့ရဲ့သားသမီးတွေကလဲ သူ့ကိုဒီလိုပဲ လုပ်ကြံမှာကိုစိုးလို့ ကလေးတွေမွေးတိုင်း မျိုချပစ်လိုက်ပါတယ်….သူကလေးတွေကိုဒီလိုလုပ်တာကိုသူ့ရဲ့ကြင်ယာတော် ရီရာကအရမ်းစိတ်ဆိုးပြီးကောနပ်(စ်)ကိုဆန့်ကျင်ဖို့ဖြစ်လာပါတယ်……ဒီလိုနဲ့ပဲ ဆဌမမြောက်ကလေးကိုမွေးတဲ့အခါ ရီရာက ကလေးကိုဖွက်ထားပြီး ကောနပ်(စ်)မျိုချဖို့အတွက်ကျောက်တုံးကို စောင်နဲ့ထုပ်ပြီး ပေးတဲ့အခါ….ကောနပ်(စ်)လဲကျောက်တုံးကိုသူ့ကလေးမှတ်ပြီးမျိချခဲ့ပါတယ်..... ကလေးတွေကိုမျိုချလိုက်တဲ့အတွက်သူ့ကိုတိုက်ခိုက်မှာ စိတ်မပူရတော့ပဲ သူ့ဝမ်းဗိုက်ထဲမှာပဲသူ့ကလေးငါးယောက်ဖြစ်တဲ့ဟက်(စ်)တီးယား၊ ဒီမီတာ၊ ဟီရာ၊ ဟေဒီး(စ်) ၊ ပိုစီဒွန် နဲ့ကျောက်တုံးတစ်တုံးကိုထားပြီးနေခဲ့ပါတယ်... ကျောက်တုံးနဲ့လဲပေးလိုက်တဲ့ကလေးဟာဇုနတ်ဘုရားဖြစ်လာပါတယ်.... သူဟာကရိမှာအခန့်ညားဆုံးလုလင်ပျိုအနေနဲ့ကြီးပြင်းခဲ့ပြီး.... အရွယ်ရောက်လာတဲ့အခါမှာတော့မိခင်ရီရာရဲ့တိုက်တွန်းချက်နဲ့ကောနပ်(စ်)ကို တိုက်ခိုက်ဖို့ကြံစည်ပါတော့တယ်...ဇုဟာမေတိ(စ်)နဲ့တိုင်ပင်ပြီး ကောနပ်(စ်)အတွက်သူမျိုချထားတဲ့ကလေးတွေကို ပြန်အန်ထွက်စေတဲ့အဖျော်ယမကာတစ်မျိုးကိုပြင်ဆင်ထားပါတယ်...အဲဒီအချိန်မှာပဲ ရီရာကလဲ ဇုကိုလက်ခံဖို့အတွက်ကောနပ်(စ်)ကိုဖျောင်းဖျပါတယ်...ကောနပ်(စ်)လဲ ဇုကိုသူ့ရဲ့အဖျော်ယမကာဆက်ရသူအဖြစ်အမှုထမ်းဖို့လက်ခံခဲ့ပါတယ်.... ဒီလိုအဖျော်ယမကာဆက်သူအဖြစ်လက်ခံလိုက်တဲ့အတွက်သူတို့ရဲ့အကြံ အောင်မြင်ဖို့ပိုပြီးလွယ်ကူသွားတော့တာပေါ့.... ဇုဟာအကြံအတိုင်းအဖျော်ယမကာထည့်ပေးထားတဲ့အခါသူတို့ကြိုတင်ဖျော်စပ်ထားတဲ့ ကလေးတွေကိုအန်ထွက်စေတဲ့ဖျော်ရည်ကိုတိုက်လိုက်ပါတယ်.... ဖျော်ရည်သောက်ပြီးတာနဲ့ကောနပ်(စ်)လဲသူမျိုချထားတဲ့ကလေးတွေကိုပြန်အန်ထုတ်လိုက်အခါ..... နတ်ဘုရားငါးပါးနဲ့ကျောက်တုံးတစ်တုံးထွက်လာပါတယ်.... သူတို့ဟာမသေမျိုးဖြစ်တဲ့ နတ်ဘုရားတွေဖြစ်တဲ့အတွက်ဘာမှမထိခိုက်ပဲထွက်လာကြတယ်လေ...... မောင်နှမငါးယောက်လုံးဟာဇုကိုကျေးဇူးတင်လွန်းလို့သူတို့အားလုံးရဲ့ခေါင်းဆောင် အဖြစ်တင်မြှောက်လိုက်ပါတယ်.... ဇုနတ်ဘုရားဟာဒီလိုခေါင်းဆောင်ဖြစ်သွားတဲ့အတွက်ကောနပ်(စ်)နဲ့တိုက်တန်တွေဟာ သူတို့ရဲ့အရှိန်အ၀ါကျဆုံးသွားမှာစိုးရိမ်တဲ့အတွက် ဇုကိုတိုက်ခိုက်ကြဖို့ဆုံးဖြတ်လိုက်ပါတယ်.....ပရောမီးသီးယပ်နဲ့အက်ပီမီးသီးယပ်တို့ညီအစ်ကိုကတော့ တိုက်ခိုက်တဲ့အထဲမှာမပါကြပါဘူး....အရာရာကိုကြိုတင်မြင်နိုင်တဲ့ပရောမီးသီးယပ်က နောက်ဆုံးမှာဇုနတ်ဘုရားသာ အောင်မြင်နိုင်မှာကိုသိမြင်တဲ့အတွက်ဇုနတ်ဘုရားနဲ့လာရောက်ပူးပေါင်းပါတယ်....လိမ္မာပါးနပ်လှတဲ့ဇုနတ်ဘုရားကလဲ ကောနပ်(စ်)အကျဉ်းချထားတဲ့ တာတာရပ်(စ်) က မျက်စိတစ်လုံးပါတဲ့နတ်ဘုရား ဆိုင်ကလော့တွေနဲ့ ဟိကတန်ကားရိ(စ်) တွေကိုသွားပြီးလွှတ်ပေးခဲ့တဲ့အတွက်.... ဆိုင်ကလော့တွေဟာ ဇုနတ်ဘုရားနဲ့ ကောနပ်(စ်) နဲ့ တိုက်တန်တို့ရဲ့ တိုက်ပွဲမှာ မိုးကြိုးလက်နက်တွေနဲ့အကူအညီပေးပါတယ်... ဟိကတန်ကားရိ(စ်)တွေကလဲ ကျောက်မောင်းတွေဆင်ပေးပြီးကူညီကြပါတယ်.... တိုက်ပွဲစတဲ့အချိန်လဲရောက်ရော ဇုနတ်ဘုရားဟာ တိုက်တန်တွေကို ဟိကတန်ကားရိ(စ်) တွေကျောက်ခလုတ်ကျောက်မောင်းတွေဆင်ထားတဲ့နေရာကိုမျှားခေါ်လာပါတယ်.... အနားကိုရောက်လာတဲ့အခါကျတော့ ကျောက်တုံးမိုးတွေရွာချတဲ့အခါ တိုက်တန်တွေလဲတောင်ကြီးပြိုကျပြီလို့ထင်မှတ်ပြီးထွက်ပြေးကြတဲ့အတွက်ဇုနတ်ဘုရားအောင်နိုင်ခဲ့ပါတယ်.... ဇုနတ်ဘုရားဟာသူနဲ့တိုက်ခိုက်ခဲ့တဲ့တိုက်တန်တွေအားလုံးကို တာတာရပ်(စ်)အရပ်ကိုနှင်ထုတ်ခဲ့ပါတယ်.... တိုက်တန်တွေထဲက အဲ(တ)လပ်(စ်) တစ်ယောက်ကိုတော့ အထူးအပြစ်ပေးတဲ့အနေနဲ့ ကမ္ဘာကြီးကိုသူ့ပုခုံးနဲ့ထမ်းခိုင်းထားလိုက်ပါတော့တယ်...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကြီးရဲ့ဒဏ္ဍာရီ

ဒီကမ္ဘာမြေကြီးမရှိခင်တုန်းက လောကကြီးထဲမှာ ကဲရော့စ် ကလွဲလို့ ဘာမှမရှိသေးပါဘူး......ကဲရော့စ်ရဲ့နောက်မှ ကမ္ဘာ့အမှောင် အဲရဘတ်စ် ၊ အဆုံးမဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း နဲ့ ည တို့ပေါ်လာခဲ့ကြပါတယ်....ကျန်တာတွေကတော့...တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်း နဲ့ မှောင်မိုက်ခြင်း တို့ပဲပေါ့..... ပြီးတော့မှ....ဖြစ်တည်ခြင်းတွေရဲ့အစဦးဆုံးဖြစ်တဲ့အချစ် အီရို့စ် မွေးဖွားလာပါတယ်....အချစ်ကပဲ အလင်းရောင်နဲ့ နေ့တို့ကိုဖြစ်ပေါ်စေတယ်လေ.....အလင်းရောင်နဲ့ နေ့တို့နောက်ကမှ ကမ္ဘာမြေကြီး ဂျီးရ ဖြစ်လာပါတော့တယ်.... အဲရဘတ်စ်နဲ့ နိုက် (ည) တို့ပေါင်းဖက်ပြီး ကောင်းကင်ရဲ့အလင်း အီသာ နဲ့ ကမ္ဘာမြေကြီးရဲ့အလင်း ဒေး တို့ကို မွေးဖွားခဲ့ပါတယ်.....နိုက်ကလဲ...ကံကြမ္မာ ဒွန်းမ်၊ သေခြင်း ဒက်သ်၊ အိပ်စက်ခြင်း စလိ(ပ်)၊ အိပ်မက် ဒရင်းမ် နဲ့ စီရင်ခြင်း နမ်မီးဆစ် တို့ကို ဖန်တီးခဲ့ပါတယ်...သိပ်မကြာခင်မှာပဲ ဂျီးရ ကယူရေးနပ်စ် ကို သူတစ်ယောက်ထဲ မွေးဖွားလိုက်ပါတယ်......ယူရေးနပ်စ်ဟာ ကမ္ဘာမြေကြီးနားမှာပဲအမြဲနေခဲ့တာပေါ့....