တွေဝေခြင်း (သို့မဟုတ်) ပြတ်သားခြင်း

  • ပုံပြင်ထဲက လူတွေက
  • တောက်ပတဲ့ မြွေတွေရဲ့မျက်လုံးတွေကိုကြည့်ပြီး
  • ရတနာတွေအမှတ်နဲ့ မြွှေတွင်းထဲကို ခုန်ချခဲ့ကြသတဲ့လေ...

  • ငါကရော...
  • ညှို့ချက်ပြင်းလှတဲ့မြွေတစ်ကောင်ကြောင့်...
  • မှောင်မိုက်တဲ့မြွှေတွင်းမှန်းသိရက်နဲ့
  • တောက်ပတဲ့လောကကြီးကို စွန့်လွှတ်ပြီး
  • တွင်းနက်ကြီးထဲကိုခုန်ချဖို့ ကြိုးစားနေလိုက်တာ....

  • ဒီညှို့ချက်ပြင်းတဲ့မြွေဆိုတာ....
  • အချစ်လား.....
  • အမှတ်တရ ဆယ်စုနှစ်တစ်ခုလား...
  • မိန်းကတစ်ယောက်ရဲ့သိက္ခာလား....

  • ဘာပဲဖြစ်ဖြစ် ... ငါကတော့ မြွေတွင်းနှုတ်ခမ်းမှာ..ခြေစုံရပ်မိခဲ့ပြီ...
  • ရူးသွပ်တာတော့ မဟုတ်လောက်ပါဘူးနော်.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: