ပန်းအလှဆင်ခြင်းအနုပညာ(၂)
ဒီပန်းစည်းလေးကတော့......နှင်းဆီပန်းအနီရောင်ဆယ်ပွင့် နဲ့ ကြယ်ပန်းလေး တွေနဲ့ပြုလုပ်ထားတာပါ... နှင်းဆီပန်း (၁၀) ပွင့်ကတော့ ...... You are perfect ပါတဲ့ နှင်းဆီပန်းအနီရောင်ကတော့....... ချစ်တယ်လို့ပြောချင်တဲ့အခါမှာပေးတာပါတဲ့.... ရည်းစားစကားပြောချင်တဲ့လူတွေယူသွားနော် :) ဒါကတော့ စကားပြောစင်မြင့်ရှေ့မှာ ချိတ်တဲ့ပန်းလေးပါ.... အိမ်မှာစင်မြင့်မရှိလို့ ကွန်ပျူတာမှာပဲချိတ်လိုက်တယ်... ပန်းဘောလုံးလေးကတော့ မင်္ဂလာအခမ်းအနားတွေမှာ သတို့သား သတို့သမီး ရှေ့ကလျှောက်တဲ့ကလေးငယ်လေးတွေကိုင်ဖို့အတွက်ပါ... မွှေးကြူလုပ်လို့ဘောလုံးဖြစ်တာနော် ... တစ်ခြားသူငယ်ချင်းတွေဆို ပိန္နဲသီးတွေ ဒူးရင်းသီးတွေဖြစ်ကုန်တာ ... အဟိ (ကြွားတာ) ကားအလှဆင်ဖို့သင်နေတာပါ.... ကားပေါ်မှာမှတ်စုစာအုပ်တောင်ပါသေး....... ကားစက်ဖုံးပေါ်မှာဆင်ရတော့ အကြမ်းခံတဲ့ သစ်ခွ ၊ ပိန်းပန်း၊ ရှဥ့်မတက် စတာတွေသုံးရပါတယ်.... သတို့သမီးလက်ကိုင်ပန်းလေးကတော့ ဒူးဇစ်အင်းယားမှာမင်္ဂလာဆောင်သွားတဲ့သတို့သမီးလေးတစ်ယောက် ရဲ့အရံ သတို့သမီးလေးကိုင်ခဲ့တာပါ..... ဒါကအောင်စံပယ်ပန်းကုံးလေးပါ.... ဖြူဖြူဖွေးဖွေ... မွှေးမွှေးကြူကြူလေးပေါ့...... ဒီလက်ကိုင်ပန်းအရှည်လေးကိုတော့ သတို့သမီးလေးကိုယ်တိုင်ကိုင်ခဲ့တာပါ... ပထမဆုံးလုပ်ပေးခဲ့ရတဲ့ပန်းလေးဆိုတော့ .... သတို့သမီး ငြိမ်ငြိမ်မနေတိုင်း မင်္ဂလာပွဲတစ်လျှောက်လုံး ရင်တစ်ထိတ်ထိတ်နဲ့ပေါ့..... ပန်းတွေပြုတ်ကျမှာစိုးလို့လေ...... ဒါကတော့ ရင်ကပ်ပန်းလေးပါ..... သစ်ခွပန်း နဲ့ နှင်းဆီပန်းကိုအသုံးပြုထားပါတယ်....... ဒီပန်း မုဒ်ဦးလေးကတော့ Chatrium Hotel ရဲ့ Grand Ball Room မှာအလှဆင်ပေးထားတာပါ...
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
သရဲခြောက်ခံရခြင်း(၂)
  • အမှန်တစ်ကယ်ကိုယ်တွေ့ဖြစ်ပါတယ်...မွှေးတို့ရုံးကဗုံးပေါက်ဖူးတဲ့စင်တာတစ်ခုရဲ့အပေါ်ထပ်ပါ....
  • လူအမည်များလွှဲပြီးဖော်ပြထားပါတယ်.....
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
မီဒူးဆာကိုအောင်မြင်ခြင်း(ဇာတ်သိမ်းပိုင်း)
တစ်ကယ်လို့သူ့ကိုဂါဂွန်သတ္တ၀ါတွေရှိတဲ့နေရာကိုမပြောပြဘူးဆိုရင် သူတို့ရဲ့တစ်လုံးတည်းသော မျက်လုံးကိုပင်လယ်ထဲကိုလွှင့်ပစ်လိုက်မှာဖြစ်ကြောင်း.. အဲဒီလိုလွှင့်ပစ်လိုက်ရင်သူတို့အားလုံးတစ်သက်လုံးမျက်လုံးကန်းသွားမှာဖြစ်ကြောင်းချိန်းခြောက်တော့တာပေါ့....
သူတို့ရဲ့မျက်လုံးကိုပြန်ရချင်တဲ့ညီအစ်မသုံးယောက်ကလဲ ချက်ချင်းအဖြေပေးခဲ့ကြပါတယ်....
ပါးစီးယပ်(စ်)လဲအဖြေကိုသိသိချင်းမျက်လုံးကိုသူတို့ညီအစ်မသုံးယောက်ရဲ့ခြေထောက်နားကိုပစ်ပေးလိုက်ပြီး ပျံပြေးခဲ့ပါတော့တယ်....
ညီအစ်မသုံးယောက်လဲပါးစီးယပ်(စ်)ကိုဂရုမစိုက်နိုင်ပဲသူတို့ရဲ့မျက်လုံးကိုသာပြန်ရအောင်လေးဖက် ထောက်ပြီး
အော်ဟစ်ရှာဖွေရင်းကျန်ခဲ့ကြတာ ပါးစီးယပ်(စ်)ကိုတောင်ဂရုမစိုက်နိုင်ကြတော့ပါဘူး
နောက်ဆုံးမှာတော့ပါးစီးယပ်(စ်)ဟာ ကမ္ဘာအဆုံးမှာရှိတဲ့ကျောက်တုံးတွေကြားထဲမှာအိပ်ပျော်နေတဲ့ ဂါဂွန်သတ္တ၀ါတွေကိုတွေ့ရတော့တာပါပဲ......
ပြောင်လက်အောင်တိုက်ထားတဲ့ဒိုင်းကြီးထဲမှာမီးဒူးဆာရဲ့ပုံရိပ်ကိုကြည့်ပြီး ...အက်သီနာမှာတဲ့အတိုင်း အဖျားမှာစိန်တပ်ထားတဲ့ဓါးနဲ့ခေါင်းကိုတစ်ချက်ထဲဖြတ်ချလိုက်ပါတော့တယ်....
ခေါင်းပြတ်သွားတာနဲ့အိပ်ထဲကိုအလျှင်အမြန်ကောက်ထည့်လိုက်ပါတယ်....
မီဒူးဆာရဲ့သွေးအိုင်ထဲကနေပြီး ပက်ဂါဆာလို့ခေါ်တဲ့အတောင်ပါတဲ့နတ်မြင်းတစ်ကောင်ရုတ်တရက် ပေါ်လာပြီးသူ့ရဲ့အိမ်ဖြစ်တဲ့
ဟေလီကွန် တောင်ကိုပျံသွားပါတော့တယ်...
သူ့အလုပ်ပြီးတာနဲ့ ပါစီးယပ်(စ်)ဟာ ဟာမီးငှားလိုက်တဲ့အတောင်ပါတဲ့ ဖိနပ်ကိုစီးပြီးပျံပြေး ခဲ့ပါတယ်..
မီဒူးဆာရဲ့ညီအစ်မတွေနိုးလာပြီးသွေးအိုင်ထဲမှလဲနေတဲ့ ခေါင်းမရှိတဲ့ခန္တာကိုယ်ကြီးကိုတွေ့ရတော့.... ပါးစီးယပ်(စ်)နောက်ကိုလိုက်လာကြပေမဲ့ ဟာမီးရဲ့ဖိနပ်ပျံဟာ သူတို့ပျံနိုင်တာထက်ပိုမြန်တော့ လိုက်လို့မမှီကြဘူးပေါ့.....
Seriphos ကိုပြန်တဲ့လမ်းတစ်လျှောက်မှာ ပါးစီးယပ်(စ်)ဟာအရမ်းကိုလှပတဲ့ မိန်းကလေးတစ်ယောက်ကိုပင်လယ်ကိုဆီးမြင်နေရတဲ့ ကျောက်ဆောင်ပေါ်မှာ သံကြိုးတွေ နဲ့ခတ်ထားတာကို တွေ့ခဲ့ရပါတယ်.....
သူမဟာ အင်ဒရိုမီတာ ဖြစ်ကြောင်းသူမရဲ့မိခင်ဟာ ကက်ဆီအိုပီယာနိုင်ငံရဲ့ဘုရင်မဖြစ်ကြောင်း... သူမဟာသူမရဲ့သမီးဟာ နပ်(ပ)ကျွန်း နတ်မင်းရဲ့သမီး နာအီဒစ် ထက်ပင်ချစ်စရာကောင်းကြောင်း ပြောတဲ့အတွက်
ပင်လယ်နတ်မင်းပိုစီဒွန်ဟာ စိတ်ဆိုးပြီး တစ်မြို့လုံးကိုရေလွှမ်းစေခဲ့ပါတယ်... ပြီးတော့ပင်လယ် ထဲကမကောင်းဆိုဝါးတွေကိုလဲလူတွေကိုဒုက္ခပေးဖို့စေလွှတ်ခဲ့ပါတယ်....
စိတ်ဆိုးနေတဲ့နတ်မင်းကို နှစ်သိမ့်စေမဲ့တစ်ခုထဲသော အရာဟာ အင်ဒရိုမီတာကို ပင်လယ်နတ်ဆိုးတွေ ဆီကိုပေးလိုက်ဖို့ပဲဖြစ်ပါတယ်... ဒါကြောင့်သူမရဲ့ဖခင်ဘုရင်ကြီး Cepheus ဟာသူ့ရဲ့သမီးကို ကျောက်ဆောင်တွေပေါ်မှာသံကြိုးနဲ့ချည်ထားပြီး ပင်လယ်နတ်ဆိုးတွေလာခေါ်နိုင်အောင်ထားပေးတာဖြစ်ပါတယ်.....
Andromeda ဟာသူ့ဦးလေးဖြစ်သူ Phineus နဲ့စေ့စပ်ထားပေမဲ့ သူဟာ မင်းသမီးကိုကယ်ဖို့သတ္တိမရှိ ပါဘူး.... အဲဒါနဲ့ပါးစီးယပ်(စ်)လဲ ဘုရင် Cepheus ဆီကိုသွားပြီးပင်လယ်ထဲကမကောင်းဆိုးဝါးတွေကိုသူနှိမ်နင်းပေးမဲ့အကြောင်း မင်းသမီးရဲ့အသက်ကို ကယ်ပြီးတာနဲ့မင်းသမီးကို သူ့ရဲ့သတို့သမီးအဖြစ်ပေးဖို့အကြောင်းသွားပြောပါတယ်....
ဘုရင်နဲ့မိဘုရားကလဲသဘောတူကြတာနဲ့ ပါးစီးယပ်(စ်)လဲ ကျောက်ဆောင်ဆီကိုပြန်လာတော့တာပေါ့.....
မကြာခင်မှာပဲ ပင်လယ်ထဲကမကောင်းဆိုးဝါးတွေပေါ်လာပြီး မင်းသမီးလေးကို ယူဖို့ရောက်လာကြပါတော့တယ်... ဒါပေမဲ့ ပါးစီးယပ်(စ်) ကကိုယ်ပျောက် ဦးထုပ်ကိုဆောင်း ဟာမီး ရဲ့ဖိနပ်ပျံကိုစီးပြီး စိန်ဓါးနဲ့ မကောင်းဆိုးဝါးတွေရဲ့ခေါင်းကို စက္ကန့်ပိုင်းအတွင်းမှာပဲလိုက်ဖြတ်လိုက်တော့တာပါပဲ......
မကောင်းဆိုးဝါးကောင်တွေလဲ ရုန်းကန်ရင်းနဲ့အကုန်သေသွားကြတာပေါ့.... ပါးစီးယပ်(စ်) က မင်းသမီးနဲ့ ကျောက်ဆောင်တွဲထားတဲ့ သံကြိုးကို စိန်ဓါးနဲ့ ဖြတ်လိုက်ပါတယ်..
ဘုရင့်သမီးတော်နဲ့တိုင်းသူပြည်သားတွေဟာ အခုဆိုအန္တရာယ်ကင်းသွားပြီဖြစ်လို့သူ့ရဲ့လှပလွန်းတဲ့ သမီးတော်လေးကိုလူစိမ်းနဲ့လက်ထပ်ပေးဖို့ကိုပြန်စဉ်းစားနေတော့တာပေါ့.... ဒါပေမဲ့ ပါးစီးယပ်က ကတိဖျက်မှာကိုလုံးဝလက်မခံနိုင်ပါဘူး.....
မင်္ဂလာပွဲကျင်းပတဲ့အချိန်မှာတော့ ဘုရင်ဟာ နန်တော်ရဲ့တံခါးတွေကိုဖွင့်ထားပါတယ်... Phineas နဲ့သူရဲ့စစ်သား တစ်ရာကျော်ဟာ နန်းတော်တံခါးကနေ၀င်လာပြီး Andromeda ကို phineas ရဲ့သတို့သမီးအဖြစ်တောင်းလာပါတယ်....
ပါးစီးယပ်က ဘုရင်ဟာရိုးသားဟန်ဆောင်ပြီး သူ့ကိုတိုက်ခိုက်ဖို့ကြံစည်နေကြောင်းကိုသိသွားပါတယ် .. နန်းတော်တံခါးကနေပြီးရန်သူတွေပိုပြီးဝင်လာတာကိုတားဖို့လုံးဝမကြိုးစားပဲ နေတော့ရန်သူတွေ တဖွဲဖွဲနဲ့ဝင်လာတော့တာပေါ့.....
ဘုရင်ဟာ သူ့ညီတော်နဲ့အရင်ကတည်းကကိုအစီအစဉ်တွေလုပ်ထားခဲ့တာပါ...
တိုက်ပွဲဟာကြောက်စရာကောင်းလောက်အောင်ကိုပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး သွေးတွေလဲချောင်းကို စီးလို့ပေါ့... အချိန်အတော်ကြာတဲ့အခါ ပါးစီးယပ်(စ်)က သူ့လူတွေကိုခေါင်းတွေကိုတစ်ခြားဖက်လှည့် ထားဖို့အော်ပြောပြီးမီဒူးဆာရဲ့ခေါင်းကို အပြင်ကိုဆွဲထုတ်လိုက်ပါတော့တယ်.....
နှစ်ရာကျော်လောက်ရှိတဲ့ Phineus ရဲ့လူတွေဟာအကုန်ကျောက်ရုပ်ဖြစ်ကုန်တော့တာပါပဲ...... Phineus လဲအရမ်းကိုကြောက်လန့်သွားပြီးသူ့ကိုခွင့်လွှတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့...
ဒါပေမဲ့ပါးစီးယပ်(စ်) မှာခွင့်လွှတ်ချင်တဲ့စိတ်မရှိနေတာကြောင့် ဂါဂွန်သတ္တ၀ါရဲ့ခေါင်းကိုအသုံးပြုပြီး Phineus ကိုပါကျောက်ရုပ်အဖြစ်ပြောင်းလဲပစ်လိုက်ပါလေရောတဲ့...
သူ Seriphos ကျွန်းကိုအပြန်လမ်းမှာတော့သတို့သမီးအသစ်လေးကသူ့ဘေးမှာပေါ့... ပါးစီးယပ်ဟာ ကျွန်းကိုပြန်ရောက်တာနဲ့ တံငါသည်အဖိုးကြီးရဲ့တဲကိုဖျက်ဆီးခံထားတာတွေ့လိုက်ရပါတယ်...
Dictys နဲ့သူ့မိန်းမဟာထောင်ထဲရောက်နေပြီး Danae ကတော့ ဘုရင်ကသူ့ကိုအတင်းပဲလက်ထပ် ခိုင်းနေလို့ဘုရားကျောင်းမှာပုန်းနေရပါတယ်....
ပါးစီးယပ်(စ်)ဟာ ဘုရင်ကို မီဒူးဆာရဲ့ဦးခေါင်းယူလာပြီဖြစ်ကြောင်းကြေငြာလိုက်ပါတယ်....
ဘုရင်ပိုလီဒက်ဟာသူ့ကိုရဲ့ရင့်တဲ့လူငယ်ဆိုပြီးဟန်ဆောင်ချီးမွှမ်းခဲ့ပါတယ်....
တစ်ခဏအတွင်းမှာပဲ ပါးစီးယပ်(ပ်)ဟာ သူ့မျက်နှာကိုတစ်ခြားဖက်ကိုလှည့်လိုက်ပြီး ဂါဂွန်ရဲ့ခေါင်းကို အိတ်ထဲကထုတ်လိုက်ပြီးဘုရင်ရဲ့မျက်နှာရှေ့ကကိုပြလိုက်ပါတယ်....ဘုရင်နဲ့သူ့လူတွေအားလုံးလဲ
ကျောက်ရုပ်အဖြစ်ကိုအားလုံးပြောင်းသွားကြပါတော့တယ်....
ပါးစီးယပ်(စ်)လဲဘုရားကျောင်းမှာပုန်းနေတဲ့သူ့အမေကိုသွားခေါ်ပြီး Dictys နဲ့သူ့မိန်းမကိုလွှတ်ပေး လိုက်ပြီး Seriphos ရဲ့ဘုရင်နဲ့မိဘုရားအဖြစ်တင်မြှောက်ပေးလိုက်ပါတယ်....
ိဒီလိုနဲ့နှစ်ပေါင်းများစွာ နေလာကြရင်း ပါးစီးယပ်(စ်) Danae နဲ့ Andromeda တို့ဟာDanae ရဲ့ဇာတိ မြေဖြစ်တဲ့ Argos ကိုခရီးထွက်ခဲ့ကြပါတယ်.... အဲဒီမှာ ဘုရင်ကြီး Acrisius ဟာအုပ်ချုပ်မင်းလုပ်နေတုန်းပါပဲ... ဘုရင်ကြီးဟာ သနားစရာအထီးကျန်တဲ့လူအိုကြီးတစ်ယောက်ဖြစ်နေပါပြီ....
လမ်းမှာပါးစီးယပ်(စ်)တို့ဟာခဏရပ်ပြီး Larissa မှာဝင်ကစားကြပါတယ်.... ကစားပွဲမှာ ပါးစီးယပ်(စ်) နိုင်ရင် သူရတဲ့ဆုကိုယူပြီး သူ့အဖိုးဘုရင်ကြီးကို ခွင့်လွှတ်ဖို့အတွက်တောင်းပန်ရင်း ပေးဖို့ရည်ရွယ်ထားခဲ့ပါတယ်....
ဒါပေမဲ့ဘုရင် Acrisius ဟာသမီးနဲ့ မြေးဖြစ်သူတို့သူ့ကိုလာတွေ့တယ်လို့ ကြားကတည်းကသူ့ကိုသတ်ဖို့လာတာလို့ထင်ပြီး ထိတ်လန့်နေတာပေါ့ ... သမီးနဲ့မြေးလေးလာရင် ဘယ်လိုဆက်ဆံရမလဲဆိုတာတောင်မစဉ်းစားတတ်တော့ပါဘူး.....
ဒါနဲ့ဘုရင် Acrisius ဟာကစားပွဲတွေရှိတဲ့ Larissa ကိုလာခဲ့ပါတယ်.... ဒါမှသာသူ့ရဲ့မြေးဟာ Argos ကသူ့ရဲ့နန်းတော်မှာလိုက်ရှာရင်မတွေ့မှာဖြစ်ပါတယ်.... လူတွေများလှတဲ့ဒီကစားပွဲဟာ လူအိုကြီးတစ်ယောက်အတွက်ပုန်းဖို့လုံခြုံလိမ့်မယ်လို့သူထင်ပါတယ်....
ဒီကစားပွဲမှာ ပါးစီးယပ်(စ်) ကသံပြားပစ်ပြိုင်နေပါတယ်.... သူပစ်လိုက်တဲ့သံပြားဟာ ပွဲကြည့် ပရိသတ်ထဲကိုရောက်သွားပြီး အဖိုးအိုတစ်ဦးကိုမှန်သွားပါတော့တယ်..... ပါးစီးယပ်(စ်)လဲ အဖိုးအို ဆီပြေးသွားပြီး ပွေ့ချီထားလိုက်ပါတယ်... ဒါပေမဲ့အဖိုးအိုဟာ လန့်ပြီးသေဆုံးသွားပါတော့တယ်... သူ့ရဲ့နောက်ဆုံးထွက်သက်မှာပြောသွားတဲ့စကားတစ်လုံးကတော့ “Danae” တဲ့..... ပါးစီးယပ်(စ်)လဲ သူ့လက်ပေါ်မှာပဲဆုံးပါးသွားရှာတဲ့အဖိုးအိုဟာ သူ့သမီးကိုရက်ရက်စက်စက်စွန့်ပစ် ခဲ့တဲ့ သူ့အဖိုးဘုရင်ကြီးမှန်းသိလိုက်ပါတယ်....
ပါးစီးယပ်(စ်)ဟာ Argos ရဲ့ရာဇပလ္လင်ပေါ်မှာထိုင်နိုင်ပြီပေါ့.... သူနဲ့ Andromeda ဟာ Argos ကိုတရားမျှတစွာနဲ့နှစ်ပေါင်းများစွာအုပ်ချုပ်ပြီး ပျော်ရွှင်စွာနေထိုင်ကြသတဲ့.....
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
မီဒူးဆာကိုအောင်မြင်ခြင်း (ဒုတိယပိုင်း)
ဘုရင်ပေါ်လီဒက်ဟာ ပါးစီးယပ်(စ်) ကို ဂါဂွန်သတ္တ၀ါ မီဒူးဆာရဲ့ ဦးခေါင်းကိုသူ့ဆီကိုယူလာဖို့ ခိုင်းလိုက်ပါတယ်....
ဂါဂွန်သတ္တ၀ါညီအစ်မ သုံးယောက်ဟာ ကမ္ဘာကြီးအဆုံး ပင်လယ်သမုဒ္ဒရာကိုကျော်ပြီး အမှောင်တိုင်းပြည်မှာနေကြတဲ့ သတ္တ၀ါတွေပေါ့....
သူတို့ထဲက ညီအစ်မ နှစ်ယောက်ကတော့ နတ်ဘုရားတွေလိုပဲ သာမန်မဟုတ်ကြပဲ မီဒူးဆာတစ်ယောက်ကတော့ လူသာမန်တွေလိုပဲဖြစ်သတဲ့.....
အမှန်တစ်ကယ်တော့ သူတို့ညီအစ်မ သုံးယောက်ဟာ ချောမောလှပ ခဲ့ကြတဲ့အမျိုးသမီးလေးတွေပေါ့...... ဒါပေမဲ့ ပိုစီဒွန်ဟာ မီဒူးဆာကိုနှစ်သက်ခဲ့တဲ့ အချိန်မှာ သူမှရဲ့ အတုမရှိတဲ့အလှအပပေါ်မှာ အရမ်းကိုဂုဏ်ယူနေတဲ့ မီဒူးဆာဟာ နတ်ဘုရားရဲ့ မျက်နှာသာပေးမှု ကိုညင်းပယ်ခဲ့တယ်လေ.....
ပိုစီဒွန်ရဲ့ဒေါသ တွေဟာမီဒူးဆာနဲ့သူ့ရဲ့ညီအစ်မတွေကိုပျက်စီးစေခဲ့တယ်.... ဒါနဲ့ပဲသူတို့ရဲ့ ခေါင်းပေါ်မှာမြွေတွေဟာဆံပင်အဖြစ်ရှိတဲ့ ကြောက်စရာခန္တာကိုယ်ရှိတဲ့ ကြောက်စရာသတ္တ၀ါတွေဖြစ်လာခဲ့ကြတာပေါ့...
ဒါပေမဲ့ မီဒူးဆာရဲ့မျက်နှာကတော့ လှပတုန်းပါပဲ...
ဘယ်လိုပဲဖြစ်ဖြစ်ချစ်စရာကောင်းလှတဲ့အမျိုးသမီးရဲ့ခေါင်းပေါ်မှာ မြွေအရှင်တွေလူးလွန့်နေတဲ့ပုံဟာဖြင့် တစ်ခြားကြောက်စရာ မကောင်းဆိုးဝါးတွေထက်ကိုပိုပြီးထိတ်လန့်စရာကောင်းနေတော့တာပါပဲ....
မီဒူးဆာရဲ့မျက်နှာကိုကြည့်မိတဲ့သူတိုင်းဟာ ချက်ချင်းပဲကျောက်ရုပ်အဖြစ်ကိုပြောင်းသွားတတ်ပါတယ်....
ပါးစီးယပ်(စ်)ဟာ တစ်ညလုံးဘုရားကျောင်းမှာ ဇုနတ်ဘုရားရဲ့သမီးတော် သူ့ရဲ့အစ်မလဲဖြစ်တဲ့ နတ်ဘုရားမ အက်သီနာ ကို ဆုတောင်းနေခဲ့တာပေါ့.....
နတ်ဘုရားမ အက်သီနာလဲ သူ့ရှေ့မှာပေါ်လာပြီး သူ့ကိုကြေးဝါဒိုင်းကြီးတစ်ခုကို ပြောင်လက်နေအောင် တိုက်ခိုင်းပါတယ်.... ဒါမှဂါဂွန်သတ္တ၀ါ ရဲ့ခေါင်းကိုဖြတ်တဲ့အခါ ဒိုင်းထဲက ပုံရိပ်ကိုကြည့်ပြီးဖြတ်နိုင်မှာဖြစ်တယ်... သူဟာဒီသတ္တ၀ါရဲ့မျက်နှာကိုတိုက်ရိုက်ကြည့်မိမယ်ဆိုရင် ကျောက်ရုပ်ဖြစ်သွားနိုင်တယ်လေ....
ပါးစီးယပ်(စ်) ဟာကမ္ဘာကြီးရဲ့အဆုံးမှာရှိတဲ့ ဂါဂွန်တွေနေတဲ့နေရာကိုသွားနိုင်ဖို့အတွက် နတ်ဘုရား ဟာမီး(စ်) က သူ့ရဲ့အတောင်ပါတဲ့ ဖိနပ်ကိုငှားလိုက်ပါတယ်....
အက်သီနာဟာ ပါစီးယပ်(စ်)ကိုရေတံခွန်စောင့်နတ်သမီးတွေဆီကိုသွားတွေ့ဖို့ပြောပါတယ်... နတ်သမီးတွေက သူ့အတွက်လိုအပ်တဲ့ လက်ဆောင် သုံးခုပေးမှာဖြစ်တဲ့အတွက်သွားတွေ့ရမှာပါ....
ပါးစီးယပ်(စ်) လဲ အက်သီနာပြောတဲ့အတိုင်းနတ်သမီးတွေဆီကိုသွားတဲ့အခါ ကိုယ်ပျောက်ဦးထုပ်၊ ဂါဂွန်ရဲ့ဦးခေါင်းဟာရိုးရိုးဓါးတွေနဲ့ဖြတ်လို့မရနိုင်တဲ့အတွက် အဖျားမှာစိန်တပ်ထားတဲ့ဓါး၊ ဦးခေါင်းကိုဖြတ်ပြီးတာနဲ့တစ်ခါထဲ ထည့်ဖို့အိတ် တို့ကိုပေးလိုက်ပါတယ်.....
ဂါဂွန်သတ္တ၀ါတွေရှိတဲ့နေရာကိုသွားတဲ့လမ်းကိုရှာနိုင်ဖို့အတွက်တော့ ပါးစီးယပ်(စ်)ဟာ မီးခိုးရောင်ညီအစ်မသုံးယောက်ဆီကိုချဉ်းကပ်ရပြန်ပါတယ်.....
အဲဒီအဖွားအိုညီအစ်မသုံးယောက်မှာမှမျက်လုံးကတစ်လုံးပဲရှိသတဲ့...အဲဒါကိုတစ်လှည့်စီတပ်ပြီး ကြည့်ကြရတာမို့သူတို့တွေကတစ်လှည့်စီပဲအမြင်အာရုံရကြရှာပါတယ်.....
ပါးစီးယပ်(စ်)ဟာ ကိုယ်ပျောက်ဦးထုပ်ကိုဆောင်းလာပြီးမီးခိုးရောင်ညီအစ်မတွေနားကပ်သွားလို့ ဂါဂွန်သတ္တ၀ါတွေကိုဘယ်မှာရှာရမလဲ လို့မေးခဲ့ပါတယ်.....
အဲဒီနေ့မှာမှသူတို့ညီအစ်သုံးယောက်ကကြည်ကြည်လင်လင်မရှိကြပါဘူး... အထူးသဖြင့်သူတို့မမြင်ရတဲ့လူစိမ်းပေါ်မှာပိုပြီးတော့တောင်မှမကြည်ပါဘူး....
သူတို့ကပါးစီးယပ်(စ်)ဘယ်မှာလဲဆိုတာသိချင်နေကြပါတယ်... ပါးစီးယပ်(စ်) လဲသူပုန်းနေတဲ့နေရာကိုအရပ်အရှည်ဆုံးအစ်မသာမြင်နိုင်တယ်လို့ပြောတဲ့အခါ..
သူတို့ရဲ့မျက်လုံးကိုအရပ်အရှည်ဆုံးအစ်ကိုလှမ်းပေးလိုက်ပါတယ်.. . ဒါပေမဲ့သူလက်ထဲမရောက်ခင်ပဲ ပါးစီးယပ်(စ်) ကလုယူထားလိုက်ပြီး....
သူတို့ကိုချိန်းခြောက်ပါတော့တယ်.....
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
မီဒူးဆာကိုအောင်မြင်ခြင်း( ပထမပိုင်း)
ဟိုးးးးးးးရှေးရှေးတုန်းကပေါ့.... Argos ဆိုတဲ့တိုင်းပြည်မှာ Acrisius ဆိုတဲ့ဘုရင်ကြီးတစ်ပါးရှိသတဲ့.....တစ်နေ့မှာအပိုလိုနတ်ဘုရားရဲ့ ပုရောဟိတ်ကြီးဟာ သူရဲ့သမီး Danae ကမွေးတဲ့သားဟာ ဘုရင် Acrisus ကိုတစ်နေ့မှာသတ်ပြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့အတွက် ဒီကံကြမ္မာကိုရှောင်လွှဲချင်တဲ့ဘုရင် Acrisius ဟာ Danae ကိုမျှော်စင်ပေါ်မှာအကျဉ်းချထားခဲ့တယ်…
ဒါပေမဲ့ နတ်တို့ရဲ့ဘုရင် ဇုနတ်မင်းကြီးရောက်လာပြီး ရွှေမိုးတွေသူမပေါ်ကိုရွာချပေးခဲ့ပါတယ်… ကိုးလကြာတဲ့အခါ သူမဟာ သားကလေးတစ်ယောက်မွေးခဲ့ပါတယ်… သူ့ကို ပါစီးယပ်(စ်) လို့နာမည်ပေးလိုက်တယ်….တစ်နေ့တော့ဘုရင် Acrisius ဟာမျှော်စင်နားမှာ လမ်းလျှောက်နေရင်း ကလေးငိုသံကိုကြားမိလိုက်တာပေါ့…. သူ့ရဲ့သမီးမှာ သားကလေးမွေးမှန်းလဲသိရော သားအမိနှစ်ယောက်လုံးကို သစ်သားသေတ္တာကြီးတစ်လုံး ထဲကိုထည့် သော့ပိတ်ပြီး ပင်လယ်ထဲကိုမျှောလိုက်ပါလေရော….
အဲဒီညမှာပဲ မုန်တိုင်းကပြင်းထန်လို့ လှိုင်းတွေက သေတ္တာသော့ ပြုတ်ထွက်သွားအောင် ရိုက်ခတ်လိုက်ပါတော့တယ်…..နောက်တစ်နေ့မှာတော့ ပင်လယ်ဟာငြိမ်သက်သွားပြီး သေတ္တာကိုပင်လယ်ကမ်းခြေကိုသယ်ဆောင်သွားပါတော့တယ်…..
အဲဒီကမ်းခြေမှာတံငါသည်ရွာကလေးရှိပြီး Dictys လို့ခေါ်တဲ့လူက အုပ်ချုပ်ပါတယ်... တံငါရွာလူကြီးလဲသစ်သားသေတ္တာကိုတွေ့တော့ ပင်လယ်နတ်ဘုရား ပိုစီဒွန်ကပေးတဲ့လက်ဆောင်ပဲဆိုပြီးဝမ်းသာအားရသွားဖွင့်ပါတယ်....
သူတို့သေတ္တာကိုဖွင့်လိုက်တဲ့အခါမှာတော့ အထဲမှာ အရမ်းကိုကြောက်လန့်နေတဲ့မိန်းမတစ်ယောက်နဲ့သူ့ကလေးလေးကိုတွေ့ရတော့တာပေါ့...
Dictys ဟာသူမကိုသူ့လက်ကိုဆွဲပြီး သေတ္တာထဲကထွက်ခဲ့ဖို့ပြောပြီးလက်ကမ်းပေးပေမဲ့ ပထမတော့ သူမအရမ်းကိုကြောက်လန့်ပြီး ထွက်မလာရဲပါဘူး...
ဒါနဲ့ တံငါသည်အဖိုးကြီးက သူဟာ ကြမ်းတမ်းလှတဲ့တံငါသည်နဲ့တူပေမဲ့တစ်ကယ်တော့ ဒီကျွန်းရဲ့ဘုရင် Polydectes ဟာသူ့ရဲ့ညီဖြစ်ကြောင်း သူမကိုကောင်းကောင်းစောင့်ရှောက်မှာဖြစ်ကြောင်းပြောပြပါတယ်......
တံငါသည်အဖိုးကြီး Dictys နဲ့သူ့မိန်းမ တို့ဟာ Danae နဲ့ပါစီးယပ်(စ်) သားအမိကို သူတို့ရဲ့တဲကိုဝမ်းသာအားရ ခေါ်သွားကြတာပေါ့.... ဒီလိုနဲ့မကြာခင်မှာပဲ မိန်းကလေးနဲ့သူ့သားတို့ဟာ ကလေးမရှိတဲ့ လင်မယားအတွက် မိသားစုဝင်တွေဖြစ်သွားပါတော့တယ်.....
ပါးစီးယပ်(စ်) အရွယ်ရောက်လာတဲ့အခါမှာ အရမ်းကိုသန်မာပြီး ရုပ်ရည်ချောမောတင့်တယ်တဲ့ လူငယ်တစ်ယောက်ဖြစ်လာလို့ သူ့ရဲ့အမေ Danae ကို လိုချင်နေတဲ့ ဘုရင် ပေါ်လီဒက်စက် ကတောင်သတိထားမိလာပါတော့တယ်...
ဘုရင်ပေါ်လီဒက် ဟာ Danae ကိုသူနဲ့အတင်းအကျပ်လက်ထပ်ခိုင်းချင်ပေမဲ့ သူ့သား ပါးစီးယပ်(စ်) က ကာကွယ်ပေးနေသမျှဘယ်လိုမှ မဖြစ်နိုင်မှန်းသိလို့ ပါးစီးယပ်(စ်)ကို ရှင်းပစ်ဖို့အတွက် အစီအစဉ်တွေဆွဲနေပါတော့တယ်.....
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
တစ်ကိုင်း နှစ်ကိုင်း သုံးလေးကိုင်း
ရှေးရှေးတုန်းကပေါ့........ ရွာတစ်ရွာမှာ ဘုန်းတော်ကြီးတစ်ပါးရှိသတဲ့.......... တစ်နေ့မှာ ... ရွာထဲက ဒကာမ တစ်ယောက်က ဆွမ်းလာကပ်ပါရော.... ဘုန်းတော်ကြီးလဲဆွမ်းဟင်း ဘုန်းပေးရတာ အရမ်းကောင်းတာနဲ့.... "ဒကာမကြီး.... ဒီဆွမ်းဟင်းက ဘာဟင်းတုန်း... ဘုန်းပေးလို့ကောင်းသဗျ" ... လို့မိန့်သတဲ့.... ဒကာမကြီးကလဲ... "ဖွတ်သားဟင်းပါဘုရာ့" လို့ပြန်လျှောက်သတဲ့.... ဘုန်းတော်ကြီဒလဲဖွတ်သားဟင်းကိုသိပ်ကြိုက်သွားတာပေါ့.... ဒီလိုနဲ့တစ်နေ့မှာ ဘုန်းတော်ကြီး ဟာကျောင်းဝင်းထဲမှာ စကြံ င်္လျှောက်နေရင်းသစ်ပင်ပေါ်ကိုမော့ကြည့်လိုက်တော့ သစ်ကိုပေါ်မှာဖွတ်ကြီးတစ်ကောင်တွေ့ပါရော..... "ဟဲ့ သူတော် သူတော်" လို့ ခေါ်ပြီးမှ ပြန်စဉ်းစားမိတယ်...“အင်း ငါက ဘုန်းတော်ကြီးဖြစ်နေတော့ဖွတ်ကြီးကိုသတ်ပြီးချက်ခိုင်းရင်မသင့်တော်ဘူး” ဒါနဲ့ပဲ အနားရောက်လာတဲ့ ဦးသူတော်ကို "ဟဲ့သူတော် ဒီမည်ကျည်းပင်မှာ ကိုင်းဘယ်နှစ်ကိုင်းရှိလဲ ရေကြည့်စမ်း" ဆိုပြီးခိုင်းသတဲ့... ဦးသူတော်ကလဲ.... “ တစ်ကိုင်း..... နှစ်ကိုင်း.... သုံးကိုင်း.... . . . . ...... ပါဘုရာ့" " မဟုတ်သေးပါဘူးသူတော်ရယ် ပြန်ရေစမ်းပါအုန်း" "တစ်ကိုင်း..... နှစ်ကိုင်း...... သုံးကိုင်း...... . . . . .......ပါဘုရာ့ ...” “နင့်ဟာက မသေချာပါဘူးသူတော်ရယ် နောက်တစ်ခေါက်ထပ်ရေအုန်း” ဘုန်းတော်ကြီး ကဒီလိုခဏ ခဏ ရေခိုင်းတာ အကြောင်းရှိရမယ်ဆိုပြီး ဦးသူတော်က သစ်ပင်ပေါ်သေချာကြည့်တော့မှ ဖွတ်ကြီးကိုသွားတွေ့တော့တာပေါ့... အဲဒါနဲ့ ဦးသူတော်လဲ “ တစ်ကိုင်း..... နှစ်ကိုင်း.... သုံးကိုင်း.... . . . . ဖွတ်ကိုင်း....ပါဘုရာ့” လို့လျှောက်တင်လိုက်တဲ့အခါ.... ဘုန်းတော်ကြီးက “ဟဲ့...သူတော် အဲဒီဖွတ်ကြီးကိုဖမ်းလား ဆီးလား မလုပ်နဲ့ နော်...” ဆိုပြီးကျောင်းပေါ်ပြန်ကြွသွားသတဲ့... ဦးသူတော်လဲ ဖွတ်ကြီးကိုဖမ်းလိုက်ပြီးဆရာတော်ကို သွားပြသတဲ့.... “မိုက်လိုက်တဲ့သူတော်ရယ်.... နင်အဲဒီ ဖွတ်ကြီးကို သတ်လားဖြတ်လား မလုပ်နဲ့နော်..” လို့ပြောပြန်သတဲ့... ဦးသူတော်လဲ ဖွတ်ကြီးကိုသတ်ပြီး တစ်ခါ သွားပြပြန်သတဲ့... ဆရာတော်ကလဲ... “နင့်ကိုမသတ်ပါနဲ့လို့ ပြောသားနဲ့ သူတော်ရယ်... ကဲ..ကဲ... ဖွတ်ကြီးကိုချက်လား ပြုတ်လား မပြုနဲ့နော်...” လို့ပြောပြန်တာပေါ့.... ဦးသူတော်လဲ ဖွတ်ကြီးကို ကျကျနန ရေဆေး ချက်ပြုတ်ပြီး အကုန်စားလိုက်တော့တာပေါ့... ဆရာတော် ကိုတော့ ပဲပြုတ်နဲ့ပဲ ဆွမ်းကပ်သတဲ့... ဦးသူတော် အကြောင်းကို သိတဲ့ဆရာတော်လဲ.. ဘာမှမပြောတော့ပဲ ... ပဲပြုတ်နဲ့သာ ဘုန်းပေးနေတော့သတဲ့......... ဖတ်မိတဲ့ပုံပြင်တစ်ပုဒ်ကို မှတ်မိသလောက်ပြန်ပြောပြတာပါ... တော်တော်များများသိကြမဲ့ပုံပြင်လေးထင်ပါတယ်....
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
သရဲခြောက်ခံရခြင်း (၁)
ကိုယ်က ဟိုးးးးးအရင်တုန်းကတော့ ဘာကိုမှမကြောက်တတ်တဲ့သူတစ်ယောက်ပါ...... သရဲလဲမကြောက် အမှောင်ကိုလဲမကြောက်... တစ်အိမ်လုံးမှာတစ်ယောက်ထဲနေရမှာကိုလဲမကြောက်... ညအမှောင်မှာသွားရမှာကိုလဲမကြောက် ... ဘာဆိုဘာမှမကြောက်တတ်ခဲ့တဲ့သူပေါ့....... လူဆိုတာကလဲ ကိုယ်တစ်ကယ်မကြုံရရင်ဘာကိုမှမယုံတတ်တာမို့ သူများပြောပြတဲ့သရဲပုံတွေကိုရယ်မောရင်းသတ္တိအပြည့်နဲ့ နားထောင်နေကျပါ.... ဒီလိုနဲ့တစ်နေ့မှာ ကွန်ပျူတာနဲ့ ရုံးကပါလာတဲ့စာရင်းတွေကို အေးအေးဆေးဆေးလုပ်နေတုန်း ဗြုန်း...ဆိုလုပ်လက်စ အလုပ်တွေပျောက်သွားပြီး တစ်ခါမှမမြင်ဘူးအောင်ကြောက်စရာကောင်းလှတဲ့ မျက်နှာကြီးတစ်ခုက ကွန်ပျူတာ အပြည့်ပေါ်လာပါတယ်... တွေးမိရင်ခုရေးရင်းတောင်ကြောက်လာပါသေးတယ်... မျက်နှာကြီးက ပြာနှမ်းနှမ်းနဲ့ မျက်လုံးတွေက မှိတ်ထားလား ဖွင့်ထားလားခွဲမရ..ကိုယ့်ကိုပဲစိုက်ကြည့်နေသလိုလို သူဘာသာသူပဲမှိတ်နေသလိုလို... ဆံပင်ပြာနှမ်းနှမ်းတွေကလဲလွင့်လို့ မျက်နှာကြီးကလဲ လုံးဝ ခံစားချက်မရှိတဲ့မျက်နှာသေ ကြီး........ ဒီလိုမျက်နှာသေကြီး မျိုးတစ်ခါမှမမြင်ဘူးပါဘူး ကိုယ်လဲလန့်ပြီးကြောင်သွားတာနဲ့ ကွန်ပျူတာနောက်လိုက်ရှာ ခုံအောက်လိုက်ရှာနဲ့ ပြီးမှကွန်ပျူတာကိုတစ်ခါပြန်ကြည့် .. ဟင်ဘာမှလဲမရှိပါလား ....အို.... သတ္တိအလွန်ကောင်းတဲ့ရှင်မွှေးကြူ ဘာပြောကောင်းမလဲ အော်ပြီးအခန်းအပြင်ကိုထွက်ပြေးတာများတန်းနေတာပဲ.... ရင်ထဲမှာလဲ တစ်စုံတစ်ခုက ဖိထားသလိုအရမ်းကိုကြပ်နေပြီး..... ကြောက်လွန်းလို့တုန်နေတာပဲ.... အကျယ်ကြီးအော်လိုက်ချင်တာ မအော်ပဲထိန်းထားတော့ ရင်တွေကွဲထွက်မလိုပဲ... အဲဒါနဲ့ပဲ ကြောက်တယ်ကြောက်တယ် သရဲကြောက်တယ်ဆိုပြီးအကျယ်ကြီးအော်လိုက်မိတော့တာပေါ့.... အဲဒါနဲ့အိမ်ကလူတွေက ပြေးလာကြတာပေါ့ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲနဲ့ဝိုင်းမေးကြတာပေါ့.... သူတို့မေးသမျှဘာမှမဖြေနိုင်ပါဘူး.... ပြောနိုင်တဲ့စကားတစ်ခွန်းကတော့ သရဲကြောက်တယ်... သရဲကြောက်တယ်..ဆိုတာတစ်ခွန်းပဲရှိတော့ပါတယ်... အဲဒီအချိန်မှအဖေက အရင်ဆုံးသဘောပေါက်သွားတယ်... တစ်ကယ်တော့အဲဒါကိုသူလဲကြုံဘူးတယ်တဲ့.... သရဲမဟုတ်ပါဘူးတဲ့ ..... မောင်လေးတွေသူငယ်ချင်းတွေနောက်ပြီးပို့ထားတဲ့ ပရိုဂရမ်တစ်ခုပါတဲ့ ... ဂျပန်သရဲကားတစ်ကားထဲက သရဲမပုံတဲ့ ...အလုပ်လုပ်နေရင်းသူပေါ်ချင်တဲ့အချိန်ပေါ်လာအောင်ရေးထားတဲ့ ပရိုဂရမ်ဆိုပဲ.... ဘာပဲပြောပြောကိုယ်ကတော့ အိမ်က ကွန်ပျူတာကိုလုံးဝမကိုင်တော့ပါဘူးဆိုလို့အဖေက အဲဒါကြီးကိုလိုက်ရှာဖျက်ပေးပြီး တစ်ပတ်လုံးသုံးပြီး... လုံးဝမပေါ်တာသေချာမှပြန်အလုပ်လုပ်ရဲတော့တာပါ... ဒါကတော့ ရှင်မွှေးကြူရဲ့သတ္တိတွေကို စပြီးဖျက်ဆီးလိုက်တဲ့ သရဲမပေါ့... ကြောက်ပါပြီဆိုမှ နောက်ထပ် နောက်ထပ် ခံရတာလေးတွေထပ်ရေးပါအုန်းမယ်....
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS