မြတ်ဘုရားရွှေတိဂုံ (၁)

တစ်နေ့ ရှင်မွှေးကြူတို့မောင်နှမတွေ ရွှေတိဂုံ ဘုရားကိုသွားကြပါတယ်.... ရွှေတိဂုံဘုရားရဲ့အောင်မြေ တစ်နေရာကကြည့်ရင်... ငှက်မြတ်နားတော်ပေါ်ကစိန်ပွင့်လေး လက်နေတာကိုဖူးတွေ့နိုင်ပါတယ်... အဲဒီလိုဖူးဖို့အတွက်.. နေရာရှာနေတာကို ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ .. ဘဘ ဦးထိန်လင်းက ... နေရာကိုသေချာပြပြီး ... တစ်ခြားနေရာတွေကနေပြီးလဲ .... အ၀ါရောင်... လိမ္မော်ရောင်... အစိမ်းရောင်... အနီရောင် စသည်ဖြင့် မြင်ရတဲ့နေရာတွေ ရှိသေးကြောင်း.... ဒါတင်မက တစ်ခြား စိတ်ဝင်စားဖွယ်ရာတွေလဲ ရှိသေးကြောင်းပြောပြပြီး... ရွှေတိဂုံဘုရားကြီးကို တစ်ပတ်လိုက်ပြပြီး ရှင်းပြပေးပါတယ်.... သိပြီးသူတွေလဲ... ထပ်ပြီးကြည်ညိုနိုင်အောင်နဲ့ မသိသေးသူတွေလဲ သိရအောင်... ရိုက်ခဲ့သမျှဓါတ်ပုံလေးတွေနဲ့ မှတ်မိသမျှ ဖော်ပြလိုက်ပါတယ်.....ဒါတွေကလဲဒဏ္ဍာရီတွေပဲမို့လို့ တစ်ခြားမူကွဲတွေလဲရှိနိုင်ပါတယ်..... ဘုရားဆင်းတုတော်ရှေ့မှာ အဘ ဘိုးဘိုအောင် နဲ့ သူရဿတီမယ်တော် ရုပ်ထုရှိတဲ့ ဘုရားအမှတ် (၂၀) ပါ... စာမေးပွဲဖြေနိုင်အောင်သွားပြီးဆုတောင်းလေ့ရှိကြတယ်လို့သိရပါတယ်... ဒါကတော့ရာဇာ ကြီး ညီနောင်ဘုရားပါတဲ့ ... ကံရာဇာ ကြီး ကံရာဇာငယ် ညီနောင်နှစ်ပါး တည်ခဲ့တဲ့ဘုရားလို့အဆိုရှိပါတယ်... မြောက်ဘက်မုဒ် ညာဘက်တန်ဆောင်းထဲမှာဖူးလို့ရပါတယ်.... ဒါကတော့ဆံတော်တွင်းပါ...ဆံတော်ရှင် ရွှေတိဂုံမြတ်စွာဘုရားကြီးရဲ့ အံ့ဖွယ်ကိုးပါးမှ အံ့ဖွယ်အမှတ် (၅)ပါ... မြောက်ဘက်မုဒ်နဲ့အောင်မြေကြားမှာရှိပါတယ်.... ပင်လယ်နဲ့ဆက်နေတဲ့အတွက်.. မိုးတွင်းမှာ ဒီရေတက်ချိန် ကျချိန်ဆိုရင် ရေသံကြားရတယ်လို့ပြောပါတယ်.... ရာဟုထောင့်နဲ့ ကြာသပတေးထောင့်ကြားထဲက ဥက္ကလာပမင်းကြီးရဲ့ရုပ်ထုပါ... ရွှေတိဂုံဘုရားသမိုင်းမှာ ဥက္ကလာပမင်းကြီးလဲ အဓိကနေရာကပါဝင်တာဖြစ်တဲ့အတွက် သူ့ရဲ့ရုပ်ထုလဲဘုရားပေါ်မှာရှိနေပါတယ်... ဥက္ကာလာပမင်းကြီး ဘုရားရှိခိုးနေတဲ့ရုပ်ထုပါ..... ကျားခြင်္သေ့ဘုရားပါ... ဘုရားရဲ့ရှေ့ မှာ ကျားရုပ်နဲ့ခြသေ့င်္ရုပ်တွေ့ရပါတယ်... ဒဏ္ဍာရီကိုတော့ မမေးမိပါဘူး... ဆွမ်းခံထွက်တဲ့မြတ်စွာဘုရားပါ... အရင်က ဆုတောင်းပြည့် လှိုဏ်ဂူတော်မှာသီတင်းသုံးပါတယ်... အခုတော့ ဆုတောင်းပြည့်လှိုဏ်ဂူတော်ထဲမှာသီတင်းသုံးစဉ်က မနက် (၁၁) နာရီပတ်ဝန်းကျင်ဆိုရင်ဆွမ်းခံထွက်လို့ သွားကြည့်ရင်မတွေ့ရဘူးလို့ပြောပါတယ်... ဟိုးးးး အရင်ရှင်ဘုရင်တွေခောတ်ကပါတဲ့ .... အခုတော့ လှိုဏ်ဂူတော်လဲ ပိတ်လိုက်ပြီမို့ ... ရှင်အရဟံ တန်ဆောင်းဘေးက တန်ဆောင်းထဲမှာပဲ အများဖူးမြင်နိုင်အောင် ပြောင်းရွှေ့ထားကြောင်းပြောပြပါတယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

ဘ၀အလင်းရောင် said...

အခုလိုအဝေးတစ်နေရာမှာရောက်တဲ့အခိုက် မြတ်စွာဘုရား
ရွှေတိဂုံခွင့်ရလို့ အထူးပဲ ကျေးဇူးတင်မဆုံးပါပဲ... မြတ်ဘုရားရွှေတိဂုံကိုမဖူးရတာ တစ်နှစ်ပြည့်ခါနီးပြီမို့ ၀မ်းသာပါတယ်....
နှစ်သစ်မှာ လိုအင်ဆန္ဒတွေပြည့်နိုင်ပါစေ.......