ဒဏ္ဍာရီဖတ်ပြီးမူးသွားတဲ့သူငယ်ချင်းတွေကိုရေညှိထမင်းလိပ်လေးလုပ်ကျွေးပါမယ်ရှင်။
ကိုးရီးယားကလုပ်တော့ ကိုးရီးယားထမင်းလိပ်၊ ဂျပန်ကလိပ်တော့ ဂျပန်ထမင်းလိပ်၊
ရှင်မွှေးကြူလိပ်တော့ မွှေးကြူထမင်းလိပ်ပေါ့ရှင်။ပထမဆုံးကြက်ဥတစ်လုံးကြော်ပါတယ်။
ကြက်အူချောင်း၊ မုန်လာဥနီ၊ ဘေဘီကွန်းလို့ခေါ်တဲ့ပြောင်းဖူးသေးသေးလေး၊
တွေကိုရှည်ရှည်လေးတွေလှီးပြီးဆီနည်းနည်းနဲ့ကြော်ထားပါတယ်။
ပြီးတော့ရှမ်းဆန်လိုစေးတဲ့ဆန်နို့ဆီဗူးတစ်လုံးချက်ထားပါတယ်။
မွှေးကတော့ကောက်ညှင်းဆန်တစ်ဝက်နဲ့ဆန်တစ်ဝက်ရောချက်ပါတယ်။
ရှမ်းဆန်သွားဝယ်ရမှာပျင်းလို့ပါ။
ပြီးတော့ ရေညှိလေးကိုယင်းလိပ်ပေါ်မှာဖြန့်ခင်းလိုက်ပါတယ်။
mayonise လေးသုတ်ပြီးထမင်းထည့်ပါတယ်။ပြီးခုဏကကြော်ထားတဲ့ကြက်အူချောင်း၊
မုန်လာဥနီ၊ ဘေဘီကွန်းတွေထည့်ပါတယ်။ကြက်ဥကြော်ကိုလဲလှီးပြီးထည့်ပါတယ်။
နှမ်းဆီမွှေးလေးနည်းနည်းဆမ်းပါတယ်။
အားလုံးထည့်ပြီးတာနဲ့ကျစ်နေအောင်လိပ်ပါတယ်။
ထမင်းလိပ်လေးဖြစ်သွားရင်၊
တစ်ကိုက်စာအနေတော်လေးလှီးပြီး၊ ဆလပ်ရွက်နဲ့တွဲဖက်သုံးဆောင်လို့ရပါပြီရှင်။
ထမင်းလိပ်ထဲမှာထည့်တဲ့အဆာတွေကတော့ကိုကြိုက်နှစ်သက်ရာထည့်ပြီးလိပ်လို့ရပါတယ်။
5 comments:
မွှေးကြုရေ လာဖတ်သွားတယ် မေလေးကျတော့ ဟင်း။ စားစရာ သိပ်မလုပ်တတ်ပေါင်။ ဟဟ စားပဲစားတတ်တယ်။ မေလေးလည်း သင်အုံးမှပါ။ နော် ထမင်းလိပ်လေး စားချင်စရာနော်။
မွှေးကြူ ထမင်းလိပ်စားချင်သွားပြီ မေလေးကျ လုပ်တတ်ဘူး စားပဲစားတတ်တယ် ။ ခုန မန့်ထားတာ ဘယ်ရောက်သွားလဲ မသိဘူးနော် ခုပြန်မန့်ရတယ် ဟွန်း
ဂျပန်အစားအစာဖြစ်တဲ့
ဆုကီးး(ခေါ်)ရေညိုထမင်း
လိပ်လေးကိုလေ့လာသွား
ပါတယ်ဗျာ..ထမင်းလိပ်နေတဲ့
လက်ကလက်စွတ်အလေးကို
လဲသဘောကြသွားတယ်ဗျ
လာလည်ကြတဲ့သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်..နောက်လဲအားပေးကြပါရှင်
သူငယ်ချင်းရေ-
သူငယ်ချင်းရေးတော့မှ သွားသတိရတယ်။
အိမ်ကအမတော်တွေက အဲဒီဝါးယင်းလိပ် ၀ယ်ခိုင်းထားတာကို။ ခုမှသတိရတော့တယ်။ ၄ ၅ နှစ်လောက်ကြာပီ။ ကျွန်တော်တို့ စက္ကင်းရီးယားလောက်ကပေါ့။ ဟဲဟဲ။
Post a Comment