Showing posts with label မြန်မာ ဒဏ္ဍာရီ. Show all posts
Showing posts with label မြန်မာ ဒဏ္ဍာရီ. Show all posts

တစ်ကိုင်း နှစ်ကိုင်း သုံးလေးကိုင်း

ရှေးရှေးတုန်းကပေါ့........ ရွာတစ်ရွာမှာ ဘုန်းတော်ကြီးတစ်ပါးရှိသတဲ့.......... တစ်နေ့မှာ ... ရွာထဲက ဒကာမ တစ်ယောက်က ဆွမ်းလာကပ်ပါရော.... ဘုန်းတော်ကြီးလဲဆွမ်းဟင်း ဘုန်းပေးရတာ အရမ်းကောင်းတာနဲ့.... "ဒကာမကြီး.... ဒီဆွမ်းဟင်းက ဘာဟင်းတုန်း... ဘုန်းပေးလို့ကောင်းသဗျ" ... လို့မိန့်သတဲ့.... ဒကာမကြီးကလဲ... "ဖွတ်သားဟင်းပါဘုရာ့" လို့ပြန်လျှောက်သတဲ့.... ဘုန်းတော်ကြီဒလဲဖွတ်သားဟင်းကိုသိပ်ကြိုက်သွားတာပေါ့.... ဒီလိုနဲ့တစ်နေ့မှာ ဘုန်းတော်ကြီး ဟာကျောင်းဝင်းထဲမှာ စကြံ င်္လျှောက်နေရင်းသစ်ပင်ပေါ်ကိုမော့ကြည့်လိုက်တော့ သစ်ကိုပေါ်မှာဖွတ်ကြီးတစ်ကောင်တွေ့ပါရော..... "ဟဲ့ သူတော် သူတော်" လို့ ခေါ်ပြီးမှ ပြန်စဉ်းစားမိတယ်...“အင်း ငါက ဘုန်းတော်ကြီးဖြစ်နေတော့ဖွတ်ကြီးကိုသတ်ပြီးချက်ခိုင်းရင်မသင့်တော်ဘူး” ဒါနဲ့ပဲ အနားရောက်လာတဲ့ ဦးသူတော်ကို "ဟဲ့သူတော် ဒီမည်ကျည်းပင်မှာ ကိုင်းဘယ်နှစ်ကိုင်းရှိလဲ ရေကြည့်စမ်း" ဆိုပြီးခိုင်းသတဲ့... ဦးသူတော်ကလဲ.... “ တစ်ကိုင်း..... နှစ်ကိုင်း.... သုံးကိုင်း.... . . . . ...... ပါဘုရာ့" " မဟုတ်သေးပါဘူးသူတော်ရယ် ပြန်ရေစမ်းပါအုန်း" "တစ်ကိုင်း..... နှစ်ကိုင်း...... သုံးကိုင်း...... . . . . .......ပါဘုရာ့ ...” “နင့်ဟာက မသေချာပါဘူးသူတော်ရယ် နောက်တစ်ခေါက်ထပ်ရေအုန်း” ဘုန်းတော်ကြီး ကဒီလိုခဏ ခဏ ရေခိုင်းတာ အကြောင်းရှိရမယ်ဆိုပြီး ဦးသူတော်က သစ်ပင်ပေါ်သေချာကြည့်တော့မှ ဖွတ်ကြီးကိုသွားတွေ့တော့တာပေါ့... အဲဒါနဲ့ ဦးသူတော်လဲ “ တစ်ကိုင်း..... နှစ်ကိုင်း.... သုံးကိုင်း.... . . . . ဖွတ်ကိုင်း....ပါဘုရာ့” လို့လျှောက်တင်လိုက်တဲ့အခါ.... ဘုန်းတော်ကြီးက “ဟဲ့...