ပန်းအလှဆင်ခြင်းအနုပညာ

အခုတစ်လောမွှေးကြူမအားလို့ကိုယ့်အိမ်လေးကိုလာမကြည့်ဖြစ်တာနဲနဲကြာသွားပါတယ်... ပန်းအလှပြင်တဲ့သင်တန်းသွားတက်နေတာလေ.... ဒီမှာကြည့်ပါအုန်း....ပထမဆုံးသင်လိုက်တဲ့ Ikebana ပန်းအိုးလေးပေါ့.... Ikebana မှာပန်းထိုးနည်းက ၄ မျိုးရှိပါတယ်...ဒီပုံလေးကတစ်မျိုးပေါ့.. နှင်းဆီပန်းအိုးလေးကတော့ ဒုတိယမြောက်လက်ရာပါ.... မမနိုင်းကိုသွားပေးလိုက်ပါတယ်.... တတိယမြောက်နေ့မှာတော့ တြိဂံပုံစံလေးသင်ရပါတယ်.... နောက်နေ့မှာတော့ လက်ဆောင်ပေးဖို့ ပန်းခြင်းလေးလုပ်ရပါတယ် ပန်းခြင်းလေးက ဘုရားစင်ပေါ်တင်ဖို့အဆင်မပြေတာနဲ့ ပန်းတွေကိုအသာလေးမပြီး ဗန်းထဲထည့်..ဘုရားစင်ပေါ်တင်ရပါတယ်ရှင်.... ငါးရက်မြောက်နေ့မှာတော့ အခြေခံ ပန်းအလှသင်တန်းက horizontal ပုံလေး နဲ့ အောင်မြင်စွာပြီးဆုံးသွားပါတယ်..... ပန်းတွေကို အလကားအဖြစ်မခံချင်တာနဲ့မေမေတို့ရုံးမှာဆုပေးပွဲရှိတာ ပန်းအလှသွားပြင်ပေး လိုက်တယ်လေ... နောက်နေ့မှာအဆင့်မြင့်သင်တန်းက ပန်းတွေ ...ရှင်မွှေးကြူရဲ့လက်ရာလေးတွေ ရေးပါအုန်းမယ်ရှင်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှစ်သက်မိတဲ့ဘလော့ငါးခု

`ဒီလူတွေcomment ပေးတာရီရတယ်မမရေ၊ ဒီလောက်ကျွန်မကလို့ရေးနေတာကို၊ ယောကျာ်းလေးရေးတာမှတ်ပြီးပြောနေကြတယ်´ လို့ပြောလို့ ကြည့်မိရင်းနဲ့စဖတ်မိရာက မဖတ်ရ ရင်မနေနိုင်အောင် ဆွဲဆောင်ထားတာကတော့ `နိုင်းနိုင်းစနေ´ ဆိုတဲ့ မမနိုင်းရဲ့ဘလော့ပါ။ မမရဲ့ဘလော့လေးကိုဘာလို့ကြိုက်ရသလဲဆိုတော့ မမဘလော့မှာ ဗဟုသုတရစရာတွေ ပျော်စရာ၊ ၀မ်းနည်းစရာ၊ စိတ်အားတက်ကြွစရာ တွေအများကြီးတွေ့ရလို့ပါ။ မမရဲ့စာရေးနိုင်အားနဲ့ ပို့စ်တွေကိုအမြဲမပြတ်တင်နိုင်တဲ့မမရဲ့ဇွဲကိုလေးစားအားကျမိလို့ပါ။ မမရဲ့ဘလော့လေးကတော့ မွှေးပထမဆုံးဖတ်ဖြစ်တဲ့ ဘလော့လေးလဲဖြစ်ပါတယ်… နောက်တစ်ခုကတော့ ကိုညီလင်းဆက်ရဲ့ဘလော့ပါ.....ကိုညီလင်းဆက်ရဲ့ဘလော့ရေးနည်းကိုဖတ်ပြီးမွှေးကြူ ရဲ့ဘလော့လေးကိုဖန်တီးခဲ့ရလို့မွှေးရဲ့ဆရာဆိုလဲမမှားပါဘူး...ဲပီးတော့နည်းပညာနဲ့ ပတ်သက်တာတွေလဲသိရလို့နှစ်သက်ပါတယ်..... နောက်တစ်ခုကတော့ `သားကြီး ရေးချင်ရာရေးသည်´ တဲ့… အဲဒါကိုကြိုက်တာ…. ရေးချင်ရာရေးတာကိုကြိုက်တာ….မွှေးဆိုရေးချင်ရာရေး ဘာမှဖတ်လို့မကောင်းဘူး သားကြီးတို့ရေးထားတာများ ဘာရေးရေး ရေးချင်ရာရေး ကောင်းးးးးးလို့….. `ကျန်းမာရေးနဲ့ပတ်သက်ပြီးမေးချင်ရာမေးလို့ရပါတယ်…ကြွားတာမဟုတ်ပါဘူးနော်..´ ဆိုတဲ့သက်တန့်ချိုရဲ့ ဘလော့ကလဲ နှစ်သက်မိတဲ့ဘလော့ထဲမှာပါတယ်လေ…. ၉၆ ပါးရောဂါ ကန်ထရိုက်ဆွဲထားတဲ့မွှေးနဲ့ ဆေးဆရာသက်တန့် ရဲ့ဘလော့က အဆင်ကိုပြေလို့….. နောက်ပြီးဘ၀ပြောင်းသွားတဲ့ ငှက်ကလေးတစ်ဖြစ်လဲဝက်ဝံကလေး ရဲ့ဘလော့ပေါ့…… ပျံပြီနော်ဖလပ်ဖလပ်ဆိုလို့ လိုက်ကြည့်မိတော့ တွေ့လိုက်ရတဲ့ချစ်စရာ ဘလော့လေးပါ… လူကလေးကလဲချစ်ဖို့ကောင်းသလို ရေးထားတဲ့စာတွေကလဲချစ်ဖို့ကောင်းပါတယ်… ချစ်စရာကောင်းတဲ့ဘလော့လေးမို့ နှစ်သက်မိပါတယ်…. နောက်ပြီး နောက်ပြီးတွေအများကြီးကျန်ပါသေးတယ်…..မေလေး၊၊ မောင်လှရဲ့ဒိုင်ယာရီ… ထမင်းအိုး၊ မြူးသျှရီ…အို….အများကြီးမှအများကြီးကျန်ပါသေးတယ်…. နှစ်သက်မိတဲ့ဘလော့ငါးခုလို့ သက်တန့်ကတဂ်ထားလို့ ဒီလောက်ပဲရေးတော့မယ်နော်….. ကျေနပ်ပြီလားသက်တန့်ရေ…..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရေညှိထမင်းလိပ်

ဒဏ္ဍာရီဖတ်ပြီးမူးသွားတဲ့သူငယ်ချင်းတွေကိုရေညှိထမင်းလိပ်လေးလုပ်ကျွေးပါမယ်ရှင်။

ကိုးရီးယားကလုပ်တော့ ကိုးရီးယားထမင်းလိပ်၊ ဂျပန်ကလိပ်တော့ ဂျပန်ထမင်းလိပ်၊

ရှင်မွှေးကြူလိပ်တော့ မွှေးကြူထမင်းလိပ်ပေါ့ရှင်။ပထမဆုံးကြက်ဥတစ်လုံးကြော်ပါတယ်။

ကြက်အူချောင်း၊ မုန်လာဥနီ၊ ဘေဘီကွန်းလို့ခေါ်တဲ့ပြောင်းဖူးသေးသေးလေး၊

တွေကိုရှည်ရှည်လေးတွေလှီးပြီးဆီနည်းနည်းနဲ့ကြော်ထားပါတယ်။

ပြီးတော့ရှမ်းဆန်လိုစေးတဲ့ဆန်နို့ဆီဗူးတစ်လုံးချက်ထားပါတယ်။

မွှေးကတော့ကောက်ညှင်းဆန်တစ်ဝက်နဲ့ဆန်တစ်ဝက်ရောချက်ပါတယ်။

ရှမ်းဆန်သွားဝယ်ရမှာပျင်းလို့ပါ။

ပြီးတော့ ရေညှိလေးကိုယင်းလိပ်ပေါ်မှာဖြန့်ခင်းလိုက်ပါတယ်။

mayonise လေးသုတ်ပြီးထမင်းထည့်ပါတယ်။ပြီးခုဏကကြော်ထားတဲ့ကြက်အူချောင်း၊

မုန်လာဥနီ၊ ဘေဘီကွန်းတွေထည့်ပါတယ်။ကြက်ဥကြော်ကိုလဲလှီးပြီးထည့်ပါတယ်။

နှမ်းဆီမွှေးလေးနည်းနည်းဆမ်းပါတယ်။

အားလုံးထည့်ပြီးတာနဲ့ကျစ်နေအောင်လိပ်ပါတယ်။

ထမင်းလိပ်လေးဖြစ်သွားရင်၊

တစ်ကိုက်စာအနေတော်လေးလှီးပြီး၊ ဆလပ်ရွက်နဲ့တွဲဖက်သုံးဆောင်လို့ရပါပြီရှင်။

ထမင်းလိပ်ထဲမှာထည့်တဲ့အဆာတွေကတော့ကိုကြိုက်နှစ်သက်ရာထည့်ပြီးလိပ်လို့ရပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS