ပိုစီဒွန်

ပိုစီဒွန် ကတော့ ရေပိုင်နက်အားလုံးကို အကာအကွယ်ပေးနေတဲ့ ပင်လယ်နတ်မင်းပေါ့.... ဇုနတ်မင်းရဲ့အစ်ကိုဖြစ်ပြီး သူ့တို့ရဲ့ခမည်းတော် ကောနပ်စ် ကို ဖြုတ်ချပြီးနောက် ကမ္ဘာကြီးကို ဝေခြမ်းအုပ်ချုပ်ဖို့ သူ့ရဲ့ညီ ဇုနတ်မင်းနဲ့ ဟေဒီး တို့ကိုတိုက်ခိုက်ခဲ့ပါတယ်... သူရခဲ့တဲ့ဆုလာဒ်ကတော့ ပင်လယ်နတ်ဘုရားဖြစ်လာခြင်းပါပဲ... သူ့ကိုပင်လယ်ပြင်မှာကျက်စားရတဲ့ သဘောင်္သားတွေက အများဆုံးကိုးကွယ်ခဲ့ပါတယ်... အိုရှင်နပ်(စ်) ရဲ့သမီး အမ်ဖီထရိုက်တီ နဲ့ လက်ထပ်ခဲ့ပါတယ်... တစ်ကြိမ်မှာတော့ ဒီမီတာ ကိုလိုချင်ခဲ့ပါသေးတယ်... ဒီမီတာက သူ့ရဲ့ တစ်သက်တာမှာ မြင်ဖူးသမျှတွေထဲ အလှဆုံး တိရစ္ဆာန် တစ်ကောင်ကိုဖန်ဆင်းခိုင်းပါတယ်... အဲဒါနဲ့ ဒီမီတာရဲ့အထင်ကြီးမှုကိုလိုချင်ခဲ့တဲ့ ပိုစီဒွန် ဟာ ပထမ ဆုံးမြင်း ကိုဖန်ဆင်းခဲ့ပါတယ်... ပထမတော့ သူ့ရဲ့ကြိုးစားမှုတွေဟာမအောင်မြင်ပဲ တစ်ခြားပုံစံမျိုးစုံရှိတဲ့ တိရစ္ဆာန်တွေ ဖြစ်လာခဲ့ပါတယ်... မြင်းကိုဖန်ဆင်းနိုင်လိုက်တဲ့အခါမှာတော့ ဒီမီတာ ရဲ့ကျေနပ်နှစ်သိမ့်မှုကိုရခဲ့ပါတယ်... သူ့ရဲ့လက်နက်ကတော့ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ သုံးခွချွှန် မှိန်းကြီး ဖြစ်ပြီးဘယ်အရာကိုမဆို ဖျက်ဆီးနိုင်ပါတယ်.... သူဟာ ဇုနတ်ဘုရားပြီးရင်တော့ ဒုတိယ တန်ခိုးအကြီးဆုံး နတ်ဘုရားပါ... တစ်ခြားနတ်ဘုရားတွေရဲ့မြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ သူ့ရဲ့တိုက်ပွဲတွေဟာလဲအများကြီးရှိခဲ့ပါတယ်.... Image search by Google image

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: