သခွားသီးသုပ်

ချဉ်ချဉ် ငံငံ စပ်စပ် သခွားသီးသုပ်လေးကျွေးချင်လို့ပါ....သခွားသီးအ၀ါရောင် (old cucumber) နဲ့သုပ်တာပါရှင်... ပထမဆုံး သခွားသီးကို အဖတ်ကြီးကြီးတွေရအောင်ခြစ်ပါတယ်ရှင်....ပြီးပုစွန်ကိုလှော်ပါတယ်.....လှော်ပြီးပုစွန်ကိုအခွံနွာပြီး ၃ ပိုင်းလောက်ပိုင်းပါတယ် .....ငရုတ်သီးစိမ်း (အနီရောင်/အစိမ်းရောင်) နဲ့ကြက်သွန်ဖြူကိုရောပြီးကြိတ်ပါတယ်... သခွားသီးခြစ်ပြီးသားတွေနဲ့ ပုစွန်၊ အချိုမှုန့် ၊ဆား၊ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ၊ ပင်စိမ်းရွက် (မရနိုင်လျှင်နံနံပင်) ၊ သံပုရာသီး တို့ကိုရောနှယ်ပြီးချဉ်ချဉ် ၊ ငံငံ ၊ စပ်စပ် သခွားသီးသုပ်လေးစားလို့ရပါပြီ....လွယ်ကူမြန်ဆန်နဲ့စားနိုင်ပါတယ်.... ထမင်းနဲ့လဲစားလို့ကောင်းသလို ရေနွေးကြမ်းလေးနဲ့လည်းမြည်းလို့ကောင်းပါတယ်ရှင်.... လည်လည်လာကြတဲ့သူငယ်ချင်းအားလုံးကို သခွားသုပ်နဲ့ ဧည့်ခံပါတယ်ရှင်.... သုံးဆောင်ကြပါရှင်..:)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှင်းဆီ (၂)

ဥယျာဉ်ထဲမှနှင်းဆီများ နှင်းဆီဥယျာဉ်တွေထဲမှာရှေးမူလမျိုးရိုးဖြစ်တဲ့ Gallica နှင်းဆီ ဂရိနဲ့ ရောမ မှာ ရှင်သန်လေ့ရှိပါတယ်....... အရှေ့အလယ်ပိုင်း ကသယ်ဆောင်လာတဲ့ Damasks နှင်းဆီ နဲ့ အလယ်ပိုင်းနှစ်တွေလောက်က ပြင်သစ်ပြည်တောင်ပိုင်းက Albas နှင်းဆီ တို့ပဲဖြစ်ပါတယ်.... Musk နှင်းဆီ တွေကတော့ ဥရောပမှစတင်ပေါက်ဖွားလာတာဖြစ်ပြီး အဲလိစဘက် ၁ (၁၅၃၃-၁၆၀၃) လက်ထက်လောက်က အာရှတိုက်အနောက်ပိုင်းကိုရောက်ရှိလာခဲ့ပါတယ်.....Centifolias နှင်းဆီ တွေကတော့ ၀ိုင်းတဲ့ပုံသဏ္ဍာန်ရှိပြီးဒက်(ရှ်) ပန်းချီဆရာတွေဆွဲလေ့ရှိတဲ့ ပန်းချီကားတွေမှာ ဖော်ပြတတ်ကြပါတယ်...၁၈ ရာစုနှစ်လောက်ရောက်တဲ့အခါ မူလနှင်းဆီမျိုးရိုးတွေဟာ တရုတ်နိုင်ငံမှ မျိုးစိပ်အသစ်တွေအဖြစ်ဖန်တီးပြီးပြန်လာကြပါတယ်.... china နှင်းဆီ Bourbons နှင်းဆီ စတဲ့မျိုးစိပ်အသစ်တွေအနေနဲ့ ပြန်လည်ရောက်ရှိလာကြပါတယ်......ဒီဖြစ်စဉ်ဟာ ရာစုနှစ်များတစ်လျှောက်ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး အခုခေတ်အခါမှာ အင်္ဂလိပ်နှင်းဆီဆိုပြီး ဖြစ်လာပါတယ်.. မူလမျိုးစိပ်ရော မျိုးစိပ်အသစ်ပါ နှစ်မျိုးလုံးလှပစွာနဲ့ ဖွံ့ဖြိုးလာခဲ့ပါတယ်...... Image search by google image Original : beautiful ideas for home and celebration (Antonia Swinson)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှင်းဆီ (၁)

နှင်းဆီပန်းလေးတွေကတော့ ပန်းလောကမှာဆိုရင်ဘုရင်မတွေပါပဲ.....ဒီဆန်းပြားလှပတဲ့ ချစ်စရာအပင်လေးတွေကိုရှေးနှစ်ပေါင်းများစွာကတည်းကစိုက်ပျိုးခဲ့ကြပါတယ်... ရာစုနှစ်ပေါင်းများစွာ ကတည်းက လူ့အဖွဲ့အစည်းထဲကခံစားမှုတွေကို နှင်းဆီပန်းနဲ့ဖော်ပြလေ့ရှိပါတယ်...နှင်းဆီပန်းကို အနုပညာလုပ်ငန်း ၊ စာပေကဏ္ဍ၊ ဂုဏ်ပြုချီးမွမ်းမှုတွေ၊ ပျော်ရွင်မှု ကိုဖော်ပြတဲ့နေရာ၊ ဆေးပါးကုသမှု စသည်ဖြင့် များပြားလှတဲ့ သင်္ကေတတွေအနေနဲ့ အသုံးပြုခဲ့ကြပါတယ်.... နှင်းဆီပန်းကိုပိုပြီးထင်ရှားစေတဲ့အကြောင်းတွေကတော့ ကြည့်လိုက်တိုင်း ကြည်နူးနှစ်သက်စရာကောင်းလှတဲ့ စုံလင်တဲ့သူ့ရဲ့အရောင် ၊ ဆန်းပြားလှပတဲ့ ပုံသဏ္ဍာန်များ၊ တမူထူးခြားပြီးသင်းပျံ့လှတဲ့သူ့ရဲ့ရနံ့ တွေကြောင့်ပဲဖြစ်ပါတယ်.....နှင်းဆီပန်းလေးတွေဟာ အသက်ရှုမှားလောက်အောင် စိတ်ကိုညှို့ယူဖမ်းစားနိုင်တဲ့လှပမှုနဲ့ သင်းရနံ့ကိုပိုင်ဆိုင်ကြပါတယ်.... ကမ္ဘာမြေကြီးပေါ်က လှို့ဝှက်နက်နဲတဲ့ အချစ်ကိုလဲ နှင်းဆီပန်းတွေကလွှမ်းမိုးထားတာသေချာပါတယ်....ဒီလိုသင်းရနံ့တွေလှပမှုတွေ ကိုပိုင်ဆိုင်ထားတဲ့ ပန်းပင်လေးဟာ ဆန်းပြားလှပသလောက် ကျန်းမာသန်စွမ်းလှတာကြောင့် ကိုယ့်ရဲ့သေးငယ်လှတဲ့ ကိုယ်ပိုင်နေရာသေးသေးလေးမှာတောင်မှ ကြည်နူးစရာ နှင်းဆီကမ္ဘာ (rose paradise) လေးကိုဖန်တီးထားနိုင်ပါတယ်..... Image search by google image

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွက်လပ်

ကြားနေရတယ်............ ငိုသံတွေတရှိုက်မက်မက် မိဘမဲ့ကလေးငယ်များ ၀ိုတ၀ါးမနက်ဖြန် ရှင်သန်ဖြတ်သန်းရမဲ့ခရီးလမ်း ကြမ်းတမ်းလွန်းတယ်။ ကံကြမ္မာရဲ့ ထိုးနှက်ချက်ခပ်ပြင်းပြင်း ဘ၀နဲ့ရင်းကာပေးဆပ် နှလုံးသွေးတို့မရပ်တန့်ခင် သူတို့............ အသက်ဆက်ရှင်သန်ရဦးမယ် ကမ္ဘာကြီးရဲ့အနာဂတ် လူငယ်တွေဖတ်ကြားကြမတဲ့ မျိုးဆက်တစ်ခုရဲ့နိဒါန်းသစ် မှန်ကန်စွာထုဆစ်ဖို့လိုတယ်။ ကူညီမှု စာနာမှု နားလည်မှု ဖေးမမှု ငါတို့ရဲ့တွဲလက်တစ်စု သူတို့ရဲ့ဘ၀ကန္တာထက် အိုအေစစ်သက်သက်ဖြစ်စေ။ ဤကမ္ဘာမြေမှာ ငိုသံတွေ တိတ်ပါစေသား............ ဤကမ္ဘာမြေမှာ နာကျင်မှုတွေ အဆုံးသတ်ပါစေသား............ ဤကမ္ဘာမြေမှာ ကြေကွဲမှုတွေ ချုပ်ငြိမ်းပါစေသား............ ဤကမ္ဘာမြေမှာ (ကလေးများအားလုံးရဲ့) ရယ်သံချိုလွင်လွင် အစဉ်ခြုံလွှမ်းပါစေသား။ ။ နေရဲ (ဆာလောင်မှုနှင့် မေတ္တာငတ်မွတ်နေဆဲကလေးများသို့)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘောလုံးလေးများ

Jurong Point သွားရင်းနဲ့ တွေ့လို့ ဓါတ်ပုံရိုက်လာတာပါ။ ကလေးတွေအတွက် ဖန်တီးနိုင်စွမ်းအားရှိဖို့နဲ့ ပျော်ရွင်စေဖို့ ရည်ရွယ်တယ်လို့သိရပါတယ်...... သစ်ကုလားအုပ် ၊ အပင်၊ ပန်းပွင့်၊ တိုးနယား အစုံပဲလုပ်ထားတာ တော်တော်လှတယ်...... ဘောလုံးလေးလို့နာမည်ရှိတဲ့ သူကို သတိရသွားတာနဲ့ ရိုက်လာတာပါ........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စလေဦးပုည၏ အတ္ထုပ္ပတ္တိ

ဦးပုညကိုစလေမြို့ တိုက်စုရပ်၌ ၁၁၇၄ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်ကြာသပတေး နေ့တွင်ဖွားမြင်သည်။ ဦးပုညဖွားသောနှစ်မှာအမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄ ခု၊ အချို့က ၁၁၇၈ ခုဟူ၍ကွဲပြားကြပါသည်။ ဖခင်အမည်မှာစလေမြို့သူကြီးရိုး ပုညသမန်းမျိုးဦးမြတ်စံဖြစ်ပြီး မိခင်မှာဒေါ်လှရင်ဖြစ်သည်။ ငယ်မည်မှာမောင်ပုတ်စည်ဖြစ်သည်။ အသက် ၈ နှစ်အရွယ်တွင်မောင်ပုတ်စည်သည် စလေမြို့၌ရှင်ပြုပြီး နောက်ဗန်းမော်ဆရာတော်ထံတွင် ပညာဆည်းပူးသည်။ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍နောင်တွင် ဦးပုညဟု တွင်ခြင်း ဖြစ်သည်။ ၁၁၉၄ တွင်ဗန်းမော်တိုက်၌ပုဉ္ဇင်းခံသည်။ ရဟန်း ငါးဝါအရတွင် စလေသို့ဆင်း၍ကျောင်းထိုင်နေစဉ်အတွင်း ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့်စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်းမေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့်ထင်ရှားစေနိုင်ခဲ့သည်။နောက်ဆုံးတွင်လူထွက်ရသည်အခြေသို့ပင် ရောက်ကာ ၁၂၀၃ ခုနှစ်၌ သာယာဝတီမင်းနှင့် ရန်ကုန်သို့လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ခေတ္တနေပြီးနောက်အမရပူရမြို့ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ၌သာမဏေပြုပြန်သည်။ ၁၂၁၀ ပြည့်နှစ်တွင်လူထွက်ခဲ့သည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့သူကြီးရာထူးကိုသူကြီးဟောင်းမောင်ကြူနှင့်အပြိုင်လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာဦးပုညသည်သာသူကြီးရိုးမှန်ကြောင်းဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင်ဗန်းမော်ဆရာတော်၏ အရှိန်အ၀ါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာဘွဲ့ဖြင့်လက်ဖက်ရည်တော်တွင်အမှုထမ်းရသည်။ မင်းတုန်းမင်းတရားကြီး၏ သားတော်များဖြစ်သောမြင်ကွန်းနှင့်မြင်းခုန်တိုင်မင်းသားနှစ်ပါး ထကြွပုန်ကန်သည်မှာ အိမ်ရှေ့မင်းစေခိုင်းချက်ကြောင့် ရေးသားသောဝိဇယပြဇာတ်ကြောင့်ဖြစ်သည် ဟုလျှောက်ထားကြစဉ် ထကြွပုန်ကန်မှု၌ဦးပုညအခါတော်ပေးသည် ဟုထွက်ဆိုကြပြန် သောကြောင့်မြို့သာမြို့စား ဦးသာအိုထံအကျယ်ချုပ်ထားသည်။ ထိုသို့အကျယ်ချုပ်ထားစဉ်ဦးသာအိုး၏မယားငယ် ခင်သုန်နှင့်ရည်ငံသောကြောင့် ၁၂၂၉ ခုနှစ်နယုန်လတွင်ဦးသာအိုးက ဦးပုညကို အဆုံးစီရင်လိုက်သည်။ နောက်မှမင်းတရားကြီးသိသောအခါ ‘လူကိုခွေးသတ်လေရဲ့‘ ဟုမိန့်တော်မူသည်ဟုအဆိုရှိပါသည်။ တင်ထွေးရေးသားသောဦးပုည၏စာပန်းကုန်းများမှကောက်နုတ်ဖော်ပြပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူတော်စင်ပါ

ခင်ခင့်လူ စိတ်ချလို့၊ ဟိတ်မပြလိုပါ၊ အနိစ္စကိုယ်ခန္ဓာငယ်၊ အပိုပါတကား။ သိရက်နှင့်ဝင်နက်လူ၊ပင်ထက်မူမှားတဲ့အမှား။ ကျွန်းဇမ္ဗူ့ တောင်ရပ်ခွင်၊ သူတော်စင်အများ။ မင်းသုဒ္ဓါ လူသားသို့၊ ခေမာလားရောက်ပြန်တယ်၊ ရဟန်းခံနိဗ္ဗာန်ရ၊ ဘယ်ဗုဒ္ဓဟောပါ့သကွယ်။ ဘယ်ရုက္ခတောအလယ်၊ သဘောကွယ်လူကြောက်မို့၊ ဆယ့်သုံးနှစ်လောက် ကညာပျိုဖော် ၊ လေးတောင်လောက်နော်။ ပါရင်ဖြင့်စောမျက်ဖျော်ရယ်၊ တောထွက်တော်မူစမ်းချင်လှလေး။ စလေဦးပုည (အရွှင်ဖွဲ့)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာက သဘာဝပါခင်။ အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ ရည်စူးပြီး ဖူးပွင့်မဆင်....။ ခင်ကြိုက်ရင် အညှာကိုချိုးပြီး ခင်မြတ်နိုးတော့ ပန်ချင်ပန်ပေါ့ မပန်ချင် ခင်မကြိုက်တော့လည်း ပစ်လိုက်ပေါ့ နော် ခင် ဆင်ချင်မှ ဆင်ပါတော့။ ခင်ရယ် မဆင်လို့ပဲပစ်ပစ် မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့ သစ်ရွက်ကြို သစ်ရွက်ကြားက ခင်သွားရင် ရနံ့ပေး ခင်မွှေးရင် ပျော်ရွင်လို့ ခင်မမြင် ခင်မကြည့်ပေမယ့် ခင်သိရင် စိတ်ကျေနပ်ပါရဲ့ ရွက်ချပ်စို ကြိုအကြားမှာပဲ ပွင့်သွားတာပေါ့။ ။ မောင်စိန်ဝင်း (ပုတီးကုန်း) မှတ်ချက်။ ။သီချင်းကိုတော့ ခင်မောင်တိုး ရဲ့ အကြိုက်ဆုံး ဒဏ္ဍာရီ တေးများ မှာ နားဆင်နိုင်ပါတယ်။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သီးစုံရေခဲမုန့် (ဒိုမီနို)

သီးစုံရေခဲမုန့်စားချင်တာနဲ့ မနက်က အသီးတွေသွားဝယ်ပြီးလှီးထားတာပါ....ကီဝီသီး၊ နာနတ်သီး၊ သရက်သီး ၊ စတော်ဘယ်ရီသီး ၊ ငှက်ပျောသီး ၊ ပန်းသီး နဲ့ ဂျယ်လီပါ.... တစ်ခြားကြိုက်တဲ့အသီးရှိရင်လဲ ထည့်စားလို့ရပါတယ်...အသီးတွေလှီးပြီးရင် ရေခဲမုန့်ကိုပန်းကန်ထဲထည့်....လှီးထားတဲ့အသီးတွေကိုရေခဲမုန့်ပေါ်တင်... နွားနို့လေးဆမ်းပြီးစားလို့ရပါပြီရှင်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Myself

ဘလော့တွေလျှောက်ဖတ်ရင်းနဲ့ အားလုံး ကိုယ့်အကြောင်းလေးတွေရေးထားတာလေးတွေဖတ်ဖြစ်တယ်......အားလုံးပဲ ကိုယ့်အကြောင်းလေးတွေကိုယ် စိတ်ကူးကောင်းကောင်းလေးတွေနဲ့ ရေးထားတာ တွေ့ရတယ်......... အဲဒါနဲ့ ကိုယ်လဲ ကိုယ့်အကြောင်းရေးမလားလို့တွေးမိတော့ အခက်တွေ့တော့တာပါပဲ........ ငယ်ငယ် က စာစီစာကုံးရေး တုန်းက လိုကျွန်မ၏အမည်သည် က စရေးလို့ကလဲ မဖြစ်... အဲဒီလောက်ပဲရေးစရာရှိတဲ့ ငယ်ငယ်ကတည်းက ကိုယ့်အကြောင်း ရေးခိုင်းရင် အဲဒီခေါင်းစဉ် က အခက်ဆုံးပဲ...တစ်ခါလဲ အလုပ်သွားလျှောက်တာ ဘာမှမမေးပဲ မင်းအကြောင်းကိုပြောနိုင်သလောက်ပြောပါတဲ့ .....အဲဒါအခက်ဆုံးပဲ.... အဲဒီတုန်းကတော့ အလုပ်မှာဆိုတော့ ကိုယ့်ရဲအတွေ့ အကြုံတွေ ဘာလုပ်ခဲ့တယ်....ဘာလုပ်တတ်တယ် ပေါ့....ဒီလိုပဲဖြေရတာပေါ့....အခုလဲ ဘယ်လိုရေးရပါ့......ဘယ်သူမှလဲရိုက်မမေးပါပဲလျှက်နှင့် ကိုယ့်အလုပ်ကိုရှာမိနေပြီ.....မျိုးကျော့မြိုင်ပြောသလို ကျွန်မနာမည် ရှင်မွှေးကြူပါ ......တစ်နေရာမှာနေပါတယ်.....အဲဒီလိုကစရေးရကောင်းမလား.... ဘယ်ကစရေးရပါ့......... ဘာတွေရေးရပါ့..... ဘယ်လိုရေးရပါ့........ ? ? ? ? ? ? ?

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူ

ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက်... ရှေ့မှာတစ်ပွင့်၊ လွယ်လင့်တစ်ကူ ယူ၍ရခိုက် ၊ ခူးလိုက်မိပြန်... ပြန်မှ ပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံး ဆွတ်ချင်သူ... လက်ထဲ ခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ... ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်တည်းသာ သောက်ချင်သည်။ မောင်စိန်ဝင်း (ပုတီးကုန်း) သောကခြေရာ ရတနာ ကဗျာများ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စတင်ခြင်း

မင်္ဂလာပါ...... ဒီပို့စ်လေးကတော့ မွှေးကြူရဲ့ပထမဆုံးတင်ဖြစ်တဲ့ ပို့စ်လေးပါ။ ဘလော့တစ်ခုကိုရေးမယ်ရေးမယ်နဲ့ကြံစည်နေတာနဲ့တင်တော်တော်ကြာသွားပါတယ်။ ရေးကလည်းရေးချင်နေပြီ။ အားကလဲမအားဖြစ်နေတာနဲ့မရေးဖြစ်ဘူး။ ဒါပေမဲ့ မရေးရမချင်းလဲ စိတ်ထဲမှာတစ်ခုခုလိုနေသလိုဖြစ်နေတာနဲ့ပဲ ဇူလိုင်လ ၂၁ ရက် ၂၀၀၉ ခုနှစ်မှာစ ရေးလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရေးချင်ရာပြောချင်ရာတွေကိုမှတ်မှတ်ရရ တစ်နေရာထဲမှာရှိပြီး သုတ ရသ တွေကိုဖလှယ်ချင်လို့ပါ။ မွှေးကြူရဲ့အိမ်အသစ်လေးကို လာရောက်ဖတ်ရှုကြသူများအားလုံးကို ဒီပို့စ်လေးနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS