ဒီနေ့တော့ လက်သည်းလေးတွေကို ချယ်ရီပန်းပုံလေးဖော်ပြီးဆိုးနည်းကိုပြောပြချင်ပါတယ်.....
လက်သည်းပုံဖော်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ ... ပန်းနုရောက်လက်သည်းနီ.. နို့စိမ်းရောင်လက်သည်းနီ.... နို့နှစ်ရောင်ခေါ်မလားပဲ အဖြူဖွေးဖွေးမဟုတ်တဲ့အဖြူရောင်လက်သည်းနီ... ပန်းရောင် Acrylic ရေဆေး...... အ၀ါရောင် Acrylic ရေဆေး.... အနက်ရောင် Acrylic ရေဆေး.... အဖြူရောင် Acrylic ရေဆေး...နဲ့ လက်သည်းပန်းချီဆွဲတဲ့စုတ်တံ တစ်ချောင်း... Base coat နဲ့ top coat တို့လိုအပ်ပါတယ်.....
ဒါကတော့ လိုအပ်တဲ့ပစ္စည်းတွေပုံပါ...
ပထမဆုံး မွှေးကတော့ လက်သည်းက သိပ်မကာင်းပဲ ကွဲထွက်တတ်လို့ Sally Hansen လက်သည်းအားဆေးကို အရင်ဆုံးဆိုးလိုက်ပါတယ်....
ဒီ continouous treatment ဆိုတဲ့အားဆေးကိုသုံးပါတယ်...
ပြီးတဲ့အခါ ဒုတိယအဆင့်အနေနဲ့ ပန်းနုရောင်လက်သည်းဆိုးဆေးကို ဆိုးပါတယ်....
တတိယအဆင့်ကတော့ လက်သည်းတစ်ဝက်ကို နို့နှစ်ရောင်လက်သည်း ဆိုးဆေးဆိုးပါတယ်....
မွှေးမှာ နို့စိမ်းရောင်လက်သည်းဆိုးဆေးမရှိလို့ အစိမ်းရင့်ရောင်ကို အဖြူဖွေးဖွေး လက်သည်းဆိုးဆေးနဲ့ ရောပြီးနို့နှစ်ရောင်ဖြစ်အောင်လုပ်ပါတယ်.....
ပြီးရင်တော့ ဖော့တုံးလေးမှာ နို့စိမ်းရောင်လက်သည်းဆိုးဆေးလေးကိုသုတ်လိုက်ပါတယ်.....
ပြီးတဲ့အခါ မှာ ခုန က နို့နှစ်ရောင်လေးဆိုးထားတဲ့အပေါ်မှာ တို့ပြီး ရေစိုလိုလေးဖြစ်အောင် ထိပ်ပိုင်းလေးကိုဆိုးပေးရပါတယ်.....
ခြောက်သွားတဲ့အခါမှာ ချယ်ရီပန်းကိုင်းလေးကို အနက်ရောင် Acrylic ရေဆေးလေနဲ့ဆွဲပါတယ်.....
ကိုင်းလေးဆွဲပြီးတဲ့အခါမှာတော့ ... ပန်းလေးဆွဲဖို့.. အနီရဲရဲ ရေဆေးနဲ့ အဖြူလေးကို ချယ်ရီပန်းရောင် လေးဖြစ်အောင်စပ်ပါတယ်.....မွှေးကတော့ ပန်းရောင်ကို မ၀ယ်ပါဘူး.... အနီရောင်ကို အဖြူများများရောရင် ပန်းနုရောင်လေးဖြစ်ပြီး... အဖြူနဲနဲရောရင်ပန်းရင့်ရောင်လေးရတယ်လေ.... စုတ်တံလေးမှာ ပန်းရောင်တစ်ခြမ်း အဖြူတစ်ခြမ်း သုတ်ပြီး ကိုင်းလေးမှာ ပန်းပွင့် လေးတွေကို ပန်ရောင်တစ်လှည့် အဖြူတစ်လှည့် လေးပွင့်ဆိုင်အစက်ကလေးတွေ ချပါတယ်....
နောက်ပြီး လက်သူကြွယ်ကိုတော့ ချယ်ရီပန်းပွင့် ကြီးကြီးလေး ဆွဲပါမယ်.....
ပထမဆုံး .... ပန်းရောင်နဲ့ ပွင့်ဖတ်ငါးခုပါတဲ့ပန်းပွင့်လေး နှစ်ပွင့်အရင်ဆွဲပါတယ်....
ပန်းရောင်လေးပေါ်မှာမှ အဖြူရောင်လေးတွေကို အတွင်းဖက်မှာ ပန်းပွင့်နောက်တစ်ထပ်ဆွဲပေးပါတယ်....
ပြီးရင်တော့ အနက်ရောင်လေးကို အလယ်တည့်တည့်မှာဆွဲပြီး ၀တ်ဆံလေးလုပ်ပါတယ်.....
အနက်ရောင်လေးတွေကြားထဲမှာ အ၀ါရောင်ဝတ်ဆံလေးတွေကိုအစက်လေးတွေချပါတယ်....
ပြီးပြီဆိုရင်တော့ ပန်းလေးနှစ်ပွင့်ကို အနက်ရောင် နဲ့ ကိုင်းလေးတွေဆက်ပေးလိုက်ပါတယ်....
အားလုံးပြီးသွားပြီဆိုတာနဲ့ Top coat လေးကိုထပ်ဆိုးပေးလိုက်ပါတယ်....
Top coat လေးဆိုးပေးလိုက်တဲ့အခါ တောက်ပတဲ့လက်သည်းလေးတွေရပြီပေါ့... တော်ရုံနဲ့လဲ မပျက်တော့ဘူးလေ... မွှေးဆို ဟင်းချက်ပန်းကန်ဆေးတာတောင် တစ်ပတ်လောက်မပျက်ပါဘူး... ဒီလိုချယ်ရီပန်းလက်သည်းလှလှလေးလေ.......

Showing posts with label ရှင်မွှေးကြူရဲ့မှန်တင်ခုံ. Show all posts
Showing posts with label ရှင်မွှေးကြူရဲ့မှန်တင်ခုံ. Show all posts
လက်သည်းလှလှပုံဖော်ကြရအောင်
2:33:00 PM |
Labels:
ရှင်မွှေးကြူရဲ့မှန်တင်ခုံ
Read User's Comments(0)
Subscribe to:
Posts (Atom)





