Showing posts with label ပန်းဥယျာဉ်. Show all posts
Showing posts with label ပန်းဥယျာဉ်. Show all posts

ပန်းအလှဆင်ခြင်းအနုပညာ(၂)

ဒီပန်းစည်းလေးကတော့......နှင်းဆီပန်းအနီရောင်ဆယ်ပွင့် နဲ့ ကြယ်ပန်းလေး တွေနဲ့ပြုလုပ်ထားတာပါ... နှင်းဆီပန်း (၁၀) ပွင့်ကတော့ ...... You are perfect ပါတဲ့ နှင်းဆီပန်းအနီရောင်ကတော့....... ချစ်တယ်လို့ပြောချင်တဲ့အခါမှာပေးတာပါတဲ့.... ရည်းစားစကားပြောချင်တဲ့လူတွေယူသွားနော် :) ဒါကတော့ စကားပြောစင်မြင့်ရှေ့မှာ ချိတ်တဲ့ပန်းလေးပါ.... အိမ်မှာစင်မြင့်မရှိလို့ ကွန်ပျူတာမှာပဲချိတ်လိုက်တယ်... ပန်းဘောလုံးလေးကတော့ မင်္ဂလာအခမ်းအနားတွေမှာ သတို့သား သတို့သမီး ရှေ့ကလျှောက်တဲ့ကလေးငယ်လေးတွေကိုင်ဖို့အတွက်ပါ... မွှေးကြူလုပ်လို့ဘောလုံးဖြစ်တာနော် ... တစ်ခြားသူငယ်ချင်းတွေဆို ပိန္နဲသီးတွေ ဒူးရင်းသီးတွေဖြစ်ကုန်တာ ... အဟိ (ကြွားတာ) ကားအလှဆင်ဖို့သင်နေတာပါ.... ကားပေါ်မှာမှတ်စုစာအုပ်တောင်ပါသေး....... ကားစက်ဖုံးပေါ်မှာဆင်ရတော့ အကြမ်းခံတဲ့ သစ်ခွ ၊ ပိန်းပန်း၊ ရှဥ့်မတက် စတာတွေသုံးရပါတယ်.... သတို့သမီးလက်ကိုင်ပန်းလေးကတော့ ဒူးဇစ်အင်းယားမှာမင်္ဂလာဆောင်သွားတဲ့သတို့သမီးလေးတစ်ယောက် ရဲ့အရံ သတို့သမီးလေးကိုင်ခဲ့တာပါ..... ဒါကအောင်စံပယ်ပန်းကုံးလေးပါ.... ဖြူဖြူဖွေးဖွေ... မွှေးမွှေးကြူကြူလေးပေါ့...... ဒီလက်ကိုင်ပန်းအရှည်လေးကိုတော့ သတို့သမီးလေးကိုယ်တိုင်ကိုင်ခဲ့တာပါ... ပထမဆုံးလုပ်ပေးခဲ့ရတဲ့ပန်းလေးဆိုတော့ .... သတို့သမီး ငြိမ်ငြိမ်မနေတိုင်း မင်္ဂလာပွဲတစ်လျှောက်လုံး ရင်တစ်ထိတ်ထိတ်နဲ့ပေါ့..... ပန်းတွေပြုတ်ကျမှာစိုးလို့လေ...... ဒါကတော့ ရင်ကပ်ပန်းလေးပါ..... သစ်ခွပန်း နဲ့ နှင်းဆီပန်းကိုအသုံးပြုထားပါတယ်....... ဒီပန်း မုဒ်ဦးလေးကတော့ Chatrium Hotel ရဲ့ Grand Ball Room မှာအလှဆင်ပေးထားတာပါ...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မော်ဒယ်နှင့်လက်ကိုင်ပန်း

တစ်နေ့ရှင်မွှေးကြူကို ဗိုလ်ချုပ်ဈေးကအစ်မတစ်ယောက် ဖုန်းဆက်လာပါတယ်..... Designer ကိုကောင်းမြတ်က မော်ဒယ်တွေနဲ့ သတို့သမီး show လုပ်ချင်လို့ ပန်း စပွန်စာ ပေးမလားမေးလို့ လုပ်ပေးဖြစ်ခဲ့တဲ့ ပန်းပုံလေးတွေပါ.... မော်ဒယ်ချောရတနာပါ....သူ့ဝတ်စုံနဲ့လိုက်ဖက်မဲ့ လီလီပန်း နီညိုနဲ့ ဒေလီယာမိတ်ကပ်ရောင်လေးတွဲစပ်ပြီးအလှဆင်ပေးထားတာပါ..... ဒီမော်ဒယ် လေးရဲ့ဝတ်စုံက အစိမ်းပေါ်မှာ ခရမ်းလေးတွေပါတဲ့အတွက် ခရမ်းရောင်နဲ့အစိမ်းရောင်သစ်ခွလေးတွေကိုပြုလုပ်ပေးထားပါတယ်.......ှဂန္တ၀င်ကိုတော့ ခရမ်းနုရောင်လေးနဲ့အလှဆင်မှာပါတဲ့ .....ဒါ့ကြောင့် နှင်းဆီအဖြူဖွေးဖွေးလေးတွေကြားမှာ ခရမ်းလေးပေါ်လွင်အောင် ခရမ်းရင့်ရောင်ပန်းခြောက်လေးတွေနဲ့ ဖန်တီးပေးထားပါတယ်..... လှအဉ္ဇလီတင့်ကတော့ အဖြူဆန်တဲ့ ပန်းရောင်နုနုလေးကိုဝတ်ဆင်ထားတာပါ ..... သူ့အတွက်ကတော့ လီလီပန်းအဖြူနဲ့ လီလီပန်း ပန်းနုရောင်ကိုတွဲစပ်ပေးထားပါတယ်...ကျောက်ခက်စိမ်းစိမ်းလေးတွေကိုကြားမှာထည့်ပြီးတော့ပါ..... သူလေးရဲ့ဝတ်စုံကတော့အစိမ်းနဲ့အ၀ါရောထားတဲ့အရောင်စပ်ကလေးပါ.... နှင်းဆီပန်းဝါ၀ါလေးတွေကိုကျောက်ခက်စိမ်းစိမ်းလေးတွေများများရောပေးထားတော့ စိမ်းစိမ်းဝါ၀ါလေးပေါ့နော်.... မဟာဆန်ဆန်ပြင်ဆင်ထားတဲ့ဆုပန်ထွာကတော့ အနီရောင်နဲ့ရွှေရောင်ကိုရောစပ်တဲ့ဝတ်စုံလေးနဲ့ပါ.... သူ့ဝတ်စုံလေးနဲ့လိုက်ဖက်စေချင်တဲ့အတွက် နှင်းဆီအနီရဲရဲ ကို အ၀ါရောင်နှင်းဆီ ..ဒန်းစီးလေဒီသစ်ခွ ရွှေဝါရောင်လေးတွေနဲ့ ဖန်တီးပေးထားပါတယ်.... ရွှေရောင်ကိုပိုပေါ်လွင်စေချင်တဲ့အတွက် ရွှေရောင်ဘောလုံးသေးသေးလေးတွေနဲ့အလှဆင်ထားတာပါ ဇူဇူးမောင်ကတော့ ပန်းခရမ်းနုရောင်ဝတ်စုံလေးနဲ့ပါ..... သူ့အတွက်ကိုတော့ နှင်းဆီပန်းအဖြူ လေးရယ် သစ်ခွပန်း ခရမ်းလေးရယ်နဲ့ အလှဆင်ပေးထားပါတယ်..... ပန်းရောင်နဲ့ခရမ်းရောင်စပ်ထားတဲ့စပလိန်လေးတွေ ကြားမှာထည့်ထားတဲ့အတွက်ဖန်စီဆန်ဆန်လေးပေါ့နော်.... လက်ကိုင်ပန်းနဲ့ရင်ကပ်ပန်းအားလုံးကို လိုက်ဖက်အောင်ဖန်တီးပေးထားပါတယ်...... ၀တ်စုံအားလုံးကို Designer ကိုကောင်းမြတ်ကဖန်တီးပေးထားပါတယ်.... လက်ဝတ်ရတနာ ဆင်မြန်းပေးတာကတော့ ကြယ်သဇင်ကပါ.... ပန်း Designer ကတော့ ရှင်မွှေးကြူပေါ့....... ကြော်ငြာသလိုတော့ဖြစ်သွားပါသည်...သို့သော် ကြွားချင်လို့ဖြစ်ပါသည်.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပန်းအလှဆင်ခြင်းအနုပညာ