သူတော် အဲဒီဖွတ်ကြီးကိုဖမ်းလား ဆီးလား မလုပ်နဲ့ နော်...” ဆိုပြီးကျောင်းပေါ်ပြန်ကြွသွားသတဲ့... ဦးသူတော်လဲ ဖွတ်ကြီးကိုဖမ်းလိုက်ပြီးဆရာတော်ကို သွားပြသတဲ့.... “မိုက်လိုက်တဲ့သူတော်ရယ်.... နင်အဲဒီ ဖွတ်ကြီးကို သတ်လားဖြတ်လား မလုပ်နဲ့နော်..” လို့ပြောပြန်သတဲ့... ဦးသူတော်လဲ ဖွတ်ကြီးကိုသတ်ပြီး တစ်ခါ သွားပြပြန်သတဲ့... ဆရာတော်ကလဲ... “နင့်ကိုမသတ်ပါနဲ့လို့ ပြောသားနဲ့ သူတော်ရယ်... ကဲ..ကဲ... ဖွတ်ကြီးကိုချက်လား ပြုတ်လား မပြုနဲ့နော်...” လို့ပြောပြန်တာပေါ့.... ဦးသူတော်လဲ ဖွတ်ကြီးကို ကျကျနန ရေဆေး ချက်ပြုတ်ပြီး အကုန်စားလိုက်တော့တာပေါ့... ဆရာတော် ကိုတော့ ပဲပြုတ်နဲ့ပဲ ဆွမ်းကပ်သတဲ့... ဦးသူတော် အကြောင်းကို သိတဲ့ဆရာတော်လဲ.. ဘာမှမပြောတော့ပဲ ... ပဲပြုတ်နဲ့သာ ဘုန်းပေးနေတော့သတဲ့......... ဖတ်မိတဲ့ပုံပြင်တစ်ပုဒ်ကို မှတ်မိသလောက်ပြန်ပြောပြတာပါ... တော်တော်များများသိကြမဲ့ပုံပြင်လေးထင်ပါတယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြိုများရဲ့ဒဏ္ဍာရီ

မောင်ပေါက်ကျိုင်းဘုရင်ဖြစ်ပြီးးးးးးးးးးမကြာခင်မှာပဲ မိဘုရားကြီးမှာ ပဋိသဋေတည်ပါတယ်.....အချိန်စေ့လို့ဖွားမြင်တော်မူတဲ့အခါကျတော့ မင်းသားလေးနှစ်ပါး အမွှာဖွားမြင်လာပါတယ် ဒါပေမဲ့ မိဘုရားကြီးက နဂါးကြီးရဲ့ချစ်သူ ဆိုတော့ နဂါးငွေ့တွေကြောင့် မင်းသားလေးနှစ်ပါးဟာ မျက်စိနှစ်ကွင်းအလင်းမရကြပါဘူး......မင်းသားအကြီးလေးကိုတော့ မဟာ သမ္ဘ၀ မင်းသားအငယ်ကိုတော့ စူဠသမ္ဘ၀ လို့အမည်ပေးခဲ့ပါတယ်.....ဒီလိုမင်းသားနှစ်ပါးမျက်စိနှစ်ကွင်းအလင်းမရတာ ကိုဘုရင်မောင်ပေါက်ကျိုင်း သိတဲ့အခါ ဒီလိုမျက်စိမမြင်တဲ့မင်းသားတွေကို နန်းတော်ထဲမှာမထားနိုင်ဘူး အဲဒါကြောင့်သတ်စေလို့ အမိန့်ပေး လိုက်တာပေါ့.......မိဘုရားကြီးလဲသူ့သားတွေကိုမသတ်ရက်တာနဲ့ သတ်တော့ မသတ်ပါရစေနဲ့ ဖောင်ပေါ်တင်ပြီး ရေမှာမျှောပါရစေ လို့တောင်းပန်ပြီး မသိုးထမင်း မသိုးဟင်းတွေထည့်ပေးပြီး ဖောင်ပေါ်တင်ပြီးမျှောလိုက်ပါတော့တယ်.......