ငါးပေါင်းဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေပါ။
-ကြက်သွန်ဖြူ
-ဂျင်း
-သံပုရာသီး
-ရှမ်းနံနံ
-ပျားရည်
-ခရမ်းချဉ်သီး
-ဆား
-ဆနွင်းမှုန့်
-အချိုမှုန့် တို့ပဲဖြစ်ပါတယ်....
တီလားပီးယား ငါးအနီကို မွှန်းပြီး ရေစင်စင်ဆေးထားပါတယ်....
ကြက်သွန်ဖြူနဲ့ဂျင်းကိုရောထောင်းပါတယ်...
ရှမ်းနံနံကိုပါးပါးလှီးပါတယ်...
ငါးကို ဆား၊ဆနွင်း ၊အချိုမှုန့်၊ ပျားရည်၊ နဲ့နယ်ပါတယ်...
ပြီးတော့ထောင်းထားတဲ့ကြက်သွန်ဖြူရယ်ဂျင်းရယ်ကိုအရည်ညှစ်ပြီးငါးမှာနှံ့အောင်နယ်ပါတယ်...
ကျန်တဲ့အဖတ်တွေကိုတော့ ငါးဗိုက်ထဲမှာထည့်ထားပါတယ်...
ရှမ်းနံနံလှီးထားတာကိုလဲ ငါးနဲ့နယ်ပါတယ်...ဗိုက်ထဲမှာလဲထည့်ထားပါတယ်ရှင်.....
အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့မှ ပေါင်းအိုးထဲကိုထည့်
၁၅ မိနစ်လောက်ပေါင်း
ပေါင်းနေတဲ့အချိန်မှာ ခရမ်းချဉ်သီးနဲ့သံပုရာသီးလေးကိုလှီးထားပြီး
့ကဲ...........စားလို့ရပါပြီရှင်......
ငါးပေါင်းကလေးစားရအောင်
12:15:00 PM |
Labels:
ရှင်မွှေးကြူရဲ့မီးဖိုချောင်
Subscribe to:
Post Comments (Atom)
2 comments:
အလည်လာရင်း ငါးပေါင်းလေး စားသွားပါတယ်..
ငါးပေါင်း ဟင်းနဲ့ နေ့လည်စာ စားသွားပါသည် :P
Post a Comment