အရေးအကြီးဆုံးအရာ

တစ်နေ့မှာ ပါမ္မောက္ခကြီးတစ်ယောက်ဟာ အတန်းမစခင် အတန်းရှေ့ကစားပွဲပေါ်မှာပစ္စည်းတစ်ချို့ကိုတင်ပြီး မတ်တပ်ရပ်နေပါတယ်.. အတန်းထဲမှာလူစုံတာနဲ့ ဘာစကားမှမပြောပဲ ရေတစ်ကောင်းတစ်ခုထဲကို အချင်း ၂လက်မလောက်ရှိတဲ့ ကျောက်တုံးလေးတွေထည့်နေခဲ့တယ်.. ပြီးတော့သူကအတန်းသားတွေကို ကဲကြည့်ကြစမ်း ကျောက်တုံးလေးတွေ ပြည့်ပြီလားလို့မေးလိုက်တော့ အားလုံးက ဟုတ်ကဲ့ပြည့်ပါပြီပေါ့... သူက နောက်ဗူးတစ်ခုထဲက ကျောက်စရစ်ခဲသေးသေးလေးတွေကိုယူပြီး ရေတစ်ကောင်းထဲကိုထည့်ပြန်တယ်... ပြီး ရေတစ်ကောင်းကိုဖြည်းဖြည်း လှုပ်ပေးလိုကတဲ့အခါ လွတ်နေတဲ့နေရာတွေကို ကျောက်စရစ်ခဲ့လေးတွေ ၀င်သွားပြန်တာပေါ့... သူက ထပ်မေးပြန်ပါတယ်... တပည့်တို့ ရေတစ်ကောင်း လေးပြည့်သွားပြီလားပေါ့...အားလုံးကလဲ ရေတစ်ကောင်းလေး ပြည့်သွားတာကို လက်ခံကြပါတယ်....တစ်ခါ ကျန်သေးတဲ့ နောက်ဗူး တစ်ခုထဲက သဲတွေကို ယူပြီး ရေတစ်ကောင်းထဲထည့်ပြန်ပါတယ်...ကျောက်ခဲ လေးတွေကြားက လွတ်နေတဲ့နေရာတွေကို သဲတွေဝင်သွားပြန်ပါတယ်.... တစ်ခါ ကျောင်းသားတွေကို ရတစ်ကောင်းလေးပြည့်ပြီလား မေးပြန်ပါရော.. ကျောင်းသားတွေကလဲ တစ်ညီတစ်ညွတ် ထဲ ပြည့်ပါပြီလို့ဖြေကြပြန်ရော..အဲဒီအခါကျမှ ပါမ္မောက္ခကြီးက ကဲ တပည့်တို့ ဒီရေတစ်ကောင်းလေးဟာ မင်းတို့ရဲ့ဘ၀တွေကို ကိုယ်စားပြုနေတယ်ဆိုတာ မင်းတို့သတိထားမိကြရဲ့လားလို့မေးလိုက်တယ်.. ကျောက်တုံးတွေက တော့ မင်းတို့ရဲ့ဘ၀မှာအရေး အကြီးဆုံးအရာတွေပေါ့...ဥပမာ ကိုယ့် ရဲ့ မိသားစု ... လက်တွဲဖော် .. ကျန်းမာရေး..ကိုယ့်ရဲ့ သားသမီး.... စသဖြင့် .. တစ်ခြားဘာမှမရှိတော့ ရင်တောင် မှ ဒါလေးတွေရှိ နေရင် ဘ၀မှာပြည့်စုံနေစေတဲ့အရာတွေပေါ့.... ကျောက်စရစ်ခဲလေးတွေကတော့..တစ်ခြားလိုအပ်တဲ့အရာ.. ဥပမာ... အလုပ်အကိုင်.... အိမ်...ကား စသဖြင့်ပေါ့...သဲတွေကတော့ကျန်တဲ့ အရေးမကြီး တဲ့အကြောင်းအရာ သေးသေးလေးတွေဖြစ်တယ်... ရေတစ်ကောင်းထဲကို သဲတွေအရင်ထည့်လိုက်မယ်ဆိုရင် ရေတစ်ကောင်းဟာပြည့်သွားပြီး ကျောက်ခဲတုံးနဲ့ ကျောက်စရစ်ခဲလေးတွေအတွက် နေရာမရှိနိုင်တော့ဘူး.. မင်းတို့ ရဲ့ဘ၀မှာလဲ အတူတူပဲ.... မင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ အစွမ်းအစတွေကို အရေးမပါတဲ့အရာ သေးသေးလေးတွေမှာ အသုံးချလိုက်ရင်...အရေးပါတဲ့ အရာတွေအတွက် နေရာ ဘယ်ရှိနိုင်ပါတော့မလဲ..ဘ၀မှာ အရေး အကြီးဆုံးဖြစ်တဲ့ အရာတွေကိုသာ ဦးစားပေးပြီး လုပ်မှ ပျော်ရွှင်အောင်မြင်တဲ့ဘ၀ကိုရနိုင်မယ်... ကျောက်တုံးလေးတွေကိုသာ ဦးစားပေးအနေတဲ့ ဂရုစိုက်ပါ...တစ်ကယ့်ကိုလိုအပ်တဲ့အရာတွေကိုပဲ ဦးစားပေးပါ.. တစ်ကယ်တော့ ကျန်တာတွေက သဲတွေပါပဲ.. ဒီဘာသာပြန်လေးကို သက်တန့်ချို ရဲ့ ဘလော့မှာလဲဖတ်မိပါတယ်... အခုတစ်လော မွှေးကြူ အရေးမပါတာတွေပဲ လုပ်မိနေလို့ ကိုယ့်ကိုကိုယ်သတိပေးတဲ့အနေနဲ့ ဖတ်မိတာလေးတစ်ခုကိုဘာသာပြန်ပါတယ်...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: