်ဒီပုံတော်ကတော့ ပြဒါးရှင်ဘုရားပါ....အံဖွယ်အမှတ် (၉)ပါ အခါကြီးရက်ကြီးတွေဆိုရင် နဖူးတော်မှ ပြဒါးရောင်တွေဖြာထွက်တတ်တယ်လို့ပြောပါတယ်.... အင်္ဂါ ထောင့်မှာ သွားရောက်ဖူးမျှော်နိုင်ပါတယ်...
ဗုဒ္ဓတစ်ထောင် ပေါ်တော်မူ စေတီကိုတော့ အရှေ့ဘက်မုဓ် က ရေကြည်တော်ဝတ်အသင်းတန်ဆောင်းမှာဖူးတွေ့နိုင်ပါတယ်....
ဒါကတော့ ပေါ်တော်မူဘုရားရဲ့သမိုင်းကြောင်း ကျောက်စာပါ...
နေလဘုရားကို ဖူးမျှော်နိုင်ပါတယ်...
ဒီဘုရားကတော့ နဂါးကိုးကောင် အဓိဌာန်ပြည့်ဘုရားလို့သိရပါတယ်... ကြက်ဥစိမ်း ..ပေါက်ပေါက် တို့ကိုလှူပြီး.. သစ်သီးကိုမြတ်စွာဘုရားရဲ့လက်တော်ထဲထည့်ပြီး လိုရာတစ်ခုကို အဓိဌာန်ပြီးဆုတောင်းရင်ပြည့်တယ်လို့ပြောပါတယ်... ဒါပေမဲ့ အဓိဌာန်တစ်ခုပြုရင် ဆုတစ်ခုပဲတောင်းရပါတယ်.. အထူးသဖြင့်နိုင်ငံရပ်ခြားသွားချင်တဲ့သူတွေ အဓိဌာန်လေ့ရှိတယ်လို့ အဘ ကပြောပြပါတယ်...
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ ဒီ ရပ်တော်မူရုပ်ပွားတော်ကို အင်္ဂလန်ကိုသိမ်းယူသွားကြပါတယ်... အဲဒီအခါ ဘုရင်မကြီးခေါင်းကိုက်ဝေဒနာ ခံစားရတာကြောင့်ဒီရုပ်ပွားတော်ကို ဘုရင်မကြီးအမြတ်တနိုးထားတဲ့ မီးအိမ်ကြီးနှစ်လုံးနဲ့အတူ သံသေတ္တာကြီးထဲထည့်ပြီးအိန္ဒိယ သမုဒ္ဒရာကိုပတ်ကာပြန်ပို့ခဲ့ပါတယ်..
ဒါကတော့ ဘုရင်မကြီးရဲ့မီးအိမ်ပေါ့...
ဒီပုံကတော့ တနင်္ဂနွေထောင့်နဲ့ တနလာင်္ ထောင့်ကြားမှာရှိတဲ့ ကျောက်တိုင်တစ်ခုမှာ ဂဠုန်က နဂါးနှစ်ကောင်ရဲ့လည်ပင်းကို ညစ်ထားတဲ့ရုပ်ထုပေါ်မှာစေတီလေးတစ်ဆူတည်ထားပါတယ်.. အံ့ဖွယ်အမှတ် (၄) ပါတဲ့...
ဒီပုံတော်ကတော့ ပိတုန်း ပဒိုင်း မုနိ ဘုရားပါ...
ဒါကတော့ ပိတုန်း ပဒိုင်းမုနိ ဘုရာရဲ့အပေါ်မှာ ဖဲစနဲ့အုပ်ထားတဲ့ ပဒိုင်းပွင့်ပေါ်မှာ ပိတုန်း ရုပ်ပုံပါ.....
ဒါကတော့ ဆေးဓါတ်လုံးကိုင်ထားတဲ့ဇော်ဂျီရုပ်ထုပါ... ဓါတ်လုံးကိုပွတ်ပြီး ကိုယ်ရောဂါဖြစ်တဲ့နေရာကို လက်နဲ့သပ်ရင် ရောဂါပျောက်တယ်လို့ယုံကြည်တဲ့လူတွေ ပွတ်လို့ သိပ်မကြာခင်မှာ ဇော်ဂျီတော့ဓါတ်လုံးပျောက်တော့မှာပါ... :D
ဒီရုပ်ထုကတော့ ဗြမ္မာကြီး သားပိုက်ထားတဲ့ပုံပါ... နောက်တစ်ဖက်မှာတော့ ကြာဖူးကိုင်ထားတဲ့ ဗြမ္မာကြီးရှိပါတယ်... သားလေးလိုချင်ရင် ဒီသားပိုက်ထားတဲ့ရုပ်ထု.... သမီးလေးလိုချင်ရင် ကြာဖူးကိုင်ထားတဲ့ရုပ်ထုရှေ့မှာ လက်ဖက် (၇)ပွဲ ရေ (၇)ခွက် သပြေ (၇) ညွန့် နဲ့ ရွှေပန်းငွေပန်းတွေလှုပြီးဆုတောင်းရင်ရတယ်လို့သိရပါတယ်...ဒီကိုအရင်လာပြီးဆုမတောင်းခင် အဲဒီရှေ့မှာရှိတဲ့ရှင်မကွဲဘုရားမှာ အရင်ဆုတောင်းပေါ့ရှင်....
ဒါကတော့လက်ညှိုးတော်ရေကျဘုရားပါ... အရင်ကလက်ညှိုးတော်ကရေတစ်စက်တစ်စက်ကျနေတဲ့အတွက်အိုးလေးနဲ့ခံထားရတာတွေ့ဖူးပါတယ် .. အခုတော့မကျတော့ပါဘူးရှင်...
အင်း.................ရေးရင်းနဲ့ရွှေတိဂုံမြတ်ဘုရားကို ဖူးချင်လာပြီနော်...... :(
မြတ်ဘုရားရွှေတိဂုံ (၂)
7:32:00 PM |
Labels:
လည်လည်သွားသမျှ
Subscribe to:
Post Comments (Atom)
1 comments:
ရွှေတိဂုံ စေတီတော် ဓါတ်ပုံတွေ့လို့ လွမ်းမိမှာစိုးလို့
မဖတ်ပဲ ထားခဲ့ တာကြာပြီ ၊ အခုမှ လာမန့်တာပါ
ရွှေတိဂုံ ဘုရားနားနေခဲ့သူမို့ ဓါတ်ပုံတွေ ကြည့်ရင်းနဲ့
ဘုရားပေါ် တက်တိုင်း ရနေကြ ပန်းပေါင်းစုံနဲ့ အမွှေးတိုင်အနံ လေးတွေ တောင် ပြန်ရနေမိတယ်
သြော်.. ခွဲခဲ့ရ ကြာလှပေါ့ မြန်ပြည်ရယ်..
ဓါတ်ပုံလေးတွေ အတွက်ကျေးဇူးပါဗျာ...
( ဘိုထိန် )
သီချင်းလေးတစ်ပုဒ် 4shared မှာ နားထောင်နိုင် အောင်တင်ပေးထားတယ်
http://www.4shared.com/mp3/v_-hKx4O/-_online.html
Post a Comment