တရုတ်နှစ်သစ်ကူး ရုံးအကြာကြီးပိတ်လို့ အုန်းနို့ခေါက်ဆွဲချက်စားဖြစ်ပါတယ်....
အုန်းနို့ခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ ကြက်သွန်နီ ကြီးကြီးနှစ်လုံး
၂။ ကြက်သွန်ဖြူ တစ်လုံး
၃။ ကြက်သား လေးပုံတစ်ပုံ (kg)
၎။ ပဲပြား ၂ တုံး
၅။ အုန်းနို့ 1/2 kg
၆။ အရောင်တင်မှုန့်အနည်းငယ်
၇။ ငံပြာရည်အနည်းငယ်
၈။ ပဲမှုန့် အစိမ်းမှုန့် ငါးကျပ်သားခန့် (0.1 kg)
၉။ အချိုမှုန့်အနည်းငယ် လိုအပ်ပါတယ်
အုန်းနို့ကိုဒီလိုဗူးပဲဝယ်လိုက်ပါတယ်..
ပထမဆုံး ပဲမှုန့် အစိမ်းမှုန့်ကိုရေအေးနဲ့ဖျော်ပြီး ခဏစိမ်ထားပါတယ်... ကြက်သားတွေကို လက်မလောက်လေးတွေတုံးထားပါတယ်... ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုရောကြိတ်ထားပါတယ်...အုန်းနို့ကိုဆူအောင်ကြိုပါတယ်.... စိမ်ထားတဲ့ပဲမှုန့်တွေကိုလဲဆူအောင်ကြိုပါတယ်.... ကြိတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုအရောင်တင် နဲနဲ ထည့်ပြီး ဆီသပ်ပါတယ်.. ဆီသပ်တဲ့အထဲကို ငံပြာရည်နဲ့ အချိုမှုန့်တစ်ခါထဲထည့်ပြီးဆီသပ်ပါ....ကြက်သွန်တွေတော်တော်လေး ကြွပ်လာပြီဆိုရင် ကြက်သားထည့်ပြီးရေခန်းသည်အထိဆီသပ်ပါတယ်... ပဲပြုတ်ရေ ဆူလာရင် ကြက်သားဆီသပ်တွေကိုလောင်းထည့်လိုက်ပါ... ပြီးရင်တော့ အုန်းနို့ရေဆူဆူကိုလောင်းထည့်လိုက်ပါ...ပဲပြားလေးတွေကို သေးသေးတုန်းပြီးထည့်ပါ....အမှန်က ငါးဖယ်ရှိရင် ပြုတ်ပြီး သေးသေးတုံးထည့်လို့ရပါတယ်... ပွက်ပွက်ဆူပြီဆိုရင်စားလို့ရပါပြီ...
အသင့်စားနိုင်ဖို့အတွက် ကြက်သွန်နီပါးပါးလှီးထားတာလေး ရယ် ငရုတ်သီးအကျက်မှုန့်ရယ် သံပုရာသီးလေးအရည်ညှစ်ထည့် ပဲကပ်ကြော်လေးထည့်ပြီး စားလို့ရပါပြီရှင်.....

အုန်းနို့ခေါက်ဆွဲ
အကြော်စုံပူပူလေး
တနင်္ဂနွေတစ်နေ့......
အကြော်စုံလုပ်စားဖြစ်ပါတယ်....
ရွှေလိပ်ပြာအကြော်မှုန့်နှစ်ထုပ်
ဂျုံမှုန့်အနည်းငယ်
ဆားအနည်းငယ်
ဖီးကြမ်းငှက်ပျောသီး မှည့်မှည့်တစ်လုံး နှင့် မုန့်နှစ်ပျစ်ပျစ်လေးဖျော်ပါတယ်ရှင်...
ဘူးသီး
အာလူး
ငရုတ်သီးစိမ်းအပွတောင့်ကြီး
ဂေါ်ရခါးသီး
ကြက်သွန်နီ အားလုံးအဆင်သင့်လှီးထားပါတယ်....
ပဲပင်ပေါက်ကိုရေဆေးထားပါတယ်....
ဘူးသီးကိုတစ်ချောင်းချင်း ကြော်ပါတယ်...
ကြက်သွန်နီ ကြော်ပါတယ်..
ဘူးသီးနဲ့မတည့်တဲ့မွှေးအတွက်ဂေါ်ရခါးသီးငပေါင်းကြော် ကြော်ပါတယ်...
အာလူးကြော်ပါတယ်...
ကြက်သွန်နီ... ငရုတ်သီးစိမ်း နဲ့ ပဲငါးပိလေးနဲနဲထည့်ပြီးအညာစတိုင်ကြော်ပါတယ်..
ကြက်သွန်နီနဲ့ ပဲပင်ပေါက်ရောပြီး ဆနွင်းမှုန့်လေးနဲနဲထည့် ရိုးမှားကြော်ဆိုလား ခေါ်တာမှန်မမှန်တော့မသိပါ အဲဒါလဲကြော်ပါတယ်...
ဖီးကြမ်းငှက်ပျောသီးကိုလဲ မှုန့်နှစ်ပျစ်ပျစ်မှာနှစ်ပြီးအချိုတည်းရအောင်ကြော်ပါတယ်....
ကဲ.... အကြော်စုံပူပူလေးရပါပြီ....ခဏလေးနော် အချဉ်ရည်ဖျော်အုန်းမယ်...
ငရုတ်သီးခြောက်ကိုနူးနေအောင်ရေစိမ်..ဂျင်းရယ်..ကြက်သွန်ဖြူရယ်ရောပြီး စေးပိုင်ညက်နေအောင်ထောင်းပါတယ်...
မည်ကျည်းသီးမှည့်ကိုရေစိမ်ထားပါတယ်..ပြီးမှ မည်ကျည်းရည်ထဲကိုထောင်းထားတာတွေထည့် ထန်းလျှက် ၂လုံးလောက်ထောင်းထည့်...ငံပြာရည်နဲနဲ..အချိုမှုန့်နဲနဲ...ငရုတ်သီးစိမ်းပါးပါးလှီး.. နံနံပင်ပါးပါလှီးပြီး သမအောင်ရောမွှေပါတယ်....
အချဉ်ရည်ရပါပြီရှင်....
အကြော်စုံပူပူလေးအားပေးကြပါအုန်းရှင်......
ငါးပေါင်းကလေးစားရအောင်
ငါးပေါင်းဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေပါ။
-ကြက်သွန်ဖြူ
-ဂျင်း
-သံပုရာသီး
-ရှမ်းနံနံ
-ပျားရည်
-ခရမ်းချဉ်သီး
-ဆား
-ဆနွင်းမှုန့်
-အချိုမှုန့် တို့ပဲဖြစ်ပါတယ်....
တီလားပီးယား ငါးအနီကို မွှန်းပြီး ရေစင်စင်ဆေးထားပါတယ်....
ကြက်သွန်ဖြူနဲ့ဂျင်းကိုရောထောင်းပါတယ်...
ရှမ်းနံနံကိုပါးပါးလှီးပါတယ်...
ငါးကို ဆား၊ဆနွင်း ၊အချိုမှုန့်၊ ပျားရည်၊ နဲ့နယ်ပါတယ်...
ပြီးတော့ထောင်းထားတဲ့ကြက်သွန်ဖြူရယ်ဂျင်းရယ်ကိုအရည်ညှစ်ပြီးငါးမှာနှံ့အောင်နယ်ပါတယ်...
ကျန်တဲ့အဖတ်တွေကိုတော့ ငါးဗိုက်ထဲမှာထည့်ထားပါတယ်...
ရှမ်းနံနံလှီးထားတာကိုလဲ ငါးနဲ့နယ်ပါတယ်...ဗိုက်ထဲမှာလဲထည့်ထားပါတယ်ရှင်.....
အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့မှ ပေါင်းအိုးထဲကိုထည့်
၁၅ မိနစ်လောက်ပေါင်း
ပေါင်းနေတဲ့အချိန်မှာ ခရမ်းချဉ်သီးနဲ့သံပုရာသီးလေးကိုလှီးထားပြီး
့ကဲ...........စားလို့ရပါပြီရှင်......

ရေညှိထမင်းလိပ်
ဒဏ္ဍာရီဖတ်ပြီးမူးသွားတဲ့သူငယ်ချင်းတွေကိုရေညှိထမင်းလိပ်လေးလုပ်ကျွေးပါမယ်ရှင်။
ကိုးရီးယားကလုပ်တော့ ကိုးရီးယားထမင်းလိပ်၊ ဂျပန်ကလိပ်တော့ ဂျပန်ထမင်းလိပ်၊
ရှင်မွှေးကြူလိပ်တော့ မွှေးကြူထမင်းလိပ်ပေါ့ရှင်။ပထမဆုံးကြက်ဥတစ်လုံးကြော်ပါတယ်။
ကြက်အူချောင်း၊ မုန်လာဥနီ၊ ဘေဘီကွန်းလို့ခေါ်တဲ့ပြောင်းဖူးသေးသေးလေး၊
တွေကိုရှည်ရှည်လေးတွေလှီးပြီးဆီနည်းနည်းနဲ့ကြော်ထားပါတယ်။
ပြီးတော့ရှမ်းဆန်လိုစေးတဲ့ဆန်နို့ဆီဗူးတစ်လုံးချက်ထားပါတယ်။
မွှေးကတော့ကောက်ညှင်းဆန်တစ်ဝက်နဲ့ဆန်တစ်ဝက်ရောချက်ပါတယ်။
ရှမ်းဆန်သွားဝယ်ရမှာပျင်းလို့ပါ။
ပြီးတော့ ရေညှိလေးကိုယင်းလိပ်ပေါ်မှာဖြန့်ခင်းလိုက်ပါတယ်။
mayonise လေးသုတ်ပြီးထမင်းထည့်ပါတယ်။ပြီးခုဏကကြော်ထားတဲ့ကြက်အူချောင်း၊
မုန်လာဥနီ၊ ဘေဘီကွန်းတွေထည့်ပါတယ်။ကြက်ဥကြော်ကိုလဲလှီးပြီးထည့်ပါတယ်။
နှမ်းဆီမွှေးလေးနည်းနည်းဆမ်းပါတယ်။
အားလုံးထည့်ပြီးတာနဲ့ကျစ်နေအောင်လိပ်ပါတယ်။
ထမင်းလိပ်လေးဖြစ်သွားရင်၊
တစ်ကိုက်စာအနေတော်လေးလှီးပြီး၊ ဆလပ်ရွက်နဲ့တွဲဖက်သုံးဆောင်လို့ရပါပြီရှင်။
ထမင်းလိပ်ထဲမှာထည့်တဲ့အဆာတွေကတော့ကိုကြိုက်နှစ်သက်ရာထည့်ပြီးလိပ်လို့ရပါတယ်။
သခွားသီးသုပ်
ချဉ်ချဉ် ငံငံ စပ်စပ် သခွားသီးသုပ်လေးကျွေးချင်လို့ပါ....သခွားသီးအ၀ါရောင် (old cucumber) နဲ့သုပ်တာပါရှင်... ပထမဆုံး သခွားသီးကို အဖတ်ကြီးကြီးတွေရအောင်ခြစ်ပါတယ်ရှင်....ပြီးပုစွန်ကိုလှော်ပါတယ်.....လှော်ပြီးပုစွန်ကိုအခွံနွာပြီး ၃ ပိုင်းလောက်ပိုင်းပါတယ် .....ငရုတ်သီးစိမ်း (အနီရောင်/အစိမ်းရောင်) နဲ့ကြက်သွန်ဖြူကိုရောပြီးကြိတ်ပါတယ်... သခွားသီးခြစ်ပြီးသားတွေနဲ့ ပုစွန်၊ အချိုမှုန့် ၊ဆား၊ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ၊ ပင်စိမ်းရွက် (မရနိုင်လျှင်နံနံပင်) ၊ သံပုရာသီး တို့ကိုရောနှယ်ပြီးချဉ်ချဉ် ၊ ငံငံ ၊ စပ်စပ် သခွားသီးသုပ်လေးစားလို့ရပါပြီ....လွယ်ကူမြန်ဆန်နဲ့စားနိုင်ပါတယ်.... ထမင်းနဲ့လဲစားလို့ကောင်းသလို ရေနွေးကြမ်းလေးနဲ့လည်းမြည်းလို့ကောင်းပါတယ်ရှင်....
လည်လည်လာကြတဲ့သူငယ်ချင်းအားလုံးကို သခွားသုပ်နဲ့ ဧည့်ခံပါတယ်ရှင်.... သုံးဆောင်ကြပါရှင်..:)
သီးစုံရေခဲမုန့် (ဒိုမီနို)
သီးစုံရေခဲမုန့်စားချင်တာနဲ့ မနက်က အသီးတွေသွားဝယ်ပြီးလှီးထားတာပါ....ကီဝီသီး၊ နာနတ်သီး၊ သရက်သီး ၊ စတော်ဘယ်ရီသီး ၊ ငှက်ပျောသီး ၊ ပန်းသီး နဲ့ ဂျယ်လီပါ.... တစ်ခြားကြိုက်တဲ့အသီးရှိရင်လဲ ထည့်စားလို့ရပါတယ်...အသီးတွေလှီးပြီးရင် ရေခဲမုန့်ကိုပန်းကန်ထဲထည့်....လှီးထားတဲ့အသီးတွေကိုရေခဲမုန့်ပေါ်တင်...
နွားနို့လေးဆမ်းပြီးစားလို့ရပါပြီရှင်....