သူတို့နှစ်ယောက်ပေါင်းပြီးးးးးး မျက်စိတစ်လုံးထဲပါတဲ့ နတ်ဘီလူး ဆိုင်ကလော့စ် သုံးဦး၊ ဟိကတန်ကားရီးစ်နတ်ဘီလူးသုံးဦးနဲ့ တိုက်တန် နတ်ဘီလူး ဆယ့်နှစ်ဦးတို့ဖန်တီးခဲ့ကြပါတယ်.... ဒါပေမဲ့ ယူရေးနပ်စ်က သူ့မျိုးဆက်တွေဖြစ်တဲ့ ဟိကတန်ကားရီးစ် နတ်ဘီလူးတွေကိုမုန်းတီးနေခဲ့တယ်လေ... ဒါနဲ့ပဲ သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ ဂျီးရ ရဲ့ဝမ်းဗိုက်ထဲက ဘယ်သူမှမတွေ့နိုင်တဲ့နေရာမှာ အကျဉ်းချထား လိုက်တာပေါ့...... အဲဒါနဲ့ ဂျီးရလဲ ယူရေးနပ်စ်ကိုစိတ်ဆိုးပြီး ဆန့်ကျင်ဖို့ပြင်ဆင်တော့တာပါပဲ.....ဂျီးရက သူရဲ့ကလေးတွေကို သူတို့ရဲ့ဖခင်ကိုတိုက်ခိုက်ကြဖို့ အပြင်းအထန်တိုက်တွန်းခဲ့ပေမဲ့ အငယ်ဆုံးနတ်ဘီလူးလေး ကောနပ်စ် ကလွဲလို့ အားလုံးက တိုက်ခိုက်ဖို့ ကြောက်ရွံ့နေခဲ့ကြပါတယ်...... ဒီလိုနဲ့ပဲ ဂျီးရနဲ့ ကောနပ်စ်တို့ဟာ ညအခါရောက်လို့ ယူရေးနပ်စ် က ဂျီးရ နားမှာ အိပ်ပျော်နေတုန်းကိုသုတ်သင် ဖို့စီစဉ်ထားကြပါတယ်.....ညရောက်တဲ့အခါကျတော့ ကောနပ်စ်လဲ သူ့ဖခင်ကို ကျောက်ဓါးနဲ့ သတ်လိုက်ပြီးး ကလီစာတွေကို ပင်လယ်ထဲသွားပစ်ထားလိုက်ပါတယ်...ဒါပေမဲ့ ယူရေးနပ်စ်ဟာ နတ်ဘုရားဖြစ်တော့ သတ်လိုက်ရုံနဲ့ အပြီးပျောက်ကွယ်သွားတာမဟုတ်ပဲ ဂျီးရ အနားကထွက်သွားရရုံပဲပေါ့....ဒါနဲ့ သူကိုလုပ်ကြံတဲ့ အတွက်စိတ်ဆိုးပြီးးး ကောနပ်စ်နဲ့တိုက်တန်တွေအကုန်လုံးကိုအပြစ်ပေးရမယ်လို့ ကြုံးဝါးသွားခဲ့တယ်လေ.... သူ့ဆီကကျတဲ့ သွေးစက်တွေကနေပြီး ဘီလူးတွေ၊ အစောင့်အရှောက်နတ်သမီးတွေဖြစ်လာကြပါတယ်....ပင်လယ်ထဲကိုပစ်လိုက်လို့ဖြစ်လာတဲ့ပင်လယ်ရေမြှုပ်ကနေ ပြီးအချစ်နတ်သမီး အပရိုဒိုက် ဖြစ်လာပါတယ်..... မှတ်ချက်။ ။ နတ်ဘုရားများ၏အမည်များမှားယွင်းပါက ရှင်မွှေးကြူ၏ ဗဟုသုတ ပုမှုနှင့်ဘာသာပြန်ညံ့ဖျင်းမှုသာဖြစ်ပါတယ်ရှင်..အမှားများပါလျှင်သည်းခံကြပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြိုများရဲ့ဒဏ္ဍာရီ

မောင်ပေါက်ကျိုင်းဘုရင်ဖြစ်ပြီးးးးးးးးးးမကြာခင်မှာပဲ မိဘုရားကြီးမှာ ပဋိသဋေတည်ပါတယ်.....အချိန်စေ့လို့ဖွားမြင်တော်မူတဲ့အခါကျတော့ မင်းသားလေးနှစ်ပါး အမွှာဖွားမြင်လာပါတယ် ဒါပေမဲ့ မိဘုရားကြီးက နဂါးကြီးရဲ့ချစ်သူ ဆိုတော့ နဂါးငွေ့တွေကြောင့် မင်းသားလေးနှစ်ပါးဟာ မျက်စိနှစ်ကွင်းအလင်းမရကြပါဘူး......မင်းသားအကြီးလေးကိုတော့ မဟာ သမ္ဘ၀ မင်းသားအငယ်ကိုတော့ စူဠသမ္ဘ၀ လို့အမည်ပေးခဲ့ပါတယ်.....ဒီလိုမင်းသားနှစ်ပါးမျက်စိနှစ်ကွင်းအလင်းမရတာ ကိုဘုရင်မောင်ပေါက်ကျိုင်း သိတဲ့အခါ ဒီလိုမျက်စိမမြင်တဲ့မင်းသားတွေကို နန်းတော်ထဲမှာမထားနိုင်ဘူး အဲဒါကြောင့်သတ်စေလို့ အမိန့်ပေး လိုက်တာပေါ့.......မိဘုရားကြီးလဲသူ့သားတွေကိုမသတ်ရက်တာနဲ့ သတ်တော့ မသတ်ပါရစေနဲ့ ဖောင်ပေါ်တင်ပြီး ရေမှာမျှောပါရစေ လို့တောင်းပန်ပြီး မသိုးထမင်း မသိုးဟင်းတွေထည့်ပေးပြီး ဖောင်ပေါ်တင်ပြီးမျှောလိုက်ပါတော့တယ်.......မင်းသားနှစ်ပါးလဲ ဖောင်နဲ့မျောလာရင်းက တစ်နေရာရောက်တော့ စစ်ပင်ကြီးတစ်ပင်က ကိုင်းကျနေပြီး ဖောင်ကိုငြိနေပါတယ်...အဲဒီနားမှာရှိတဲ့ စန္နမုခိ ဘီလူးမလဲ မင်းသားနှစ်ပါးရဲ့စားတော်အုပ်ကိုတွေ့တဲ့အခါ ဖောင်ပေါ်ကိုတက်လာပါတယ်....အဲဒီစစ်ပင်ကြီးကိုင်းလို့ ဖောင်ငြိနေတဲ့နေရာကို စစ်ကိုင်းမြို့လို့ ခေါ်ကြပါတယ်....ဒီလိုနဲ့ဆက်ပြီးမျောလာရင်း ဘီလူးမကလဲ မင်းသားနှစ်ပါး စားတော်အုပ်ဖွင့်စားတိုင်းသူပါလိုက်နှိုက်စားခဲ့တာပေါ့......မင်းသားနှစ်ပါးလဲ သူတို့စားတော်အုပ်က ခါတိုင်းထက် ပိုကုန်နေတာကိုသတိထားမိလာတာပေါ့ အဲဒါနဲ့ နောက်တစ်ခါစားတော့ စားတော်အုပ်ထဲမှာတွေ့တဲ့လက်ကို ဖမ်းကိုင်ထားရင်း ဒါဘယ်သူ့လက်လဲဆိုပြီးမေးတဲ့အခါ မင်းသားနှစ်ပါးလုံးရဲ့လက်မဟုတ်တဲ့အတွက် ဘီလူးမလဲ “ကျွန်ုပ်က စန္ဒမုခိ ဘီလူးမပါ...သင်တို့ရဲ့စားတော်အုပ်က မသိုးထမင်း မသိုးဟင်းတွေကိုစားချင်လို့ စစ်ပင်ကြီးကိုင်းပြီး ဖောင်ငြိတဲ့နေရာက တတ်လာတာပါ” လို့ပြောတော့ မင်းသားနှစ်ပါးလဲ ငါတို့ရဲ့ စားတော်အုပ်ကို ခိုးစားတဲ့ဘီလူးမ သန်လျှက်နဲ့ခုတ်သတ်မယ် ဆိုပြီး သန်လျှက်နဲ့မိုးတဲ့အခါ ဘီလူးမ က သူ့အသက်ကိုချမ်းသာပေးရင် မင်းသားနှစ်ပါးရဲ့မျက်စိနှစ်ကွင်း အလင်းရအောင် ဆေးကုပေးပါမယ် ဆိုတော့ မင်းသားနှစ်ပါးလဲ ဘီလူးမရဲ့အသက်ကိုချမ်းသာပေးပြီး ဆေးကုခိုင်းတာပေါ့ ဒီလိုနဲ့ဖောင်ကလေးနဲ့ မျောလာရင်း ဆေး စကုတဲ့ နေရာကို စကု မြို့လို့ခေါ်ကြပါတယ်......ဘီလူးမလဲဆေးကုပေးလိုက်တာ မင်းသားနှစ်ပါး မျက်စိနှစ်ကွင်း စပြီးလင်းလာပါတော့တယ်.....အဲဒီလိုစပြီးလင်းတဲ့နေရာကို စလင်းမြို့လို့ခေါ်ကြပါတယ်.....မင်းသားနှစ်ပါးလဲ ဖောင်နဲ့မျောလားရင်းဟိုဟိုဒီဒီကြည့်ကြတာပေါ့....အဲဒီလိုကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ ဘီလူးမကို မိုးကောင်းကင်ကို လက်ညှိုးထိုးပြပြီး အဲဒါဘာလဲလို့မေးတဲ့အခါ စန္ဒမုခိ လဲ အဲဒါမိုးကောင်းကင်လို့ခေါ်ပါတယ် အရှင့်သား လို့ပြန်ဖြေပါတယ်....နောက်တစ်ခါ မြေကြီးကိုပြပြီးမေးတဲ့အခါ ဘီလူးမလဲ အဲဒါကတော့ မြေကြီးပါအရှင့်သားလို့ဖြေပြန်တာပေါ့ ....မင်းသားတွေကအခုမှမျက်စိနှစ်ကွင်းအလင်းရလာတာဆိုတော့ “သြော် မိုးကအဖုံး မြေကအထဲ ပါလား” လို့ မှတ်ချက်ချလိုက်သတဲ့....မင်းသားနှစ်ပါးအဲဒီလိုပြောတဲ့နေရာကိုမြေထဲမြို့လို့ ခေါ်ကြပါတယ်....မြေထဲမြို့ကနေပြီးဖောင်နဲ့ဆက်မျောလာတဲ့အခါ ပြည်မြို့ရှိတဲ့နေရာကိုရောက်လာပြီးဖောင်က ကမ်းကိုကပ်သွားတာပေါ့.....ကမ်းပေါ်လဲရောက်ရော စန္ဒမုခိဘီလူးမလဲ မင်းသားညီနောင်နဲ့လမ်းခွဲပြီး ထွက်သွားပါတော့တယ်....မင်းသားနှစ်ပါးလဲ ဆက်လျှောက်လာရင်းနဲ့ မြစ်ကမ်းဘေးမှာ ဘူးသီးခြောက်တစ်လုံးနဲ့ ရေခပ်နေတဲ့ လုံမပျိုလေးတစ်ယောက်ကိုတွေ့တော့ စုံစမ်းတဲ့အခါ ရသေ့ကြီးတစ်ပါးရဲ့ကျောင်းသင်္ခန်းမှာနေကြောင်းသိတာနဲ့ သူတို့ကိုခေါ်သွားဖို့ပြောတဲ့အခါ ဖခင်ရသေ့ကြီးခပ်ခိုင်းထားတဲ့ရေဘူးမပြည့်သေးလို့ ပြန်လို့မဖြစ်သေးကြောင်းပြောသတဲ့....... ရေဘူးကိုကြည့်လိုက်တော့ အပ်ပေါက်ရာလောက်ပဲရှိတဲ့ရေဘူးပေါက်ကိုတွေ့တော့ သန်လျှက်နဲ့ချဲ့ပေးပြီး ရေခပ်ခိုင်းလိုက်တယ်လေ...ရေဘူးလဲရေပြည့်ရော ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကိုသွားကြတာပေါ့....ဒီဗေဒါရီလေးက ရသေ့ကြီးတစ်ယောက်ရဲ့သမီးပါ....အဲဒီနားကတောထဲမှာ ရသေ့ကြီးတစ်ပါး ရဲ့ကျောင်းသင်္ခမ်းရှိပါတယ်....အရှင်ရသေ့ဟာ တောထဲမှာ ကျင်ငယ်စွန့်မိတာကို သမင်မတစ်ကောင်က သောက်မိပြီး ပဋိသဋေတည်ပါတယ်....အချိန်စေ့တဲ့အခါကျတော့ လူမိန်းကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်... ရှင်ရသေ့ကြီးလဲ ကလေးငယ်ရဲ့ငိုသံကြားတဲ့အခါ သွားကြည့်ပြီး မိဘတွေမတွေ့တာနဲ့ ကောက်ယူပြီးမွေးခဲ့ပါတယ်...ရသေ့ကြီးလဲ ကလေးငယ်ကိုကြည့်ရင်း “အင်းးးးးးသမင်မတစ်ကောင်က ငါစွန့်တဲ့ကျင်ငယ်ရေသောက်ပြီးမွေးတဲ့ကလေးပဲဖြစ်မယ်....အဓိဌာန်ကြည့်မှပဲဆိုပြီး ...ဒီကလေးငယ်ဟာ ငါ့ကလေးမှန်တယ်ဆိုရင် .....ကလေးငယ်အတွက်ငါ့လက်ညှိုးကနို့ချိုရည်ထွက်ပါစေသား” ဆိုပြီးအဓိဌာန်လိုက်တာ အဓိဌာန်ပြည့်တဲ့အတွက် ဘရသေ့ရဲ့လက်ကထွက်တဲ့ နို့ချိုရည်နဲ့ကြီးပြင်းလာခဲ့ပါတယ်.....ကလေးငယ်ကြီးပြင်းလာတဲ့အခါ ရသေ့နဲ့ မာတုကာမ တောထဲမှာအတူနေတာ မသင့်တော်ဘူးဆိုပြီး ဘူးသီးခြောက်ကိုအပေါက်သေးသေးလေးဖောက်ပြီးရေခပ်ခိုင်းထားပါတယ်.......ကျောင်းသင်္ခန်းကိုပြန်ရောက်တဲ့အခါ ဗေဒါရီကိုအစောကြီးပြန်လာတာတွေ့တော့ ရသေ့ကြီးက “ဟဲ့ မဗေဒါ နင့်ရေဘူးအပေါက်ဘယ်သူချဲ့ပေးလိုက်လို့ အစောကြီး ပြန်လာတာတုန်း” လို့မေးတဲ့အခါ မင်းသားနှစ်ပါးချဲ့ပေးကြောင်းပြောပြီး မင်းသားတွေကိုခေါ်လိုက်တာပေါ့.....ရသေ့ကြီးလဲ မင်းသားနှစ်ပါး ကိုခေါ်ပြီးမေးမြန်းတဲ့အခါကျတော့ သူတို့ရဲ့အဖြစ်အပျက်တွေကိုပြောပြကြတာပေါ့ .....အကြောင်းစုံကိုသိရတဲ့အခါ ရသေ့ကြီးက သူဟာသူတို့ရဲ့ ဦးရီးတော်ကြောင်းပြောပြတာပေါ့...“ငါက မင်းသားနှစ်ပါးရဲ့မယ်တော် ရဲ့အစ်ကိုတော်ဖြစ်တယ်.....ငါဟာ တောထဲမှာ သမင်လိုက်ရင်း တရားအားထုတ်နေတဲ့ ရသေ့ကြီးတစ်ပါးနဲ့တွေ့ပြီး တရားဟောတာနဲ့ အကျွတ်တရား ရပြီး...ရသေ့ဝတ်လိုက်တယ်...နောက်ပြီး ဒီတောထဲကကျောင်းသင်္ခန်းမှာ တစ်ပါးထဲလာပြီးတရားအားထုတ်နေတာ...” လို့ပြောပြခဲ့တယ်လေ......မင်းသားနှစ်ပါးကိုလည်းမင်းမျိုးမင်းနွယ်တွေဖြစ်တဲ့အတွက် အဲဒီအနီးအနားမှာပဲ တိုင်းပြည်တစ်ခု တည်ထောင်ပြီး မဟာသမ္ဘ၀နဲ့ ဗေဒါရီ ကိုလက်ဆက်ပေးပြီး ဘုရင်တင်မြှောက်လိုက်ပါတယ်...စူဠသမ္ဘ၀ကိုတော့ အိမ်ရှေ့အရာပေးလိုက်ပါတယ်.....သူတို့ရဲ့နိုင်ငံကိုလဲ သရေခေတ္တရာ လို့သမုတ်လိုက်ပါတယ်.......နောင်တော်မဟာ သမ္ဘ၀ နတ်ရွာစံတဲ့အခါကျတော့ ညီတော် စူဠသမ္ဘ၀ နန်းတက်ပါတယ်....မရီးတော် ဗေဒါရီကိုပဲ ဆက်ပြီးမိဘုရားမြှောက်ခဲ့ပါတယ်......ညီတော်နန်းတက်ပြီးမကြာခင်မှာပဲ မိဘုရားဟာ သားတော်တစ်ပါး ဖွားမြင်ပါတယ်....သားတော်လေးဟာ ဒွတ္တဘောင်မင်းဖြစ်လာခဲ့ပါတယ်.....ဒါကြောင့် နောင်တော်ညီနော် နှစ်ပါးရဲ့သားတော်ဖြစ်လို့ “အဖညီနောင် ဒွတ္တဘောင် ” ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပါတယ်ရှင်.......

  • ဒီဒဏ္ဍာရီလေးဟာ တစ်ကယ်တော့ မြို့များရဲ့ ရာဇ၀င်အမှန်မဟုတ်ပါဘူးရှင်... အိပ်ရာဝင်ပုံပြင်လို ပြောဖြစ်ခဲ့ကြတဲ့ ဒဏ္ဍာရီလေးပါ......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မောင်ပေါက်ကျိုင်းရာဇ၀င်

ဟိုးးးးးးးးးးးးးးရှေးရှေးတုန်းကပေါ့....... တက္ကသိုလ်ပြည်ကဒိသာပါမောက္ခဆရာကြီးရဲ့တပည့်တွေထဲမှာ တုံးအလွန်းပြီးဘာမှသင်လို့မတတ်တဲ့မောင်ပေါက်ကျိုင်းဆိုတဲ့ လုလင်တစ်ယောက်ရှိသတဲ့....ဒါနဲ့ပဲဆရာကြီးလဲ မောင်ပေါက်ကျိုင်းကိုခေါ်ပြီး “တပည့်ရေ မင်းကိုတော့ အများကြီးသင်ပေးရင်လဲ မင်းမှတ်မိမှာ မဟုတ်ဘူး အဲဒီတော့ မင်းကိုအသုံးအ၀င်ဆုံး စကားကြီး သုံးခွန်းသင်ပေးလိုက်မယ်” လို့ပြောတော့ မောင်ပေါက်ကျိုင်းလဲ ဆရာကြီးသင်ပေးတဲ့ စကားကြီးသုံးခွန်းကိုသေချာမှတ်ထားတာပေါ့....အဲဒီစကားသုံးခွန်းက “မေးပါများစကားရ” “သွားပါများခရီးရောက်” “မအိပ်မနေအသက်ရှည်” ဆိုတဲ့ စကားတွေပါပဲ.....ဒီလိုနဲ့ပဲ သုံးနှစ်သုံးမိုးသင်ပြီးလို့ကျောင်းဆင်းချိန်ရောက်လာတော့ အားလုံးနဲ့အတူ မောင်ပေါက်ကျိုင်းလဲ ဆရာကြီးကို ကန်တော့ပြီး ခရီးထွက်လာခဲ့တာပေါ့....မောင်ပေါက်ကျိုင်းလဲဆရာကြီးရဲ့စကားသုံးခွန်းကိုစဉ်းစားရင်း နဲ့ “အင်း သွားပါများ ခရီးရောက်ဆိုတဲ့စကားအရ ငါအိမ်ပြန်လို့မဖြစ်သေးဘူး..... ဆက်သွားအုန်းမှပဲ”ဆိုပြီးခရီးဆက်ထွက် လာခဲ့တာ တကောင်းပြည်ကြီးကိုရောက်လာပါတော့တယ်...... တကောင်းပြည်ကိုရောက်တဲ့ အခါ “အင်း ဆရာကြီးကတော့ မှာလိုက်တယ် မေးပါများစကားရ တဲ့ ဒီတိုင်းပြည်အကြောင်းကိုးမေးအုန်းမှပါလေ” ဆိုပြီး လိုက်မေးလိုက်တာ ထူးဆန်းတဲ့အကြောင်းတွေကြားရတော့တာပေါ့..... ဒီတိုင်းပြည်ကြီးမှာလောလောဆယ် ဘုရင်မရှိကြောင်း၊ မိဘုရားတစ်ပါးပဲရှိကြောင်း ၊ ဘုရင်လုပ်မဲ့သူရှိရင်လဲ တစ်နေ့သာဘုရင်ဖြစ်ပြီး မနက်မိုးလင်းတာနဲ့ နတ်ရွာစံသွားကြောင်း အဲဒါကြောင့် ဘုရင်လုပ်ရဲတဲ့သူမရှိကြောင်းတွေသူသိရတော့တာပါပဲ.....မောင်ပေါက်ကျိုင်းလဲ ဒီလိုဆိုရင်တော့ ငါဘုရင်လုပ်ကြည့်ရကောင်းမှာပဲဆိုပြီး ပြောကြည့်တော့ ဘုရင်တစ်ပါးအလိုရှိနေတဲ့တိုင်းသူပြည်သားတွေဟာ မောင်ပေါက်ကျိုင်းကိုနန်းတော်ကိုလိုက်ပို့လိုက်ကြပါတယ်.....နန်းတော်ထဲရောက်တဲ့အခါ မူးမတ်တွေက မောင်ပေါက်ကျိုင်းကို ဘုရင်တင်မြှောက်လိုက်ကြပါတယ်... ညရောက်တဲ့အခါကျတော့ မောင်ပေါက်ကျိုင်းကသူ့ဆရာကြီးမှာလိုက်တာကိုသတိရသွားပြီး “အင်းဆရာကြီးက မှာတယ် ....မအိပ်မနေအသက်ရှည်တဲ့.... ငါဒီညတော့အိပ်လို့မဖြစ်ဘူး....” ဆိုပြီး ငှက်ပျောတုံးကြီးကိုသလွန်ပေါ်တင် စောင်ခြုံပေးပြီးသူကတော့ ဓါးတစ်လက်ယူပြီးမအိပ်ပဲပုန်းနေတာပေါ့.....အဲဒီအချိန်မှာပဲ မိဘုရားကြီးရဲ့ချစ်သူ နဂါးကြီးရောက်လာပြီး နဂါးအသွင်ကိုယူပြီး မောင်ပေါက်ကျိုင်းအမှတ်နဲ့ ငှက်ပျောတုန်းကြီးကိုပေါက်လိုက်တာ သူ့ရဲ့အစွယ်ဟာ ငှက်ပျောတုန်းမှာစိုက်ပြီး နှုတ်လို့မရဘူးဖြစ်နေတာပါတော့တယ်....အဲဒီအချိန်မှာပဲ မောင်ပေါက်ကျိုင်းရောက်လာပြီး နဂါးကြီးကို ဓါးနဲ့ ပိုင်းလိုက်တာနဂါးကြီးသေသွားပါတော့တယ်....အဲဒါနဲ့မနက်မိုးလင်းတော့ မူမတ်တွေကသူတို့ရဲ့ဘုရင်မသေတာတွေ့တော့ အရမ်းဝမ်းသာကြတာပေါ့ ....ဒါပေမဲ့မိဘုရားကြီးကတော့ သူ့ချစ်သူနဂါးကြီးကိုသတ်လိုက်လို့ မောင်ပေါက်ကျိုင်းကိုမကျေနပ်ပါဘူး ....အဲဒါကြောင့် မောင်ပေါက်ကျိုင်းကို “သင်ဟာမင်းမျိုးမင်းနွယ်မဟုတ်တဲ့အတွက် ဒီအတိုင်းတော့ ကျွန်ုပ်ရဲ့ ကြင်ယာတော် မမြှောက်နိုင်ဘူး.....နဂါးကြီးကိုသင်နိုင်ခဲ့ပေမဲ့ ကျွန်ုပ်မေးတဲ့ မေးခွန်းသုံးခုကိုဖြေနိုင်မှ ကျွန်ုပ်ရဲ့ကြင်ယာတော်အဖြစ် သတ်မှတ်နိုင်မယ် ....ခုနှစ်ရက်အတွင်းသင်မဖြေနိုင်ရင်တော့ သင့်ကိုသတ်ရလိမ့်မယ်” ပြောတော့တာပေါ့.....မိဘုရားကြီးရဲ့မေးခွန်းသုံးခုကတော့ “ရာပေးလို့ဆုတ်” “ထောင်ပေးလို့ချုပ်” “ ချစ်တဲ့သူအရိုး ဆံထိုးလုပ်” ဆိုတဲ့မေးခွန်းတွေပါပဲ...... မောင်ပေါက်ကျိုင်းလဲစဉ်းစားနေရတော့တာပေါ့......အဲဒီအချိန်မှာပဲမောင်ပေါက်ကျိုင်းရဲ့မိဘနှစ်ပါးကလဲ ငါတို့သားလေးဘုရင်ဖြစ်ပြီ ငါတို့သွားတွေ့ရအောင်ဆိုပြီးတကောင်းပြည်ကိုလာကြတာပေါ့..... ခြောက်ရက်မြောက်နေ့မှာ တကောင်းပြည်ကိုရောက်လာပြီး နန်းတော်ထဲကိုမ၀င်ခင် ဗိုက်ဆာတာနဲ့သစ်ပင်ရိပ် အောက်ကိုဝင်ပြီး ပါလာတဲ့ထမင်းထုပ်ကိုဖြည်စားနေကြတုန်း ကျီးငှက်လေးတွေရောက်လာတော့ ထမင်းတွေကို ပက်ပြီးကျွေးကြတယ်တဲ့.....အဲဒီလာစားတဲ့ကျီးငှက်တွေထဲက ကျီးမတစ်ကောင်က သူ့ယောကျာင်္းကို “ကိုရွှေကျီးရယ် ကျွန်မမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့မို့ဒီထမင်းစိလေးတွေပဲစားရတာ မတင်းတိမ်ပါဘူးရှင်” လို့ ပြောတော့ ကျီးဖိုက “ရှင်မရယ် ဘာမှမပူပါနဲ့ မနက်ဖြန်ကျရင် ငါတို့ဘုရင်သားစားရမှာပါ” လိုပြောတော့ ကျီးမက “ဘာလို့လဲ ဘုရင်မောက်ပေါက်ကျိုင်းက နဂါးကြီးကို နိုင်ပြီမဟုတ်လား” လို့မေးတဲ့အခါ ကျီးဖိုက “ ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့ မိဘုရားရဲ့စကားထာကိုမဖြေနိုင်ရင် မနက်ဖြန်ကျရင်အသတ်ခံရမှာ” လို့ပြန်ပြောတာပေါ့ ကျီးမကလဲ “ကိုရွှေကျီးရယ် အဲဒီစကားထာက အဲဒီလောက်တောင်ခက်လို့လား ”မေးပြန်ပါတယ် ကျီးဖိုက “အဲဒီလောက်လဲမခက်ပါဘူး ရှင်မရယ် လူတွေကမသိလို့သာခက်နေတာပါ .....မိဘုရားက သူ့ချစ်သူနဂါးကြီး သေသွားတော့ အမှတ်တရအနေနဲ့ နဂါးကြီးရဲ့အရေခွံကိုတစ်ရာပေးပြီးဆုတ်ခိုင်းတယ်လေ...ပြီးတော့ အဲဒီအရေခွံ ကိုတစ်ထောင်ပေးပြီးသူ့အတွက်ဝတ်ရုံချုပ်ခိုင်းထားတယ်...ပြီးတော့ ကျန်တဲ့နဂါးကြီးရဲ့အရိုးတွေကိုတော့ ဆံထိုးလုပ်ပြီး ပန်ထားတယ်လေ အဲဒါကို စကားထာလုပ်ပြီးဝှက်တာပါကွာ” လို့ပြောပြီးပျံသွားကြပါလေရော...... သူတို့ပြောနေတဲ့စကားတွေကို မောင်ပေါက်ကျိုင်းရဲ့မိဘတွေကအကုန် ကြားတာပေါ့ ဒါနဲ့ပဲနန်းတော်ကိုပြေးပြီး သူတို့သားကိုပြောပြကြတာပေါ့....နောက်နေ့မနက်ရောက်တဲ့အခါ မိဘုရားက မောင်ပေါက်ကျိုင်းကိုဖြေခိုင်းတဲ့ အခါ မောင်ပေါက်ကျိုင်းကလဲ သူသိထားတဲ့အတိုင်းအဖြေမှန်ကို ဖြေနိုင်တာပေါ့.....အဲဒါနဲ့မိဘုရားလဲ အင်းငါလုပ်တာတွေအကုန်လုံး ကိုသူသိတာပဲ တစ်ကယ်ကိုဘုရင်ဖြစ်ထိုက်တဲ့သူပဲ ဆိုပြီး ကြည်ကြည်ဖြူဖြူနဲ့ပဲ ဘုရင်အဖြစ်တင်မြှောက်လိုက်ပါတယ်........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS