လွမ်းမောမိပြီ တရံဆီသို့

လွမ်းစရာလေ သည်မြေသည်လမ်း ခုံတန်းလျားတို့ ငါ့အားနှုတ်ဆက် "သွားတော့တဲ့လေ" တရံဆီက ဒီဒေသမှာ ငါတို့ဆုံစည်း ရင်းနှီးခင်မင် ကျောင်းစာသင်ခန်း အတန်းတူတက် စာအတူကျက် ပျော်ခဲ့ဖူးလဲ တရံဆီက သည်ကျောင်းအေးရိပ် မှေးရိပ်ကွန်းခို တေးချင်းဆိုညည်း ကန်းတင်းသွားတူ ထမင်းစားတူ အပူပင်မဲ့ ပျော်ခဲ့ဖူးလဲ တရံဆီက ကိုယ်စီရင်မှာ ဝေဒနာမရှိ ဒဏ်ရာမသိ ပီတိအပြုံး ပုခုံးချင်းဖက် လက်ချင်းတွဲယှက် ပျော်ခဲ့ဖူးလဲ တရံဆီက ချိုမြနာရီ ရာသီတွေကြား ကျောင်းသားဘ၀ လှပစိမ်းလန်း ရယ်သံလွှမ်းလို့ ငြိမ်းချမ်းလွမ်းမဲ့ ပျော်ခဲ့ဖူးလဲ အခုတော့လေ...... သည်မြေသည်ကျောင်း ခေါင်းလောင်းသံတိတ် တံခါးပိတ်လို့ သုံးနှစ်အိပ်မက် ဆုံးသတ်ခဲ့ပြီ တက္ကသိုလ်မြေ နေညိုဝင်ချိန် အိမ်ပြန်လမ်းထက် နှုတ်ဆက်မျက်ရည် ရီဝေမျက်လုံး စကားလုံးမဲ့ လမ်းခွဲထွက်စဉ် ရင်မှာလွမ်းမော နှမြောတသ တမ်းတမိပြီ တစ်ရံခါက ကျောင်းတော်ဆီ နေရဲ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

အဂ္ဂ said...

မောင်နေရဲလည်း ကျောင်းထဲကကို မထွက်နိုင်သေးဘူးနော်..........