မင်းသားနှစ်ပါးလဲ ဖောင်နဲ့မျောလာရင်းက တစ်နေရာရောက်တော့ စစ်ပင်ကြီးတစ်ပင်က ကိုင်းကျနေပြီး ဖောင်ကိုငြိနေပါတယ်...အဲဒီနားမှာရှိတဲ့ စန္နမုခိ ဘီလူးမလဲ မင်းသားနှစ်ပါးရဲ့စားတော်အုပ်ကိုတွေ့တဲ့အခါ ဖောင်ပေါ်ကိုတက်လာပါတယ်....အဲဒီစစ်ပင်ကြီးကိုင်းလို့ ဖောင်ငြိနေတဲ့နေရာကို စစ်ကိုင်းမြို့လို့ ခေါ်ကြပါတယ်....ဒီလိုနဲ့ဆက်ပြီးမျောလာရင်း ဘီလူးမကလဲ မင်းသားနှစ်ပါး စားတော်အုပ်ဖွင့်စားတိုင်းသူပါလိုက်နှိုက်စားခဲ့တာပေါ့......မင်းသားနှစ်ပါးလဲ သူတို့စားတော်အုပ်က ခါတိုင်းထက် ပိုကုန်နေတာကိုသတိထားမိလာတာပေါ့ အဲဒါနဲ့ နောက်တစ်ခါစားတော့ စားတော်အုပ်ထဲမှာတွေ့တဲ့လက်ကို ဖမ်းကိုင်ထားရင်း ဒါဘယ်သူ့လက်လဲဆိုပြီးမေးတဲ့အခါ မင်းသားနှစ်ပါးလုံးရဲ့လက်မဟုတ်တဲ့အတွက် ဘီလူးမလဲ “ကျွန်ုပ်က စန္ဒမုခိ ဘီလူးမပါ...သင်တို့ရဲ့စားတော်အုပ်က မသိုးထမင်း မသိုးဟင်းတွေကိုစားချင်လို့ စစ်ပင်ကြီးကိုင်းပြီး ဖောင်ငြိတဲ့နေရာက တတ်လာတာပါ” လို့ပြောတော့ မင်းသားနှစ်ပါးလဲ ငါတို့ရဲ့ စားတော်အုပ်ကို ခိုးစားတဲ့ဘီလူးမ သန်လျှက်နဲ့ခုတ်သတ်မယ် ဆိုပြီး သန်လျှက်နဲ့မိုးတဲ့အခါ ဘီလူးမ က သူ့အသက်ကိုချမ်းသာပေးရင် မင်းသားနှစ်ပါးရဲ့မျက်စိနှစ်ကွင်း အလင်းရအောင် ဆေးကုပေးပါမယ် ဆိုတော့ မင်းသားနှစ်ပါးလဲ ဘီလူးမရဲ့အသက်ကိုချမ်းသာပေးပြီး ဆေးကုခိုင်းတာပေါ့ ဒီလိုနဲ့ဖောင်ကလေးနဲ့ မျောလာရင်း ဆေး စကုတဲ့ နေရာကို စကု မြို့လို့ခေါ်ကြပါတယ်......ဘီလူးမလဲဆေးကုပေးလိုက်တာ မင်းသားနှစ်ပါး မျက်စိနှစ်ကွင်း စပြီးလင်းလာပါတော့တယ်.....အဲဒီလိုစပြီးလင်းတဲ့နေရာကို စလင်းမြို့လို့ခေါ်ကြပါတယ်.....မင်းသားနှစ်ပါးလဲ ဖောင်နဲ့မျောလားရင်းဟိုဟိုဒီဒီကြည့်ကြတာပေါ့....အဲဒီလိုကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ ဘီလူးမကို မိုးကောင်းကင်ကို လက်ညှိုးထိုးပြပြီး အဲဒါဘာလဲလို့မေးတဲ့အခါ စန္ဒမုခိ လဲ အဲဒါမိုးကောင်းကင်လို့ခေါ်ပါတယ် အရှင့်သား လို့ပြန်ဖြေပါတယ်....နောက်တစ်ခါ မြေကြီးကိုပြပြီးမေးတဲ့အခါ ဘီလူးမလဲ အဲဒါကတော့ မြေကြီးပါအရှင့်သားလို့ဖြေပြန်တာပေါ့ ....မင်းသားတွေကအခုမှမျက်စိနှစ်ကွင်းအလင်းရလာတာဆိုတော့ “သြော် မိုးကအဖုံး မြေကအထဲ ပါလား” လို့ မှတ်ချက်ချလိုက်သတဲ့....မင်းသားနှစ်ပါးအဲဒီလိုပြောတဲ့နေရာကိုမြေထဲမြို့လို့ ခေါ်ကြပါတယ်....မြေထဲမြို့ကနေပြီးဖောင်နဲ့ဆက်မျောလာတဲ့အခါ ပြည်မြို့ရှိတဲ့နေရာကိုရောက်လာပြီးဖောင်က ကမ်းကိုကပ်သွားတာပေါ့.....ကမ်းပေါ်လဲရောက်ရော စန္ဒမုခိဘီလူးမလဲ မင်းသားညီနောင်နဲ့လမ်းခွဲပြီး ထွက်သွားပါတော့တယ်....မင်းသားနှစ်ပါးလဲ ဆက်လျှောက်လာရင်းနဲ့ မြစ်ကမ်းဘေးမှာ ဘူးသီးခြောက်တစ်လုံးနဲ့ ရေခပ်နေတဲ့ လုံမပျိုလေးတစ်ယောက်ကိုတွေ့တော့ စုံစမ်းတဲ့အခါ ရသေ့ကြီးတစ်ပါးရဲ့ကျောင်းသင်္ခန်းမှာနေကြောင်းသိတာနဲ့ သူတို့ကိုခေါ်သွားဖို့ပြောတဲ့အခါ ဖခင်ရသေ့ကြီးခပ်ခိုင်းထားတဲ့ရေဘူးမပြည့်သေးလို့ ပြန်လို့မဖြစ်သေးကြောင်းပြောသတဲ့....... ရေဘူးကိုကြည့်လိုက်တော့ အပ်ပေါက်ရာလောက်ပဲရှိတဲ့ရေဘူးပေါက်ကိုတွေ့တော့ သန်လျှက်နဲ့ချဲ့ပေးပြီး ရေခပ်ခိုင်းလိုက်တယ်လေ...ရေဘူးလဲရေပြည့်ရော ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကိုသွားကြတာပေါ့....ဒီဗေဒါရီလေးက ရသေ့ကြီးတစ်ယောက်ရဲ့သမီးပါ....အဲဒီနားကတောထဲမှာ ရသေ့ကြီးတစ်ပါး ရဲ့ကျောင်းသင်္ခမ်းရှိပါတယ်....အရှင်ရသေ့ဟာ တောထဲမှာ ကျင်ငယ်စွန့်မိတာကို သမင်မတစ်ကောင်က သောက်မိပြီး ပဋိသဋေတည်ပါတယ်....အချိန်စေ့တဲ့အခါကျတော့ လူမိန်းကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်... ရှင်ရသေ့ကြီးလဲ ကလေးငယ်ရဲ့ငိုသံကြားတဲ့အခါ သွားကြည့်ပြီး မိဘတွေမတွေ့တာနဲ့ ကောက်ယူပြီးမွေးခဲ့ပါတယ်...ရသေ့ကြီးလဲ ကလေးငယ်ကိုကြည့်ရင်း “အင်းးးးးးသမင်မတစ်ကောင်က ငါစွန့်တဲ့ကျင်ငယ်ရေသောက်ပြီးမွေးတဲ့ကလေးပဲဖြစ်မယ်....အဓိဌာန်ကြည့်မှပဲဆိုပြီး ...ဒီကလေးငယ်ဟာ ငါ့ကလေးမှန်တယ်ဆိုရင် .....ကလေးငယ်အတွက်ငါ့လက်ညှိုးကနို့ချိုရည်ထွက်ပါစေသား” ဆိုပြီးအဓိဌာန်လိုက်တာ အဓိဌာန်ပြည့်တဲ့အတွက် ဘရသေ့ရဲ့လက်ကထွက်တဲ့ နို့ချိုရည်နဲ့ကြီးပြင်းလာခဲ့ပါတယ်.....ကလေးငယ်ကြီးပြင်းလာတဲ့အခါ ရသေ့နဲ့ မာတုကာမ တောထဲမှာအတူနေတာ မသင့်တော်ဘူးဆိုပြီး ဘူးသီးခြောက်ကိုအပေါက်သေးသေးလေးဖောက်ပြီးရေခပ်ခိုင်းထားပါတယ်.......ကျောင်းသင်္ခန်းကိုပြန်ရောက်တဲ့အခါ ဗေဒါရီကိုအစောကြီးပြန်လာတာတွေ့တော့ ရသေ့ကြီးက “ဟဲ့ မဗေဒါ နင့်ရေဘူးအပေါက်ဘယ်သူချဲ့ပေးလိုက်လို့ အစောကြီး ပြန်လာတာတုန်း” လို့မေးတဲ့အခါ မင်းသားနှစ်ပါးချဲ့ပေးကြောင်းပြောပြီး မင်းသားတွေကိုခေါ်လိုက်တာပေါ့.....ရသေ့ကြီးလဲ မင်းသားနှစ်ပါး ကိုခေါ်ပြီးမေးမြန်းတဲ့အခါကျတော့ သူတို့ရဲ့အဖြစ်အပျက်တွေကိုပြောပြကြတာပေါ့ .....အကြောင်းစုံကိုသိရတဲ့အခါ ရသေ့ကြီးက သူဟာသူတို့ရဲ့ ဦးရီးတော်ကြောင်းပြောပြတာပေါ့...“ငါက မင်းသားနှစ်ပါးရဲ့မယ်တော် ရဲ့အစ်ကိုတော်ဖြစ်တယ်.....ငါဟာ တောထဲမှာ သမင်လိုက်ရင်း တရားအားထုတ်နေတဲ့ ရသေ့ကြီးတစ်ပါးနဲ့တွေ့ပြီး တရားဟောတာနဲ့ အကျွတ်တရား ရပြီး...ရသေ့ဝတ်လိုက်တယ်...နောက်ပြီး ဒီတောထဲကကျောင်းသင်္ခန်းမှာ တစ်ပါးထဲလာပြီးတရားအားထုတ်နေတာ...” လို့ပြောပြခဲ့တယ်လေ......မင်းသားနှစ်ပါးကိုလည်းမင်းမျိုးမင်းနွယ်တွေဖြစ်တဲ့အတွက် အဲဒီအနီးအနားမှာပဲ တိုင်းပြည်တစ်ခု တည်ထောင်ပြီး မဟာသမ္ဘ၀နဲ့ ဗေဒါရီ ကိုလက်ဆက်ပေးပြီး ဘုရင်တင်မြှောက်လိုက်ပါတယ်...စူဠသမ္ဘ၀ကိုတော့ အိမ်ရှေ့အရာပေးလိုက်ပါတယ်.....သူတို့ရဲ့နိုင်ငံကိုလဲ သရေခေတ္တရာ လို့သမုတ်လိုက်ပါတယ်.......နောင်တော်မဟာ သမ္ဘ၀ နတ်ရွာစံတဲ့အခါကျတော့ ညီတော် စူဠသမ္ဘ၀ နန်းတက်ပါတယ်....မရီးတော် ဗေဒါရီကိုပဲ ဆက်ပြီးမိဘုရားမြှောက်ခဲ့ပါတယ်......ညီတော်နန်းတက်ပြီးမကြာခင်မှာပဲ မိဘုရားဟာ သားတော်တစ်ပါး ဖွားမြင်ပါတယ်....သားတော်လေးဟာ ဒွတ္တဘောင်မင်းဖြစ်လာခဲ့ပါတယ်.....ဒါကြောင့် နောင်တော်ညီနော် နှစ်ပါးရဲ့သားတော်ဖြစ်လို့ “အဖညီနောင် ဒွတ္တဘောင် ” ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပါတယ်ရှင်.......

