သရဲခြောက်ခံရခြင်း (၃)

“ညီမ ရေ ဒီကန့်ကော်ပင်ကို အမြဲ အမွှေးတိုင်လေး ထွန်းပြီး မေတ္တာပို့ .. အမျှဝေနော်... ညီမတို့က ပြောစရာတော့မလိုပါဘူး... ဒါပေမဲ့ သေချာအောင်မှာတာပါ... အစောင့်အရှောက်ရှိတယ်ညီမရဲ့...” လို့ ပြောလာတုန်းကတော့ သတိမထားမိပါဘူး..... တစ်နေ့ပေါ့.... အိမ်မှာအလုပ်လာလုပ်တဲ့ညီမ တစ်ယောက်က ညကအိုက်လိုက်တာအမရယ်.... အိပ်မပျော်ရတဲ့ကြားထဲ... ဘယ်သူမှန်းမသိပါဘူး အနားလာပြီး... ယပ်တောင်တဖျတ်ဖျတ် ခတ်နေတာ... ကျွန်မလဲစိတ်တိုတိုနဲ့ ဒီလောက်ခတ်ချင်ရင် ငါ့ကိုပါအေးအောင်ခတ်လို့ပြောလိုက်တော့ မခတ်တော့ဘူး... တဲ့.... မြတ်စွာဘုရား ဘာများပါလိမ့်.... ဒါပေမဲ့ မေမေခရီးသွားတုန်းအိမ်မှာ ကိုယ်ကအကြီးဆုံးလေ ကြောက်နေလို့မဖြစ်တော့... နားကြားမှားတာနေပါလိမ့် မယ် အေရယ် .... လို့ပဲပြန်ပြောလိုက်ရတယ်.... အဲဒီလိုနေရင်း...သူငယ်ချင်းတစ်ယောက်က ဆိုင်ပြောင်းတာကြောင့် သူ့ရဲ့သစ်ခွပင်တွေကို...ခဏလာထားပါရစေ ဆိုလို့ လက်ခံလိုက်တယ်... သစ်ခွပင်တွေကလဲ ထောင်ချီနေတာ... ပိုးတွေကျတော့.. ပိုးသတ်ဆေးလာဖျန်းဖို့ကို... မွှေးမွှေးတို့ကိုအားနာလို့တဲ့လေ.... လာမဖျန်းဘူး.... အပင်ချစ်တဲ့မွှေးကြူတစ်ယောက်.. အပင်တွေဒီလိုဖြစ်နေတာ မကြည့်နိုင်ပါဘူး... ပိုးသတ်ဆေးလဲမဖျန်းချင်... ပါဏာတိပါတာကံထိုက်မှာကြောက်လို့..... အဲဒါနဲ့ပဲ ဆိုင်မဆိုင်တော့မသိဘူး... ခန္ဓသုတ်ရယ်... ပဌာန်းဒေသနာတော်ကြီးရယ်.... အဒေါ်တစ်ယောက်ကပြောတယ်.. ဓာရဏပရိတ်က သေပြီးသားအပင်ကိုတောင်ပြန်ရှင်တယ်ဆိုတာနဲ့ ဓာရဏပရိတ်ရယ်...ကိုးရက် အဓိဌာန်ပြီး ပဌာန်းရေခွက်လေးချပြီး ကျကျနန ပူဇော်တော့တာပေါ့......ပြီးတာနဲ့ .... အဲဒီရေနဲ့အပင်တွေကိုဖျန်း... တစ်ခြံလုံးကိုဖျန်း... လူကြီးလုပ်ပြီး အိမ်ထဲကိုပါဖျန်းတော့တာပေါ့..... အဲဒီနေ့ည မှာပဲ... ညီမတစ်ယောက်က ... နောက်ဖက်ကိုသွားတော့... ဟဲ့ ဘာသွားလုပ်တာလဲဆိုတော့... မခိုင်နောက်ဝင်သွားလို့ လိုက်သွားမလို့တဲ့.. ဟင်မခိုင်က အပြင်သွားတာလေ.. ဆိုတော့ ခုပဲဝင်သွားတာတွေ့လိုက်တယ်ဆိုပဲ... မွှေးလဲမသင်္ကာတာနဲ့လိုက် ကြည့်တော့ မရှိပါဘူး မွှေးခိုင်းလိုက်လို့အပြင်သွားတာသေချာပါတယ်... အင်း ဘာလဲတော့မသိပေမဲ့ မကြောက်ဟန်ဆောင်နေလိုက်ပြန်ပါတယ်..... ဘာရမလဲရှင်မွှေးကြူပဲ ... ညရောက်တော့ အဓိဌာန်အတိုင်း ... ဆက်ပြီး ဘုရားပူဇော် ပရိတ်ရေဖျန်းလုပ်တာပေါ့..... နောက်နေ့ကျတော့ ဆယ်တန်းဖြေမဲ့ ညီမ၀မ်းကွဲလေး ကိုသူ့ နေရာမှာ စာကျက်နေတာတွေ့တော့... အသာပဲ မီးဖိုထဲသွားပြီး မုန့်ယူပြီး ပြန်ထွက်လာကြည့်တော့ မတွေ့တော့ဘူး ... ဟင်စာကျက်နေရင်က ဘယ်ထသွားပြန်လဲ...ဆိုပြီး မေးကြည့်တော့ ကျောင်းကပြန်မရောက်သေးဘူးလေအမတဲ့.... ဟောတော့ .... ဒီဘာမှန်းမသိတဲ့ ဟာက လူယောင်တောင်ဆောင်တတ်နေပြီလား..... ညရောက်တော့ ဒီလိုပဲ... အဓိဌာန်မပျက်ဆက်ပြီး ရွတ်ဖတ်ပူဇော်တာပေါ့... ကြောက်ကြောက်နဲ့ ပိုပြီး စိတ်ပါလက်ပါ ပူဇော်ဖြစ်တယ်..... အဲဒီနေ့ည.... သုံးနာရီကျော်လောက်မှာ မွှေးအိပ်တဲ့အခန်းတံခါးကို ပီပီသသ သုံးချက်ခေါက်တာကြားလိုက်ရတယ်.... ဟင်ဒီအချိန်ကြီးကိုဘယ်သူပါလိမ့်... မွှေးလဲထမကြည့်ပဲပေတေပြီး ဆက်အိပ်နေလိုက်တယ်... အရေးကြီးရင်ထပ်ခေါက်လိမ့်မယ်ပေါ့.... သူကတော့ ထပ်မခေါက်ပါဘူး... မိုးလင်းတော့မှ ညီအစ်တွေ ပြောပြီးကြောက်ရမလို မကြောက်ရမလို... မွှေးကမေးတယ်... ငါ့အခန်းတံခါးဘယ်သူခေါက်လဲလို့... အဲဒီတော့မှ လာမခြောက်နဲ့နော် မမ မနေ့ညက ညီမလေးဖုန်းကို သေသေချာချာ အလန်းပေးထားတာ ဘယ်သူပိတ်သွားလဲမသိ ဘူး...အဲယားကွန်းလဲ ရီမုဒ် ကအဝေးကြီးမှာထားတာ တစ်ဖြည်းဖြည်းအရမ်းအေးလာလို့ ဘယ်သူဖွင့်သွားမှန်းမသိဘူးတဲ့... ဟဲ့ ဘယ်အချိန်လောက်ကလဲဆိုတော့... သုံးနာရီကျော်လောက်ကတဲ့.... ကဲ... မွှေးဖွှင့်မပေးလို့ သူတို့အခန်းသွားဆော့တာနေမှာပေါ့.....အဲဒီလိုပဲဖြစ်ပြီး ဟိုနားကရိပ်ကနဲဒီနားကရိပ်ကနဲ လန့်နေတာ... အဓိဌာန်ကိုးရက်ပြီးတော့ ဒီလောက်ရွတ်ဖတ်နေတာတောင် ဒီလိုဖြစ်တယ် ဆိုပြီး စိတ်ပေါက်ပေါက်နဲ့ မရွတ်ပဲထားတော့မှပဲ အေးတော့တယ်... ဆရာတော်တစ်ပါးကိုလျှောက်ကြည့်တဲ့အခါ... မွှေးက ရေနဲ့ဖျန်းတော့ ထွက်ပေါက်ကိုပိတ်ပြီးဖျန်းသလိုဖြစ်လို့ အိမ်ထဲကထွက်မရဖြစ်ပြီး ခြောက်နေတာဆိုပဲ... နောက်ဆို... အမျှဝေပြီး .. ပရိတ်ရေဖျန်းချင်ရင် ထွက်ပေါက်ပေးထားပြီး နောက်ဆုံးမှ ထွက်ပေါက်ကို ပရိတ်ရေဖျန်းရတယ်လို့ပြောပါတယ်.... အဲဒါသာကြည့်ရှင်မွှေးကြူတို့... သရဲကိုတောင်ဒုက္ခပေးတာ....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Anonymous said...

ဒီပို့ စ်ဖတ်နေတုန်း စာဆက်ဖတ်ဖို့  mouse ကို အောက်ဖက် ရေ့  တာ မရွေ့ ဘဲ ဘာမှလဲ လုပ်မရ။ ကွန်ပျူတာ တခုလုံး ဘာခလုတ်မှ နှိပ်မရ ဖြစ်နေတယ်။ ညီမ စာထဲမှာ ပဌာန်းရွတ်တယ် ဆိုတာ တွေ့ မိတော့ သံဗုဒေ ရွတ်တာနဲ့  ချက်ချင်း ကွန်ပျူတာက လှုပ်ရှားလာရေ.. ဖတ်သူတွေ တောင် လှန့် နေပြီ