ဇုနတ်ဘုရား

ဂရိနတ်ဘုရားတွေအကြောင်းကိုမူးနောက်အောင်ရေးပြီးနောက် နတ်ဘုရားတစ်ပါးစီ အကြောင်းကိုတတ်နိုင်သမျှ ရေးပါအုန်းမယ် အခု ဇုနတ်ဘုရားအကြောင်းလေး ဖတ်ကြည့်ပါအုန်းနော်.... ဇုနတ်ဘုရားဟာ မိုးနတ်မင်းဖြစ်ပြီး အိုလံပတ်တောင် ကနတ်ဘုရားအားလုံးရဲ့ဘုရင်ဖြစ်ပါတယ်....ဇုနတ်ဘုရားဟာ သူ့ရဲ့ခမည်းတော်ဖြစ်တဲ့ ကောနပ်(စ်) ကိုဖယ်ရှားပြီး နတ်ဘုရားတွေရဲ့ဘုရင်ဖြစ်လာတာပါ..... သူ့ရဲ့အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ပိုစီဒွန်နဲ့ ဟေးဒီး တို့က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ ဇုနတ်ဘုရားပဲအောင်မြင်ခဲ့ပြီး နတ်ဘုရားအားလုံးကို စိုးမိုးနိုင်တဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်.... ကောင်းကင်နတ်ဘုရား မိုနတ်မင်းဖြစ်တဲ့ဇုဟာ သူ့ကိုမကျေနပ်သူတွေကို ပစ်ခွင်းနိုင်တဲ့ မိုးကြိုးလက်နက်ကိုင်ဆောင်ထားပြီး လိမ်လည်သူတွေနဲ့ ဂတိသစ္စာမတည်သူတွေကို အပြစ်ပေးလေ့ရှိပါတယ်.... ဇုနတ်မင်းဟာမိုးတိမ်းတွေကိုဆင်ပြီး မိုးကြိုးပစ်ခွင်းနိုင်ပါတယ်.....သူ့ရဲ့ငှက်ကတော့ သိမ်းငှက်ဖြစ်ပြီး သူ့ရဲ့သစ်ပင်ကတော့ ၀က်သစ်ချပင်ပါ.... သူဟာတရားမျှတမှုနဲ့သနားကြင်နာခြင်းရဲ့နတ်ဘုရားဖြစ်ပြီး အားနည်းတဲ့သူတွေကိုကာကွယ်ပေးလေ့ရှိပါတယ်.... လိမ်လည်လှည့်ဖြားတတ်သူတွေကိုတော့ အပြစ်ကောင်းကောင်းပေးတတ်တဲ့နတ်ဘုရားတစ်ပါးပါ....... image search by google image

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

မြစ်ကျိုးအင်း said...

ဇု နတ်မင်းကြီးတော့ ကြားဖူးတယ်။ တကယ်တော့ အဲဒီနတ်ဘုရားတွေနဲ့ နဲနဲ ဝေးတယ်ဗျ။ အလန်ကွာတာမိန်း ဖတ်လို့သာ ကြားဖူးတာ။ ဗဟုသုတရစရာပေါ့။