  • ဒီဒဏ္ဍာရီလေးဟာ တစ်ကယ်တော့ မြို့များရဲ့ ရာဇ၀င်အမှန်မဟုတ်ပါဘူးရှင်... အိပ်ရာဝင်ပုံပြင်လို ပြောဖြစ်ခဲ့ကြတဲ့ ဒဏ္ဍာရီလေးပါ......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မောင်ပေါက်ကျိုင်းရာဇ၀င်

ဟိုးးးးးးးးးးးးးးရှေးရှေးတုန်းကပေါ့....... တက္ကသိုလ်ပြည်ကဒိသာပါမောက္ခဆရာကြီးရဲ့တပည့်တွေထဲမှာ တုံးအလွန်းပြီးဘာမှသင်လို့မတတ်တဲ့မောင်ပေါက်ကျိုင်းဆိုတဲ့ လုလင်တစ်ယောက်ရှိသတဲ့....ဒါနဲ့ပဲဆရာကြီးလဲ မောင်ပေါက်ကျိုင်းကိုခေါ်ပြီး “တပည့်ရေ မင်းကိုတော့ အများကြီးသင်ပေးရင်လဲ မင်းမှတ်မိမှာ မဟုတ်ဘူး အဲဒီတော့ မင်းကိုအသုံးအ၀င်ဆုံး စကားကြီး သုံးခွန်းသင်ပေးလိုက်မယ်” လို့ပြောတော့ မောင်ပေါက်ကျိုင်းလဲ ဆရာကြီးသင်ပေးတဲ့ စကားကြီးသုံးခွန်းကိုသေချာမှတ်ထားတာပေါ့....အဲဒီစကားသုံးခွန်းက “မေးပါများစကားရ” “သွားပါများခရီးရောက်” “မအိပ်မနေအသက်ရှည်” ဆိုတဲ့ စကားတွေပါပဲ.....ဒီလိုနဲ့ပဲ သုံးနှစ်သုံးမိုးသင်ပြီးလို့ကျောင်းဆင်းချိန်ရောက်လာတော့ အားလုံးနဲ့အတူ မောင်ပေါက်ကျိုင်းလဲ ဆရာကြီးကို ကန်တော့ပြီး ခရီးထွက်လာခဲ့တာပေါ့....မောင်ပေါက်ကျိုင်းလဲဆရာကြီးရဲ့စကားသုံးခွန်းကိုစဉ်းစားရင်း နဲ့ “အင်း သွားပါများ ခရီးရောက်ဆိုတဲ့စကားအရ ငါအိမ်ပြန်လို့မဖြစ်သေးဘူး..... ဆက်သွားအုန်းမှပဲ”ဆိုပြီးခရီးဆက်ထွက် လာခဲ့တာ တကောင်းပြည်ကြီးကိုရောက်လာပါတော့တယ်...... တကောင်းပြည်ကိုရောက်တဲ့ အခါ “အင်း ဆရာကြီးကတော့ မှာလိုက်တယ် မေးပါများစကားရ တဲ့ ဒီတိုင်းပြည်အကြောင်းကိုးမေးအုန်းမှပါလေ” ဆိုပြီး လိုက်မေးလိုက်တာ ထူးဆန်းတဲ့အကြောင်းတွေကြားရတော့တာပေါ့..... ဒီတိုင်းပြည်ကြီးမှာလောလောဆယ် ဘုရင်မရှိကြောင်း၊ မိဘုရားတစ်ပါးပဲရှိကြောင်း ၊ ဘုရင်လုပ်မဲ့သူရှိရင်လဲ တစ်နေ့သာဘုရင်ဖြစ်ပြီး မနက်မိုးလင်းတာနဲ့ နတ်ရွာစံသွားကြောင်း အဲဒါကြောင့် ဘုရင်လုပ်ရဲတဲ့သူမရှိကြောင်းတွေသူသိရတော့တာပါပဲ.....မောင်ပေါက်ကျိုင်းလဲ ဒီလိုဆိုရင်တော့ ငါဘုရင်လုပ်ကြည့်ရကောင်းမှာပဲဆိုပြီး ပြောကြည့်တော့ ဘုရင်တစ်ပါးအလိုရှိနေတဲ့တိုင်းသူပြည်သားတွေဟာ မောင်ပေါက်ကျိုင်းကိုနန်းတော်ကိုလိုက်ပို့လိုက်ကြပါတယ်.....နန်းတော်ထဲရောက်တဲ့အခါ မူးမတ်တွေက မောင်ပေါက်ကျိုင်းကို ဘုရင်တင်မြှောက်လိုက်ကြပါတယ်... ညရောက်တဲ့အခါကျတော့ မောင်ပေါက်ကျိုင်းကသူ့ဆရာကြီးမှာလိုက်တာကိုသတိရသွားပြီး “အင်းဆရာကြီးက မှာတယ် ....မအိပ်မနေအသက်ရှည်တဲ့.... ငါဒီညတော့အိပ်လို့မဖြစ်ဘူး....” ဆိုပြီး ငှက်ပျောတုံးကြီးကိုသလွန်ပေါ်တင် စောင်ခြုံပေးပြီးသူကတော့ ဓါးတစ်လက်ယူပြီးမအိပ်ပဲပုန်းနေတာပေါ့.....အဲဒီအချိန်မှာပဲ မိဘုရားကြီးရဲ့ချစ်သူ နဂါးကြီးရောက်လာပြီး နဂါးအသွင်ကိုယူပြီး မောင်ပေါက်ကျိုင်းအမှတ်နဲ့ ငှက်ပျောတုန်းကြီးကိုပေါက်လိုက်တာ သူ့ရဲ့အစွယ်ဟာ ငှက်ပျောတုန်းမှာစိုက်ပြီး နှုတ်လို့မရဘူးဖြစ်နေတာပါတော့တယ်....အဲဒီအချိန်မှာပဲ မောင်ပေါက်ကျိုင်းရောက်လာပြီး နဂါးကြီးကို ဓါးနဲ့ ပိုင်းလိုက်တာနဂါးကြီးသေသွားပါတော့တယ်....အဲဒါနဲ့မနက်မိုးလင်းတော့ မူမတ်တွေကသူတို့ရဲ့ဘုရင်မသေတာတွေ့တော့ အရမ်းဝမ်းသာကြတာပေါ့ ....ဒါပေမဲ့မိဘုရားကြီးကတော့ သူ့ချစ်သူနဂါးကြီးကိုသတ်လိုက်လို့ မောင်ပေါက်ကျိုင်းကိုမကျေနပ်ပါဘူး ....အဲဒါကြောင့် မောင်ပေါက်ကျိုင်းကို “သင်ဟာမင်းမျိုးမင်းနွယ်မဟုတ်တဲ့အတွက် ဒီအတိုင်းတော့ ကျွန်ုပ်ရဲ့ ကြင်ယာတော် မမြှောက်နိုင်ဘူး.....နဂါးကြီးကိုသင်နိုင်ခဲ့ပေမဲ့ ကျွန်ုပ်မေးတဲ့ မေးခွန်းသုံးခုကိုဖြေနိုင်မှ ကျွန်ုပ်ရဲ့ကြင်ယာတော်အဖြစ် သတ်မှတ်နိုင်မယ် ....ခုနှစ်ရက်အတွင်းသင်မဖြေနိုင်ရင်တော့ သင့်ကိုသတ်ရလိမ့်မယ်” ပြောတော့တာပေါ့.....မိဘုရားကြီးရဲ့မေးခွန်းသုံးခုကတော့ “ရာပေးလို့ဆုတ်” “ထောင်ပေးလို့ချုပ်” “ ချစ်တဲ့သူအရိုး ဆံထိုးလုပ်” ဆိုတဲ့မေးခွန်းတွေပါပဲ...... မောင်ပေါက်ကျိုင်းလဲစဉ်းစားနေရတော့တာပေါ့......အဲဒီအချိန်မှာပဲမောင်ပေါက်ကျိုင်းရဲ့မိဘနှစ်ပါးကလဲ ငါတို့သားလေးဘုရင်ဖြစ်ပြီ ငါတို့သွားတွေ့ရအောင်ဆိုပြီးတကောင်းပြည်ကိုလာကြတာပေါ့..... ခြောက်ရက်မြောက်နေ့မှာ တကောင်းပြည်ကိုရောက်လာပြီး နန်းတော်ထဲကိုမ၀င်ခင် ဗိုက်ဆာတာနဲ့သစ်ပင်ရိပ် အောက်ကိုဝင်ပြီး ပါလာတဲ့ထမင်းထုပ်ကိုဖြည်စားနေကြတုန်း ကျီးငှက်လေးတွေရောက်လာတော့ ထမင်းတွေကို ပက်ပြီးကျွေးကြတယ်တဲ့.....အဲဒီလာစားတဲ့ကျီးငှက်တွေထဲက ကျီးမတစ်ကောင်က သူ့ယောကျာင်္းကို “ကိုရွှေကျီးရယ် ကျွန်မမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့မို့ဒီထမင်းစိလေးတွေပဲစားရတာ မတင်းတိမ်ပါဘူးရှင်” လို့ ပြောတော့ ကျီးဖိုက “ရှင်မရယ် ဘာမှမပူပါနဲ့ မနက်ဖြန်ကျရင် ငါတို့ဘုရင်သားစားရမှာပါ” လိုပြောတော့ ကျီးမက “ဘာလို့လဲ ဘုရင်မောက်ပေါက်ကျိုင်းက နဂါးကြီးကို နိုင်ပြီမဟုတ်လား” လို့မေးတဲ့အခါ ကျီးဖိုက “ ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့ မိဘုရားရဲ့စကားထာကိုမဖြေနိုင်ရင် မနက်ဖြန်ကျရင်အသတ်ခံရမှာ” လို့ပြန်ပြောတာပေါ့ ကျီးမကလဲ “ကိုရွှေကျီးရယ် အဲဒီစကားထာက အဲဒီလောက်တောင်ခက်လို့လား ”မေးပြန်ပါတယ် ကျီးဖိုက “အဲဒီလောက်လဲမခက်ပါဘူး ရှင်မရယ် လူတွေကမသိလို့သာခက်နေတာပါ .....မိဘုရားက သူ့ချစ်သူနဂါးကြီး သေသွားတော့ အမှတ်တရအနေနဲ့ နဂါးကြီးရဲ့အရေခွံကိုတစ်ရာပေးပြီးဆုတ်ခိုင်းတယ်လေ...ပြီးတော့ အဲဒီအရေခွံ ကိုတစ်ထောင်ပေးပြီးသူ့အတွက်ဝတ်ရုံချုပ်ခိုင်းထားတယ်...ပြီးတော့ ကျန်တဲ့နဂါးကြီးရဲ့အရိုးတွေကိုတော့ ဆံထိုးလုပ်ပြီး ပန်ထားတယ်လေ အဲဒါကို စကားထာလုပ်ပြီးဝှက်တာပါကွာ” လို့ပြောပြီးပျံသွားကြပါလေရော...... သူတို့ပြောနေတဲ့စကားတွေကို မောင်ပေါက်ကျိုင်းရဲ့မိဘတွေကအကုန် ကြားတာပေါ့ ဒါနဲ့ပဲနန်းတော်ကိုပြေးပြီး သူတို့သားကိုပြောပြကြတာပေါ့....နောက်နေ့မနက်ရောက်တဲ့အခါ မိဘုရားက မောင်ပေါက်ကျိုင်းကိုဖြေခိုင်းတဲ့ အခါ မောင်ပေါက်ကျိုင်းကလဲ သူသိထားတဲ့အတိုင်းအဖြေမှန်ကို ဖြေနိုင်တာပေါ့.....အဲဒါနဲ့မိဘုရားလဲ အင်းငါလုပ်တာတွေအကုန်လုံး ကိုသူသိတာပဲ တစ်ကယ်ကိုဘုရင်ဖြစ်ထိုက်တဲ့သူပဲ ဆိုပြီး ကြည်ကြည်ဖြူဖြူနဲ့ပဲ ဘုရင်အဖြစ်တင်မြှောက်လိုက်ပါတယ်........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS