ကမ္ဘာကြီးရဲ့ဒဏ္ဍာရီ

ဒီကမ္ဘာမြေကြီးမရှိခင်တုန်းက လောကကြီးထဲမှာ ကဲရော့စ် ကလွဲလို့ ဘာမှမရှိသေးပါဘူး......ကဲရော့စ်ရဲ့နောက်မှ ကမ္ဘာ့အမှောင် အဲရဘတ်စ် ၊ အဆုံးမဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း နဲ့ ည တို့ပေါ်လာခဲ့ကြပါတယ်....ကျန်တာတွေကတော့...တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်း နဲ့ မှောင်မိုက်ခြင်း တို့ပဲပေါ့..... ပြီးတော့မှ....ဖြစ်တည်ခြင်းတွေရဲ့အစဦးဆုံးဖြစ်တဲ့အချစ် အီရို့စ် မွေးဖွားလာပါတယ်....အချစ်ကပဲ အလင်းရောင်နဲ့ နေ့တို့ကိုဖြစ်ပေါ်စေတယ်လေ.....အလင်းရောင်နဲ့ နေ့တို့နောက်ကမှ ကမ္ဘာမြေကြီး ဂျီးရ ဖြစ်လာပါတော့တယ်.... အဲရဘတ်စ်နဲ့ နိုက် (ည) တို့ပေါင်းဖက်ပြီး ကောင်းကင်ရဲ့အလင်း အီသာ နဲ့ ကမ္ဘာမြေကြီးရဲ့အလင်း ဒေး တို့ကို မွေးဖွားခဲ့ပါတယ်.....နိုက်ကလဲ...ကံကြမ္မာ ဒွန်းမ်၊ သေခြင်း ဒက်သ်၊ အိပ်စက်ခြင်း စလိ(ပ်)၊ အိပ်မက် ဒရင်းမ် နဲ့ စီရင်ခြင်း နမ်မီးဆစ် တို့ကို ဖန်တီးခဲ့ပါတယ်...သိပ်မကြာခင်မှာပဲ ဂျီးရ ကယူရေးနပ်စ် ကို သူတစ်ယောက်ထဲ မွေးဖွားလိုက်ပါတယ်......ယူရေးနပ်စ်ဟာ ကမ္ဘာမြေကြီးနားမှာပဲအမြဲနေခဲ့တာပေါ့....သူတို့နှစ်ယောက်ပေါင်းပြီးးးးးး မျက်စိတစ်လုံးထဲပါတဲ့ နတ်ဘီလူး ဆိုင်ကလော့စ် သုံးဦး၊ ဟိကတန်ကားရီးစ်နတ်ဘီလူးသုံးဦးနဲ့ တိုက်တန် နတ်ဘီလူး ဆယ့်နှစ်ဦးတို့ဖန်တီးခဲ့ကြပါတယ်.... ဒါပေမဲ့ ယူရေးနပ်စ်က သူ့မျိုးဆက်တွေဖြစ်တဲ့ ဟိကတန်ကားရီးစ် နတ်ဘီလူးတွေကိုမုန်းတီးနေခဲ့တယ်လေ... ဒါနဲ့ပဲ သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ ဂျီးရ ရဲ့ဝမ်းဗိုက်ထဲက ဘယ်သူမှမတွေ့နိုင်တဲ့နေရာမှာ အကျဉ်းချထား လိုက်တာပေါ့...... အဲဒါနဲ့ ဂျီးရလဲ ယူရေးနပ်စ်ကိုစိတ်ဆိုးပြီး ဆန့်ကျင်ဖို့ပြင်ဆင်တော့တာပါပဲ.....ဂျီးရက သူရဲ့ကလေးတွေကို သူတို့ရဲ့ဖခင်ကိုတိုက်ခိုက်ကြဖို့ အပြင်းအထန်တိုက်တွန်းခဲ့ပေမဲ့ အငယ်ဆုံးနတ်ဘီလူးလေး ကောနပ်စ် ကလွဲလို့ အားလုံးက တိုက်ခိုက်ဖို့ ကြောက်ရွံ့နေခဲ့ကြပါတယ်...... ဒီလိုနဲ့ပဲ ဂျီးရနဲ့ ကောနပ်စ်တို့ဟာ ညအခါရောက်လို့ ယူရေးနပ်စ် က ဂျီးရ နားမှာ အိပ်ပျော်နေတုန်းကိုသုတ်သင် ဖို့စီစဉ်ထားကြပါတယ်.....ညရောက်တဲ့အခါကျတော့ ကောနပ်စ်လဲ သူ့ဖခင်ကို ကျောက်ဓါးနဲ့ သတ်လိုက်ပြီးး ကလီစာတွေကို ပင်လယ်ထဲသွားပစ်ထားလိုက်ပါတယ်...ဒါပေမဲ့ ယူရေးနပ်စ်ဟာ နတ်ဘုရားဖြစ်တော့ သတ်လိုက်ရုံနဲ့ အပြီးပျောက်ကွယ်သွားတာမဟုတ်ပဲ ဂျီးရ အနားကထွက်သွားရရုံပဲပေါ့....ဒါနဲ့ သူကိုလုပ်ကြံတဲ့ အတွက်စိတ်ဆိုးပြီးးး ကောနပ်စ်နဲ့တိုက်တန်တွေအကုန်လုံးကိုအပြစ်ပေးရမယ်လို့ ကြုံးဝါးသွားခဲ့တယ်လေ.... သူ့ဆီကကျတဲ့ သွေးစက်တွေကနေပြီး ဘီလူးတွေ၊ အစောင့်အရှောက်နတ်သမီးတွေဖြစ်လာကြပါတယ်....ပင်လယ်ထဲကိုပစ်လိုက်လို့ဖြစ်လာတဲ့ပင်လယ်ရေမြှုပ်ကနေ ပြီးအချစ်နတ်သမီး အပရိုဒိုက် ဖြစ်လာပါတယ်..... မှတ်ချက်။ ။ နတ်ဘုရားများ၏အမည်များမှားယွင်းပါက ရှင်မွှေးကြူ၏ ဗဟုသုတ ပုမှုနှင့်ဘာသာပြန်ညံ့ဖျင်းမှုသာဖြစ်ပါတယ်ရှင်..အမှားများပါလျှင်သည်းခံကြပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

3 comments:

ငှက်ကလေး said...

မွှေးရေ တို့ဟာကလေ google chrome နဲ့ရဘူး သိလား IE နဲ့ပဲရတယ် အခု အိုင်အီးနဲ့ဖတ်နေတာ သိလား
တို့လဲအဲဒါတွေ သိဘူး ထောက်ပြဖို့နေနေသာသာ ဖတ်သွားတယ် မွှေးရေ

Anonymous said...

ကြိုးစားပါ၊ အေးပါး နယ်တေ။

အမှားများများ တွေ့လေ အမှန်နဲ့  နီးစပ်လေ တဲ့။

အဲတော့ များများမှားပေး။

သက်တန့်ချို said...

အစ်မကအတော်လေ့လာထားတာဘဲနော်..ချီးကျူပါတယ်