မြိုများရဲ့ဒဏ္ဍာရီ

မောင်ပေါက်ကျိုင်းဘုရင်ဖြစ်ပြီးးးးးးးးးးမကြာခင်မှာပဲ မိဘုရားကြီးမှာ ပဋိသဋေတည်ပါတယ်.....အချိန်စေ့လို့ဖွားမြင်တော်မူတဲ့အခါကျတော့ မင်းသားလေးနှစ်ပါး အမွှာဖွားမြင်လာပါတယ် ဒါပေမဲ့ မိဘုရားကြီးက နဂါးကြီးရဲ့ချစ်သူ ဆိုတော့ နဂါးငွေ့တွေကြောင့် မင်းသားလေးနှစ်ပါးဟာ မျက်စိနှစ်ကွင်းအလင်းမရကြပါဘူး......မင်းသားအကြီးလေးကိုတော့ မဟာ သမ္ဘ၀ မင်းသားအငယ်ကိုတော့ စူဠသမ္ဘ၀ လို့အမည်ပေးခဲ့ပါတယ်.....ဒီလိုမင်းသားနှစ်ပါးမျက်စိနှစ်ကွင်းအလင်းမရတာ ကိုဘုရင်မောင်ပေါက်ကျိုင်း သိတဲ့အခါ ဒီလိုမျက်စိမမြင်တဲ့မင်းသားတွေကို နန်းတော်ထဲမှာမထားနိုင်ဘူး အဲဒါကြောင့်သတ်စေလို့ အမိန့်ပေး လိုက်တာပေါ့.......မိဘုရားကြီးလဲသူ့သားတွေကိုမသတ်ရက်တာနဲ့ သတ်တော့ မသတ်ပါရစေနဲ့ ဖောင်ပေါ်တင်ပြီး ရေမှာမျှောပါရစေ လို့တောင်းပန်ပြီး မသိုးထမင်း မသိုးဟင်းတွေထည့်ပေးပြီး ဖောင်ပေါ်တင်ပြီးမျှောလိုက်ပါတော့တယ်.......မင်းသားနှစ်ပါးလဲ ဖောင်နဲ့မျောလာရင်းက တစ်နေရာရောက်တော့ စစ်ပင်ကြီးတစ်ပင်က ကိုင်းကျနေပြီး ဖောင်ကိုငြိနေပါတယ်...အဲဒီနားမှာရှိတဲ့ စန္နမုခိ ဘီလူးမလဲ မင်းသားနှစ်ပါးရဲ့စားတော်အုပ်ကိုတွေ့တဲ့အခါ ဖောင်ပေါ်ကိုတက်လာပါတယ်....အဲဒီစစ်ပင်ကြီးကိုင်းလို့ ဖောင်ငြိနေတဲ့နေရာကို စစ်ကိုင်းမြို့လို့ ခေါ်ကြပါတယ်....ဒီလိုနဲ့ဆက်ပြီးမျောလာရင်း ဘီလူးမကလဲ မင်းသားနှစ်ပါး စားတော်အုပ်ဖွင့်စားတိုင်းသူပါလိုက်နှိုက်စားခဲ့တာပေါ့......မင်းသားနှစ်ပါးလဲ သူတို့စားတော်အုပ်က ခါတိုင်းထက် ပိုကုန်နေတာကိုသတိထားမိလာတာပေါ့ အဲဒါနဲ့ နောက်တစ်ခါစားတော့ စားတော်အုပ်ထဲမှာတွေ့တဲ့လက်ကို ဖမ်းကိုင်ထားရင်း ဒါဘယ်သူ့လက်လဲဆိုပြီးမေးတဲ့အခါ မင်းသားနှစ်ပါးလုံးရဲ့လက်မဟုတ်တဲ့အတွက် ဘီလူးမလဲ “ကျွန်ုပ်က စန္ဒမုခိ ဘီလူးမပါ...သင်တို့ရဲ့စားတော်အုပ်က မသိုးထမင်း မသိုးဟင်းတွေကိုစားချင်လို့ စစ်ပင်ကြီးကိုင်းပြီး ဖောင်ငြိတဲ့နေရာက တတ်လာတာပါ” လို့ပြောတော့ မင်းသားနှစ်ပါးလဲ ငါတို့ရဲ့ စားတော်အုပ်ကို ခိုးစားတဲ့ဘီလူးမ သန်လျှက်နဲ့ခုတ်သတ်မယ် ဆိုပြီး သန်လျှက်နဲ့မိုးတဲ့အခါ ဘီလူးမ က သူ့အသက်ကိုချမ်းသာပေးရင် မင်းသားနှစ်ပါးရဲ့မျက်စိနှစ်ကွင်း အလင်းရအောင် ဆေးကုပေးပါမယ် ဆိုတော့ မင်းသားနှစ်ပါးလဲ ဘီလူးမရဲ့အသက်ကိုချမ်းသာပေးပြီး ဆေးကုခိုင်းတာပေါ့ ဒီလိုနဲ့ဖောင်ကလေးနဲ့ မျောလာရင်း ဆေး စကုတဲ့ နေရာကို စကု မြို့လို့ခေါ်ကြပါတယ်......ဘီလူးမလဲဆေးကုပေးလိုက်တာ မင်းသားနှစ်ပါး မျက်စိနှစ်ကွင်း စပြီးလင်းလာပါတော့တယ်.....အဲဒီလိုစပြီးလင်းတဲ့နေရာကို စလင်းမြို့လို့ခေါ်ကြပါတယ်.....မင်းသားနှစ်ပါးလဲ ဖောင်နဲ့မျောလားရင်းဟိုဟိုဒီဒီကြည့်ကြတာပေါ့....အဲဒီလိုကြည့်ရင်းနဲ့ တစ်နေရာရောက်တော့ ဘီလူးမကို မိုးကောင်းကင်ကို လက်ညှိုးထိုးပြပြီး အဲဒါဘာလဲလို့မေးတဲ့အခါ စန္ဒမုခိ လဲ အဲဒါမိုးကောင်းကင်လို့ခေါ်ပါတယ် အရှင့်သား လို့ပြန်ဖြေပါတယ်....နောက်တစ်ခါ မြေကြီးကိုပြပြီးမေးတဲ့အခါ ဘီလူးမလဲ အဲဒါကတော့ မြေကြီးပါအရှင့်သားလို့ဖြေပြန်တာပေါ့ ....မင်းသားတွေကအခုမှမျက်စိနှစ်ကွင်းအလင်းရလာတာဆိုတော့ “သြော် မိုးကအဖုံး မြေကအထဲ ပါလား” လို့ မှတ်ချက်ချလိုက်သတဲ့....မင်းသားနှစ်ပါးအဲဒီလိုပြောတဲ့နေရာကိုမြေထဲမြို့လို့ ခေါ်ကြပါတယ်....မြေထဲမြို့ကနေပြီးဖောင်နဲ့ဆက်မျောလာတဲ့အခါ ပြည်မြို့ရှိတဲ့နေရာကိုရောက်လာပြီးဖောင်က ကမ်းကိုကပ်သွားတာပေါ့.....ကမ်းပေါ်လဲရောက်ရော စန္ဒမုခိဘီလူးမလဲ မင်းသားညီနောင်နဲ့လမ်းခွဲပြီး ထွက်သွားပါတော့တယ်....မင်းသားနှစ်ပါးလဲ ဆက်လျှောက်လာရင်းနဲ့ မြစ်ကမ်းဘေးမှာ ဘူးသီးခြောက်တစ်လုံးနဲ့ ရေခပ်နေတဲ့ လုံမပျိုလေးတစ်ယောက်ကိုတွေ့တော့ စုံစမ်းတဲ့အခါ ရသေ့ကြီးတစ်ပါးရဲ့ကျောင်းသင်္ခန်းမှာနေကြောင်းသိတာနဲ့ သူတို့ကိုခေါ်သွားဖို့ပြောတဲ့အခါ ဖခင်ရသေ့ကြီးခပ်ခိုင်းထားတဲ့ရေဘူးမပြည့်သေးလို့ ပြန်လို့မဖြစ်သေးကြောင်းပြောသတဲ့....... ရေဘူးကိုကြည့်လိုက်တော့ အပ်ပေါက်ရာလောက်ပဲရှိတဲ့ရေဘူးပေါက်ကိုတွေ့တော့ သန်လျှက်နဲ့ချဲ့ပေးပြီး ရေခပ်ခိုင်းလိုက်တယ်လေ...ရေဘူးလဲရေပြည့်ရော ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကိုသွားကြတာပေါ့....ဒီဗေဒါရီလေးက ရသေ့ကြီးတစ်ယောက်ရဲ့သမီးပါ....အဲဒီနားကတောထဲမှာ ရသေ့ကြီးတစ်ပါး ရဲ့ကျောင်းသင်္ခမ်းရှိပါတယ်....အရှင်ရသေ့ဟာ တောထဲမှာ ကျင်ငယ်စွန့်မိတာကို သမင်မတစ်ကောင်က သောက်မိပြီး ပဋိသဋေတည်ပါတယ်....အချိန်စေ့တဲ့အခါကျတော့ လူမိန်းကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်... ရှင်ရသေ့ကြီးလဲ ကလေးငယ်ရဲ့ငိုသံကြားတဲ့အခါ သွားကြည့်ပြီး မိဘတွေမတွေ့တာနဲ့ ကောက်ယူပြီးမွေးခဲ့ပါတယ်...ရသေ့ကြီးလဲ ကလေးငယ်ကိုကြည့်ရင်း “အင်းးးးးးသမင်မတစ်ကောင်က ငါစွန့်တဲ့ကျင်ငယ်ရေသောက်ပြီးမွေးတဲ့ကလေးပဲဖြစ်မယ်....အဓိဌာန်ကြည့်မှပဲဆိုပြီး ...ဒီကလေးငယ်ဟာ ငါ့ကလေးမှန်တယ်ဆိုရင် .....ကလေးငယ်အတွက်ငါ့လက်ညှိုးကနို့ချိုရည်ထွက်ပါစေသား” ဆိုပြီးအဓိဌာန်လိုက်တာ အဓိဌာန်ပြည့်တဲ့အတွက် ဘရသေ့ရဲ့လက်ကထွက်တဲ့ နို့ချိုရည်နဲ့ကြီးပြင်းလာခဲ့ပါတယ်.....ကလေးငယ်ကြီးပြင်းလာတဲ့အခါ ရသေ့နဲ့ မာတုကာမ တောထဲမှာအတူနေတာ မသင့်တော်ဘူးဆိုပြီး ဘူးသီးခြောက်ကိုအပေါက်သေးသေးလေးဖောက်ပြီးရေခပ်ခိုင်းထားပါတယ်.......ကျောင်းသင်္ခန်းကိုပြန်ရောက်တဲ့အခါ ဗေဒါရီကိုအစောကြီးပြန်လာတာတွေ့တော့ ရသေ့ကြီးက “ဟဲ့ မဗေဒါ နင့်ရေဘူးအပေါက်ဘယ်သူချဲ့ပေးလိုက်လို့ အစောကြီး ပြန်လာတာတုန်း” လို့မေးတဲ့အခါ မင်းသားနှစ်ပါးချဲ့ပေးကြောင်းပြောပြီး မင်းသားတွေကိုခေါ်လိုက်တာပေါ့.....ရသေ့ကြီးလဲ မင်းသားနှစ်ပါး ကိုခေါ်ပြီးမေးမြန်းတဲ့အခါကျတော့ သူတို့ရဲ့အဖြစ်အပျက်တွေကိုပြောပြကြတာပေါ့ .....အကြောင်းစုံကိုသိရတဲ့အခါ ရသေ့ကြီးက သူဟာသူတို့ရဲ့ ဦးရီးတော်ကြောင်းပြောပြတာပေါ့...“ငါက မင်းသားနှစ်ပါးရဲ့မယ်တော် ရဲ့အစ်ကိုတော်ဖြစ်တယ်.....ငါဟာ တောထဲမှာ သမင်လိုက်ရင်း တရားအားထုတ်နေတဲ့ ရသေ့ကြီးတစ်ပါးနဲ့တွေ့ပြီး တရားဟောတာနဲ့ အကျွတ်တရား ရပြီး...ရသေ့ဝတ်လိုက်တယ်...နောက်ပြီး ဒီတောထဲကကျောင်းသင်္ခန်းမှာ တစ်ပါးထဲလာပြီးတရားအားထုတ်နေတာ...” လို့ပြောပြခဲ့တယ်လေ......မင်းသားနှစ်ပါးကိုလည်းမင်းမျိုးမင်းနွယ်တွေဖြစ်တဲ့အတွက် အဲဒီအနီးအနားမှာပဲ တိုင်းပြည်တစ်ခု တည်ထောင်ပြီး မဟာသမ္ဘ၀နဲ့ ဗေဒါရီ ကိုလက်ဆက်ပေးပြီး ဘုရင်တင်မြှောက်လိုက်ပါတယ်...စူဠသမ္ဘ၀ကိုတော့ အိမ်ရှေ့အရာပေးလိုက်ပါတယ်.....သူတို့ရဲ့နိုင်ငံကိုလဲ သရေခေတ္တရာ လို့သမုတ်လိုက်ပါတယ်.......နောင်တော်မဟာ သမ္ဘ၀ နတ်ရွာစံတဲ့အခါကျတော့ ညီတော် စူဠသမ္ဘ၀ နန်းတက်ပါတယ်....မရီးတော် ဗေဒါရီကိုပဲ ဆက်ပြီးမိဘုရားမြှောက်ခဲ့ပါတယ်......ညီတော်နန်းတက်ပြီးမကြာခင်မှာပဲ မိဘုရားဟာ သားတော်တစ်ပါး ဖွားမြင်ပါတယ်....သားတော်လေးဟာ ဒွတ္တဘောင်မင်းဖြစ်လာခဲ့ပါတယ်.....ဒါကြောင့် နောင်တော်ညီနော် နှစ်ပါးရဲ့သားတော်ဖြစ်လို့ “အဖညီနောင် ဒွတ္တဘောင် ” ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပါတယ်ရှင်.......

  • ဒီဒဏ္ဍာရီလေးဟာ တစ်ကယ်တော့ မြို့များရဲ့ ရာဇ၀င်အမှန်မဟုတ်ပါဘူးရှင်... အိပ်ရာဝင်ပုံပြင်လို ပြောဖြစ်ခဲ့ကြတဲ့ ဒဏ္ဍာရီလေးပါ......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

ငှက်ကလေး said...

ဒဏ္ဍာရီလား တကယ်မဟုတ်ဘူးလား ဘာပဲပြောပြော ဖတ်ရတာ ကောင်းတယ် ပုံပြင်လေးလိုဖတ်သွားတယ် ဒါကြောင့်ပြောတာ အချိန်ရမှ လာနိုင်ပါတယ် ဆိုမှ အဟက်