ဇုနတ်ဘုရား

ဂရိနတ်ဘုရားတွေအကြောင်းကိုမူးနောက်အောင်ရေးပြီးနောက် နတ်ဘုရားတစ်ပါးစီ အကြောင်းကိုတတ်နိုင်သမျှ ရေးပါအုန်းမယ် အခု ဇုနတ်ဘုရားအကြောင်းလေး ဖတ်ကြည့်ပါအုန်းနော်.... ဇုနတ်ဘုရားဟာ မိုးနတ်မင်းဖြစ်ပြီး အိုလံပတ်တောင် ကနတ်ဘုရားအားလုံးရဲ့ဘုရင်ဖြစ်ပါတယ်....ဇုနတ်ဘုရားဟာ သူ့ရဲ့ခမည်းတော်ဖြစ်တဲ့ ကောနပ်(စ်) ကိုဖယ်ရှားပြီး နတ်ဘုရားတွေရဲ့ဘုရင်ဖြစ်လာတာပါ..... သူ့ရဲ့အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ပိုစီဒွန်နဲ့ ဟေးဒီး တို့က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ ဇုနတ်ဘုရားပဲအောင်မြင်ခဲ့ပြီး နတ်ဘုရားအားလုံးကို စိုးမိုးနိုင်တဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်.... ကောင်းကင်နတ်ဘုရား မိုနတ်မင်းဖြစ်တဲ့ဇုဟာ သူ့ကိုမကျေနပ်သူတွေကို ပစ်ခွင်းနိုင်တဲ့ မိုးကြိုးလက်နက်ကိုင်ဆောင်ထားပြီး လိမ်လည်သူတွေနဲ့ ဂတိသစ္စာမတည်သူတွေကို အပြစ်ပေးလေ့ရှိပါတယ်.... ဇုနတ်မင်းဟာမိုးတိမ်းတွေကိုဆင်ပြီး မိုးကြိုးပစ်ခွင်းနိုင်ပါတယ်.....သူ့ရဲ့ငှက်ကတော့ သိမ်းငှက်ဖြစ်ပြီး သူ့ရဲ့သစ်ပင်ကတော့ ၀က်သစ်ချပင်ပါ.... သူဟာတရားမျှတမှုနဲ့သနားကြင်နာခြင်းရဲ့နတ်ဘုရားဖြစ်ပြီး အားနည်းတဲ့သူတွေကိုကာကွယ်ပေးလေ့ရှိပါတယ်.... လိမ်လည်လှည့်ဖြားတတ်သူတွေကိုတော့ အပြစ်ကောင်းကောင်းပေးတတ်တဲ့နတ်ဘုရားတစ်ပါးပါ....... image search by google image

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းမောမိပြီ တရံဆီသို့

လွမ်းစရာလေ သည်မြေသည်လမ်း ခုံတန်းလျားတို့ ငါ့အားနှုတ်ဆက် "သွားတော့တဲ့လေ" တရံဆီက ဒီဒေသမှာ ငါတို့ဆုံစည်း ရင်းနှီးခင်မင် ကျောင်းစာသင်ခန်း အတန်းတူတက် စာအတူကျက် ပျော်ခဲ့ဖူးလဲ တရံဆီက သည်ကျောင်းအေးရိပ် မှေးရိပ်ကွန်းခို တေးချင်းဆိုညည်း ကန်းတင်းသွားတူ ထမင်းစားတူ အပူပင်မဲ့ ပျော်ခဲ့ဖူးလဲ တရံဆီက ကိုယ်စီရင်မှာ ဝေဒနာမရှိ ဒဏ်ရာမသိ ပီတိအပြုံး ပုခုံးချင်းဖက် လက်ချင်းတွဲယှက် ပျော်ခဲ့ဖူးလဲ တရံဆီက ချိုမြနာရီ ရာသီတွေကြား ကျောင်းသားဘ၀ လှပစိမ်းလန်း ရယ်သံလွှမ်းလို့ ငြိမ်းချမ်းလွမ်းမဲ့ ပျော်ခဲ့ဖူးလဲ အခုတော့လေ...... သည်မြေသည်ကျောင်း ခေါင်းလောင်းသံတိတ် တံခါးပိတ်လို့ သုံးနှစ်အိပ်မက် ဆုံးသတ်ခဲ့ပြီ တက္ကသိုလ်မြေ နေညိုဝင်ချိန် အိမ်ပြန်လမ်းထက် နှုတ်ဆက်မျက်ရည် ရီဝေမျက်လုံး စကားလုံးမဲ့ လမ်းခွဲထွက်စဉ် ရင်မှာလွမ်းမော နှမြောတသ တမ်းတမိပြီ တစ်ရံခါက ကျောင်းတော်ဆီ နေရဲ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မော်ဒယ်နှင့်လက်ကိုင်ပန်း

တစ်နေ့ရှင်မွှေးကြူကို ဗိုလ်ချုပ်ဈေးကအစ်မတစ်ယောက် ဖုန်းဆက်လာပါတယ်..... Designer ကိုကောင်းမြတ်က မော်ဒယ်တွေနဲ့ သတို့သမီး show လုပ်ချင်လို့ ပန်း စပွန်စာ ပေးမလားမေးလို့ လုပ်ပေးဖြစ်ခဲ့တဲ့ ပန်းပုံလေးတွေပါ.... မော်ဒယ်ချောရတနာပါ....သူ့ဝတ်စုံနဲ့လိုက်ဖက်မဲ့ လီလီပန်း နီညိုနဲ့ ဒေလီယာမိတ်ကပ်ရောင်လေးတွဲစပ်ပြီးအလှဆင်ပေးထားတာပါ..... ဒီမော်ဒယ် လေးရဲ့ဝတ်စုံက အစိမ်းပေါ်မှာ ခရမ်းလေးတွေပါတဲ့အတွက် ခရမ်းရောင်နဲ့အစိမ်းရောင်သစ်ခွလေးတွေကိုပြုလုပ်ပေးထားပါတယ်....... ဂန္တ၀င်ကိုတော့ ခရမ်းနုရောင်လေးနဲ့အလှဆင်မှာပါတဲ့ .....ဒါ့ကြောင့် နှင်းဆီအဖြူဖွေးဖွေးလေးတွေကြားမှာ ခရမ်းလေးပေါ်လွင်အောင် ခရမ်းရင့်ရောင်ပန်းခြောက်လေးတွေနဲ့ ဖန်တီးပေးထားပါတယ်..... လှအဉ္ဇလီတင့်ကတော့ အဖြူဆန်တဲ့ ပန်းရောင်နုနုလေးကိုဝတ်ဆင်ထားတာပါ ..... သူ့အတွက်ကတော့ လီလီပန်းအဖြူနဲ့ လီလီပန်း ပန်းနုရောင်ကိုတွဲစပ်ပေးထားပါတယ်...ကျောက်ခက်စိမ်းစိမ်းလေးတွေကိုကြားမှာထည့်ပြီးတော့ပါ..... သူလေးရဲ့ဝတ်စုံကတော့အစိမ်းနဲ့အ၀ါရောထားတဲ့အရောင်စပ်ကလေးပါ.... နှင်းဆီပန်းဝါ၀ါလေးတွေကိုကျောက်ခက်စိမ်းစိမ်းလေးတွေများများရောပေးထားတော့ စိမ်းစိမ်းဝါ၀ါလေးပေါ့နော်.... မဟာဆန်ဆန်ပြင်ဆင်ထားတဲ့ဆုပန်ထွာကတော့ အနီရောင်နဲ့ရွှေရောင်ကိုရောစပ်တဲ့ဝတ်စုံလေးနဲ့ပါ.... သူ့ဝတ်စုံလေးနဲ့လိုက်ဖက်စေချင်တဲ့အတွက် နှင်းဆီအနီရဲရဲ ကို အ၀ါရောင်နှင်းဆီ ..ဒန်းစီးလေဒီသစ်ခွ ရွှေဝါရောင်လေးတွေနဲ့ ဖန်တီးပေးထားပါတယ်.... ရွှေရောင်ကိုပိုပေါ်လွင်စေချင်တဲ့အတွက် ရွှေရောင်ဘောလုံးသေးသေးလေးတွေနဲ့အလှဆင်ထားတာပါ ဇူဇူးမောင်ကတော့ ပန်းခရမ်းနုရောင်ဝတ်စုံလေးနဲ့ပါ..... သူ့အတွက်ကိုတော့ နှင်းဆီပန်းအဖြူ လေးရယ် သစ်ခွပန်း ခရမ်းလေးရယ်နဲ့ အလှဆင်ပေးထားပါတယ်..... ပန်းရောင်နဲ့ခရမ်းရောင်စပ်ထားတဲ့စပလိန်လေးတွေ ကြားမှာထည့်ထားတဲ့အတွက်ဖန်စီဆန်ဆန်လေးပေါ့နော်.... လက်ကိုင်ပန်းနဲ့ရင်ကပ်ပန်းအားလုံးကို လိုက်ဖက်အောင်ဖန်တီးပေးထားပါတယ်...... ၀တ်စုံအားလုံးကို Designer ကိုကောင်းမြတ်ကဖန်တီးပေးထားပါတယ်.... လက်ဝတ်ရတနာ ဆင်မြန်းပေးတာကတော့ ကြယ်သဇင်ကပါ.... ပန်း Designer ကတော့ ရှင်မွှေးကြူပေါ့....... ကြော်ငြာသလိုတော့ဖြစ်သွားပါသည်...သို့သော် ကြွားချင်လို့ဖြစ်ပါသည်.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်ကျော့ပြန်နှုတ်ခွန်းဆက်

မင်္ဂလာပါ သူငယ်ချင်းတို့ရေ.... အကြောင်းအမျိုးမျိုးကြောင့်ပစ်ထားခဲ့ရတဲ့ဒီအိမ်လေးကိုအရမ်းလွမ်းပါတယ်... လာလည်ကြပါအုန်း.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS