ဒီပန်းစည်းလေးကတော့......နှင်းဆီပန်းအနီရောင်ဆယ်ပွင့် နဲ့ ကြယ်ပန်းလေး တွေနဲ့ပြုလုပ်ထားတာပါ...
နှင်းဆီပန်း (၁၀) ပွင့်ကတော့ ...... You are perfect ပါတဲ့
နှင်းဆီပန်းအနီရောင်ကတော့....... ချစ်တယ်လို့ပြောချင်တဲ့အခါမှာပေးတာပါတဲ့....
ရည်းစားစကားပြောချင်တဲ့လူတွေယူသွားနော် :)
ဒါကတော့ စကားပြောစင်မြင့်ရှေ့မှာ ချိတ်တဲ့ပန်းလေးပါ.... အိမ်မှာစင်မြင့်မရှိလို့ ကွန်ပျူတာမှာပဲချိတ်လိုက်တယ်...
ပန်းဘောလုံးလေးကတော့ မင်္ဂလာအခမ်းအနားတွေမှာ သတို့သား သတို့သမီး ရှေ့ကလျှောက်တဲ့ကလေးငယ်လေးတွေကိုင်ဖို့အတွက်ပါ... မွှေးကြူလုပ်လို့ဘောလုံးဖြစ်တာနော် ... တစ်ခြားသူငယ်ချင်းတွေဆို ပိန္နဲသီးတွေ ဒူးရင်းသီးတွေဖြစ်ကုန်တာ ... အဟိ (ကြွားတာ)
ကားအလှဆင်ဖို့သင်နေတာပါ.... ကားပေါ်မှာမှတ်စုစာအုပ်တောင်ပါသေး....... ကားစက်ဖုံးပေါ်မှာဆင်ရတော့ အကြမ်းခံတဲ့ သစ်ခွ ၊ ပိန်းပန်း၊ ရှဥ့်မတက် စတာတွေသုံးရပါတယ်....
သတို့သမီးလက်ကိုင်ပန်းလေးကတော့ ဒူးဇစ်အင်းယားမှာမင်္ဂလာဆောင်သွားတဲ့သတို့သမီးလေးတစ်ယောက် ရဲ့အရံ သတို့သမီးလေးကိုင်ခဲ့တာပါ.....
ဒါကအောင်စံပယ်ပန်းကုံးလေးပါ.... ဖြူဖြူဖွေးဖွေ... မွှေးမွှေးကြူကြူလေးပေါ့......
ဒီလက်ကိုင်ပန်းအရှည်လေးကိုတော့ သတို့သမီးလေးကိုယ်တိုင်ကိုင်ခဲ့တာပါ... ပထမဆုံးလုပ်ပေးခဲ့ရတဲ့ပန်းလေးဆိုတော့ .... သတို့သမီး ငြိမ်ငြိမ်မနေတိုင်း မင်္ဂလာပွဲတစ်လျှောက်လုံး ရင်တစ်ထိတ်ထိတ်နဲ့ပေါ့..... ပန်းတွေပြုတ်ကျမှာစိုးလို့လေ......
ဒါကတော့ ရင်ကပ်ပန်းလေးပါ..... သစ်ခွပန်း နဲ့ နှင်းဆီပန်းကိုအသုံးပြုထားပါတယ်.......
ဒီပန်း မုဒ်ဦးလေးကတော့ Chatrium Hotel ရဲ့ Grand Ball Room မှာအလှဆင်ပေးထားတာပါ...
ပန်းအလှဆင်ခြင်းအနုပညာ(၂)
5:07:00 PM |
Labels:
ပန်းဥယျာဉ်
Subscribe to:
Post Comments (Atom)
4 comments:
မွှေးကြူရေ
အစ်မလည်း ခုလိုပန်းအလှဆင်တာ ၀ါသနာပါတယ်သိလား
ရန်ကုန်မှာတုန်းကဆို ရုံးမှာ ပန်းတွေ ကိုယ်တိုင် ပြင်တာ။ အိုးတွေမှာ အလှထိုးတာ။ နောက် သူငယ်ချင်းအတွက်လဲ လက်ကိုင်ပန်းခြင်းတွေ လုပ်ပေးတယ်။ သင်တန်းတော့မတက်ဖူးဘူး။
သင်တန်းတက်ဖို့ စုံစမ်းတော့ ကိုယ်အားတဲ့အချိန်နဲ့ မကိုက်တာနဲ့ မသင်လိုက်ရဘူး။ ပန်းအလှပြင်တာ ကိုယ်လဲစိတ်ချမ်းသာ သူများလဲ စိတ်ချမ်းသာ ဘယ်လောက်ကောင်းထားလဲနော်။ ခု မွှေးကြူရဲ့ လက်ရာလေးတွေလည်း မြင်ရတာ စိတ်ချမ်းသာမိတယ်
နောက်လုပ်ဖြစ်တာတွေလဲ တင်ပေးနော်.။
ကျေးဇူးတင်ပါတယ်မချောရေ... နောက်လုပ်ဖြစ်ရင်တင်ပါ့မယ်
အစ်မရှင်မွှေးကြူက တော်လိုက်တာ။ အားကျလိုက်တာ။ ပန်းလေးတွေ ပြင်ထားတာ သိပ်လှတာပဲ။ ရို့စ်တော့ ပန်းအိုးတောင် အဖြစ်ရှိအောင် မထိုးတတ်ဘူး။ ရို့စ် ဘလော့ဂ်လေးကို လာလည်သွားလို့ ကျေးဇူးပါနော်။
မင်္ဂလာဆောင်ရင်ခေါ်မယ် နော် ..ပန်းအလှလာဆင်ပေးမှာလား ... :D
Post a Comment