`ဒီလူတွေcomment ပေးတာရီရတယ်မမရေ၊ ဒီလောက်ကျွန်မကလို့ရေးနေတာကို၊ ယောကျာ်းလေးရေးတာမှတ်ပြီးပြောနေကြတယ်´ လို့ပြောလို့ ကြည့်မိရင်းနဲ့စဖတ်မိရာက မဖတ်ရ ရင်မနေနိုင်အောင် ဆွဲဆောင်ထားတာကတော့ `နိုင်းနိုင်းစနေ´ ဆိုတဲ့ မမနိုင်းရဲ့ဘလော့ပါ။ မမရဲ့ဘလော့လေးကိုဘာလို့ကြိုက်ရသလဲဆိုတော့ မမဘလော့မှာ ဗဟုသုတရစရာတွေ ပျော်စရာ၊ ၀မ်းနည်းစရာ၊ စိတ်အားတက်ကြွစရာ တွေအများကြီးတွေ့ရလို့ပါ။ မမရဲ့စာရေးနိုင်အားနဲ့ ပို့စ်တွေကိုအမြဲမပြတ်တင်နိုင်တဲ့မမရဲ့ဇွဲကိုလေးစားအားကျမိလို့ပါ။ မမရဲ့ဘလော့လေးကတော့ မွှေးပထမဆုံးဖတ်ဖြစ်တဲ့ ဘလော့လေးလဲဖြစ်ပါတယ်… နောက်တစ်ခုကတော့ ကိုညီလင်းဆက်ရဲ့ဘလော့ပါ.....ကိုညီလင်းဆက်ရဲ့ဘလော့ရေးနည်းကိုဖတ်ပြီးမွှေးကြူ ရဲ့ဘလော့လေးကိုဖန်တီးခဲ့ရလို့မွှေးရဲ့ဆရာဆိုလဲမမှားပါဘူး...ဲပီးတော့နည်းပညာနဲ့ ပတ်သက်တာတွေလဲသိရလို့နှစ်သက်ပါတယ်..... နောက်တစ်ခုကတော့ `သားကြီး ရေးချင်ရာရေးသည်´ တဲ့… အဲဒါကိုကြိုက်တာ…. ရေးချင်ရာရေးတာကိုကြိုက်တာ….မွှေးဆိုရေးချင်ရာရေး ဘာမှဖတ်လို့မကောင်းဘူး သားကြီးတို့ရေးထားတာများ ဘာရေးရေး ရေးချင်ရာရေး ကောင်းးးးးးလို့….. `ကျန်းမာရေးနဲ့ပတ်သက်ပြီးမေးချင်ရာမေးလို့ရပါတယ်…ကြွားတာမဟုတ်ပါဘူးနော်..´ ဆိုတဲ့သက်တန့်ချိုရဲ့ ဘလော့ကလဲ နှစ်သက်မိတဲ့ဘလော့ထဲမှာပါတယ်လေ…. ၉၆ ပါးရောဂါ ကန်ထရိုက်ဆွဲထားတဲ့မွှေးနဲ့ ဆေးဆရာသက်တန့် ရဲ့ဘလော့က အဆင်ကိုပြေလို့….. နောက်ပြီးဘ၀ပြောင်းသွားတဲ့ ငှက်ကလေးတစ်ဖြစ်လဲဝက်ဝံကလေး ရဲ့ဘလော့ပေါ့…… ပျံပြီနော်ဖလပ်ဖလပ်ဆိုလို့ လိုက်ကြည့်မိတော့ တွေ့လိုက်ရတဲ့ချစ်စရာ ဘလော့လေးပါ… လူကလေးကလဲချစ်ဖို့ကောင်းသလို ရေးထားတဲ့စာတွေကလဲချစ်ဖို့ကောင်းပါတယ်… ချစ်စရာကောင်းတဲ့ဘလော့လေးမို့ နှစ်သက်မိပါတယ်…. နောက်ပြီး နောက်ပြီးတွေအများကြီးကျန်ပါသေးတယ်…..မေလေး၊၊ မောင်လှရဲ့ဒိုင်ယာရီ… ထမင်းအိုး၊ မြူးသျှရီ…အို….အများကြီးမှအများကြီးကျန်ပါသေးတယ်…. နှစ်သက်မိတဲ့ဘလော့ငါးခုလို့ သက်တန့်ကတဂ်ထားလို့ ဒီလောက်ပဲရေးတော့မယ်နော်….. ကျေနပ်ပြီလားသက်တန့်ရေ…..
Showing posts with label တဂ်လို့ရေးရပါသည်. Show all posts
Showing posts with label တဂ်လို့ရေးရပါသည်. Show all posts
Subscribe to:
Posts (Atom)





