တစ်နေ့ရှင်မွှေးကြူကို ဗိုလ်ချုပ်ဈေးကအစ်မတစ်ယောက် ဖုန်းဆက်လာပါတယ်.....
Designer ကိုကောင်းမြတ်က မော်ဒယ်တွေနဲ့ သတို့သမီး show လုပ်ချင်လို့ ပန်း စပွန်စာ ပေးမလားမေးလို့ လုပ်ပေးဖြစ်ခဲ့တဲ့ ပန်းပုံလေးတွေပါ....
မော်ဒယ်ချောရတနာပါ....သူ့ဝတ်စုံနဲ့လိုက်ဖက်မဲ့ လီလီပန်း နီညိုနဲ့ ဒေလီယာမိတ်ကပ်ရောင်လေးတွဲစပ်ပြီးအလှဆင်ပေးထားတာပါ.....
ဒီမော်ဒယ် လေးရဲ့ဝတ်စုံက အစိမ်းပေါ်မှာ ခရမ်းလေးတွေပါတဲ့အတွက် ခရမ်းရောင်နဲ့အစိမ်းရောင်သစ်ခွလေးတွေကိုပြုလုပ်ပေးထားပါတယ်.......
ှဂန္တ၀င်ကိုတော့ ခရမ်းနုရောင်လေးနဲ့အလှဆင်မှာပါတဲ့ .....ဒါ့ကြောင့် နှင်းဆီအဖြူဖွေးဖွေးလေးတွေကြားမှာ ခရမ်းလေးပေါ်လွင်အောင် ခရမ်းရင့်ရောင်ပန်းခြောက်လေးတွေနဲ့ ဖန်တီးပေးထားပါတယ်.....
လှအဉ္ဇလီတင့်ကတော့ အဖြူဆန်တဲ့ ပန်းရောင်နုနုလေးကိုဝတ်ဆင်ထားတာပါ ..... သူ့အတွက်ကတော့ လီလီပန်းအဖြူနဲ့ လီလီပန်း ပန်းနုရောင်ကိုတွဲစပ်ပေးထားပါတယ်...ကျောက်ခက်စိမ်းစိမ်းလေးတွေကိုကြားမှာထည့်ပြီးတော့ပါ.....
သူလေးရဲ့ဝတ်စုံကတော့အစိမ်းနဲ့အ၀ါရောထားတဲ့အရောင်စပ်ကလေးပါ....
နှင်းဆီပန်းဝါ၀ါလေးတွေကိုကျောက်ခက်စိမ်းစိမ်းလေးတွေများများရောပေးထားတော့ စိမ်းစိမ်းဝါ၀ါလေးပေါ့နော်....
မဟာဆန်ဆန်ပြင်ဆင်ထားတဲ့ဆုပန်ထွာကတော့ အနီရောင်နဲ့ရွှေရောင်ကိုရောစပ်တဲ့ဝတ်စုံလေးနဲ့ပါ....
သူ့ဝတ်စုံလေးနဲ့လိုက်ဖက်စေချင်တဲ့အတွက် နှင်းဆီအနီရဲရဲ ကို အ၀ါရောင်နှင်းဆီ ..ဒန်းစီးလေဒီသစ်ခွ ရွှေဝါရောင်လေးတွေနဲ့ ဖန်တီးပေးထားပါတယ်.... ရွှေရောင်ကိုပိုပေါ်လွင်စေချင်တဲ့အတွက် ရွှေရောင်ဘောလုံးသေးသေးလေးတွေနဲ့အလှဆင်ထားတာပါ
ဇူဇူးမောင်ကတော့ ပန်းခရမ်းနုရောင်ဝတ်စုံလေးနဲ့ပါ..... သူ့အတွက်ကိုတော့ နှင်းဆီပန်းအဖြူ လေးရယ် သစ်ခွပန်း ခရမ်းလေးရယ်နဲ့ အလှဆင်ပေးထားပါတယ်..... ပန်းရောင်နဲ့ခရမ်းရောင်စပ်ထားတဲ့စပလိန်လေးတွေ ကြားမှာထည့်ထားတဲ့အတွက်ဖန်စီဆန်ဆန်လေးပေါ့နော်....
လက်ကိုင်ပန်းနဲ့ရင်ကပ်ပန်းအားလုံးကို လိုက်ဖက်အောင်ဖန်တီးပေးထားပါတယ်......
ဝတ်စုံအားလုံးကို Designer ကိုကောင်းမြတ်ကဖန်တီးပေးထားပါတယ်....
လက်ဝတ်ရတနာ ဆင်မြန်းပေးတာကတော့ ကြယ်သဇင်ကပါ....
ပန်း Designer ကတော့ ရှင်မွှေးကြူပေါ့.......
ကြော်ငြာသလိုတော့ဖြစ်သွားပါသည်...သို့သော် ကြွားချင်လို့ဖြစ်ပါသည်.....
မော်ဒယ်နှင့်လက်ကိုင်ပန်း
10:51:00 AM |
Labels:
ပန်းဥယျာဉ်
Subscribe to:
Post Comments (Atom)
1 comments:
များ မင်လာဆောင်ရင်လဲ အဲဂလိုပဲ ပြင်ပေးမှာလားလို့
ဟင့်
Post a Comment