အခုတစ်လောမွှေးကြူမအားလို့ကိုယ့်အိမ်လေးကိုလာမကြည့်ဖြစ်တာနဲနဲကြာသွားပါတယ်... ပန်းအလှပြင်တဲ့သင်တန်းသွားတက်နေတာလေ.... ဒီမှာကြည့်ပါအုန်း....ပထမဆုံးသင်လိုက်တဲ့ Ikebana ပန်းအိုးလေးပေါ့.... Ikebana မှာပန်းထိုးနည်းက ၄ မျိုးရှိပါတယ်...ဒီပုံလေးကတစ်မျိုးပေါ့.. နှင်းဆီပန်းအိုးလေးကတော့ ဒုတိယမြောက်လက်ရာပါ.... မမနိုင်းကိုသွားပေးလိုက်ပါတယ်.... တတိယမြောက်နေ့မှာတော့ တြိဂံပုံစံလေးသင်ရပါတယ်.... နောက်နေ့မှာတော့ လက်ဆောင်ပေးဖို့ ပန်းခြင်းလေးလုပ်ရပါတယ် ပန်းခြင်းလေးက ဘုရားစင်ပေါ်တင်ဖို့အဆင်မပြေတာနဲ့ ပန်းတွေကိုအသာလေးမပြီး ဗန်းထဲထည့်..ဘုရားစင်ပေါ်တင်ရပါတယ်ရှင်.... ငါးရက်မြောက်နေ့မှာတော့ အခြေခံ ပန်းအလှသင်တန်းက horizontal ပုံလေး နဲ့ အောင်မြင်စွာပြီးဆုံးသွားပါတယ်..... ပန်းတွေကို အလကားအဖြစ်မခံချင်တာနဲ့မေမေတို့ရုံးမှာဆုပေးပွဲရှိတာ ပန်းအလှသွားပြင်ပေး လိုက်တယ်လေ... နောက်နေ့မှာအဆင့်မြင့်သင်တန်းက ပန်းတွေ ...ရှင်မွှေးကြူရဲ့လက်ရာလေးတွေ ရေးပါအုန်းမယ်ရှင်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှင်းဆီ (၂)

ဥယျာဉ်ထဲမှနှင်းဆီများ နှင်းဆီဥယျာဉ်တွေထဲမှာရှေးမူလမျိုးရိုးဖြစ်တဲ့ Gallica နှင်းဆီ ဂရိနဲ့ ရောမ မှာ ရှင်သန်လေ့ရှိပါတယ်....... အရှေ့အလယ်ပိုင်း ကသယ်ဆောင်လာတဲ့ Damasks နှင်းဆီ နဲ့ အလယ်ပိုင်းနှစ်တွေလောက်က ပြင်သစ်ပြည်တောင်ပိုင်းက Albas နှင်းဆီ တို့ပဲဖြစ်ပါတယ်.... Musk နှင်းဆီ တွေကတော့ ဥရောပမှစတင်ပေါက်ဖွားလာတာဖြစ်ပြီး အဲလိစဘက် ၁ (၁၅၃၃-၁၆၀၃) လက်ထက်လောက်က အာရှတိုက်အနောက်ပိုင်းကိုရောက်ရှိလာခဲ့ပါတယ်.....Centifolias နှင်းဆီ တွေကတော့ ၀ိုင်းတဲ့ပုံသဏ္ဍာန်ရှိပြီးဒက်(ရှ်) ပန်းချီဆရာတွေဆွဲလေ့ရှိတဲ့ ပန်းချီကားတွေမှာ ဖော်ပြတတ်ကြပါတယ်...၁၈ ရာစုနှစ်လောက်ရောက်တဲ့အခါ မူလနှင်းဆီမျိုးရိုးတွေဟာ တရုတ်နိုင်ငံမှ မျိုးစိပ်အသစ်တွေအဖြစ်ဖန်တီးပြီးပြန်လာကြပါတယ်.... china နှင်းဆီ Bourbons နှင်းဆီ စတဲ့မျိုးစိပ်အသစ်တွေအနေနဲ့ ပြန်လည်ရောက်ရှိလာကြပါတယ်......ဒီဖြစ်စဉ်ဟာ ရာစုနှစ်များတစ်လျှောက်ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး အခုခေတ်အခါမှာ အင်္ဂလိပ်နှင်းဆီဆိုပြီး ဖြစ်လာပါတယ်.. မူလမျိုးစိပ်ရော မျိုးစိပ်အသစ်ပါ နှစ်မျိုးလုံးလှပစွာနဲ့ ဖွံ့ဖြိုးလာခဲ့ပါတယ်...... Image search by google image Original : beautiful ideas for home and celebration (Antonia Swinson)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှင်းဆီ (၁)

နှင်းဆီပန်းလေးတွေကတော့ ပန်းလောကမှာဆိုရင်ဘုရင်မတွေပါပဲ.....ဒီဆန်းပြားလှပတဲ့ ချစ်စရာအပင်လေးတွေကိုရှေးနှစ်ပေါင်းများစွာကတည်းကစိုက်ပျိုးခဲ့ကြပါတယ်... ရာစုနှစ်ပေါင်းများစွာ ကတည်းက လူ့အဖွဲ့အစည်းထဲကခံစားမှုတွေကို နှင်းဆီပန်းနဲ့ဖော်ပြလေ့ရှိပါတယ်...နှင်းဆီပန်းကို အနုပညာလုပ်ငန်း ၊ စာပေကဏ္ဍ၊ ဂုဏ်ပြုချီးမွမ်းမှုတွေ၊ ပျော်ရွင်မှု ကိုဖော်ပြတဲ့နေရာ၊ ဆေးပါးကုသမှု စသည်ဖြင့် များပြားလှတဲ့ သင်္ကေတတွေအနေနဲ့ အသုံးပြုခဲ့ကြပါတယ်.... နှင်းဆီပန်းကိုပိုပြီးထင်ရှားစေတဲ့အကြောင်းတွေကတော့ ကြည့်လိုက်တိုင်း ကြည်နူးနှစ်သက်စရာကောင်းလှတဲ့ စုံလင်တဲ့သူ့ရဲ့အရောင် ၊ ဆန်းပြားလှပတဲ့ ပုံသဏ္ဍာန်များ၊ တမူထူးခြားပြီးသင်းပျံ့လှတဲ့သူ့ရဲ့ရနံ့ တွေကြောင့်ပဲဖြစ်ပါတယ်.....နှင်းဆီပန်းလေးတွေဟာ အသက်ရှုမှားလောက်အောင် စိတ်ကိုညှို့ယူဖမ်းစားနိုင်တဲ့လှပမှုနဲ့ သင်းရနံ့ကိုပိုင်ဆိုင်ကြပါတယ်.... ကမ္ဘာမြေကြီးပေါ်က လှို့ဝှက်နက်နဲတဲ့ အချစ်ကိုလဲ နှင်းဆီပန်းတွေကလွှမ်းမိုးထားတာသေချာပါတယ်....ဒီလိုသင်းရနံ့တွေလှပမှုတွေ ကိုပိုင်ဆိုင်ထားတဲ့ ပန်းပင်လေးဟာ ဆန်းပြားလှပသလောက် ကျန်းမာသန်စွမ်းလှတာကြောင့် ကိုယ့်ရဲ့သေးငယ်လှတဲ့ ကိုယ်ပိုင်နေရာသေးသေးလေးမှာတောင်မှ ကြည်နူးစရာ နှင်းဆီကမ္ဘာ (rose paradise) လေးကိုဖန်တီးထားနိုင်ပါတယ်..... Image search by google image

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS