အခုတစ်လောမွှေးကြူမအားလို့ကိုယ့်အိမ်လေးကိုလာမကြည့်ဖြစ်တာနဲနဲကြာသွားပါတယ်...
ပန်းအလှပြင်တဲ့သင်တန်းသွားတက်နေတာလေ....
ဒီမှာကြည့်ပါအုန်း....ပထမဆုံးသင်လိုက်တဲ့ Ikebana ပန်းအိုးလေးပေါ့....
Ikebana မှာပန်းထိုးနည်းက ၄ မျိုးရှိပါတယ်...ဒီပုံလေးကတစ်မျိုးပေါ့..
နှင်းဆီပန်းအိုးလေးကတော့ ဒုတိယမြောက်လက်ရာပါ....
မမနိုင်းကိုသွားပေးလိုက်ပါတယ်....
တတိယမြောက်နေ့မှာတော့ တြိဂံပုံစံလေးသင်ရပါတယ်....
နောက်နေ့မှာတော့ လက်ဆောင်ပေးဖို့ ပန်းခြင်းလေးလုပ်ရပါတယ်
ပန်းခြင်းလေးက ဘုရားစင်ပေါ်တင်ဖို့အဆင်မပြေတာနဲ့ ပန်းတွေကိုအသာလေးမပြီး
ဗန်းထဲထည့်..ဘုရားစင်ပေါ်တင်ရပါတယ်ရှင်....
ငါးရက်မြောက်နေ့မှာတော့ အခြေခံ ပန်းအလှသင်တန်းက horizontal ပုံလေး နဲ့
အောင်မြင်စွာပြီးဆုံးသွားပါတယ်.....
ပန်းတွေကို အလကားအဖြစ်မခံချင်တာနဲ့မေမေတို့ရုံးမှာဆုပေးပွဲရှိတာ ပန်းအလှသွားပြင်ပေး
လိုက်တယ်လေ... နောက်နေ့မှာအဆင့်မြင့်သင်တန်းက ပန်းတွေ ...ရှင်မွှေးကြူရဲ့လက်ရာလေးတွေ
ရေးပါအုန်းမယ်ရှင်....
ပန်းအလှဆင်ခြင်းအနုပညာ
9:20:00 PM |
Labels:
ပန်းဥယျာဉ်
Subscribe to:
Post Comments (Atom)
3 comments:
မွှေးကြူ ကျုပ် နာလိုဘူး။ မမနဲ့တူတူ ဓါတ်ပုံရိုက်ရလို့ ။ လှနေရော ပန်းရော လူရော လှတယ်။ မွှေးကြူက လှတယ်ကွ။ မမလည်းလှတယ်။ ပန်း အလှပြင်သင်တန်း အင်း ထပ်တင်နော် ဒိထဲကနေပဲ ကြည့်ပြီးထိုးတတ်အောင် လုပ်တော့မယ်။
ပန်းကလေးတွေ လှလိုက်တာ...
ရှင်မွှေးကြူကို မမြင်ဖူးဘူး ခုမှပဲ မြင်ဖူးတော့တယ် လူချောပဲ အဲ .. အဲဒါ ယောက်ျားလေးတွေကို ပြောတာထင်တယ်နော် မိန်းကလေး ဆို ဘိုပြောလဲ ဟင်
လူလှပဲ ပြောလား ခစ်ခစ် သိတော့ဘူး
တာ့တာ
Post a Comment