အုန်းနို့ခေါက်ဆွဲ

တရုတ်နှစ်သစ်ကူး ရုံးအကြာကြီးပိတ်လို့ အုန်းနို့ခေါက်ဆွဲချက်စားဖြစ်ပါတယ်.... အုန်းနို့ခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ၁။ ကြက်သွန်နီ ကြီးကြီးနှစ်လုံး ၂။ ကြက်သွန်ဖြူ တစ်လုံး ၃။ ကြက်သား လေးပုံတစ်ပုံ (kg) ၄။ ပဲပြား ၂ တုံး ၅။ အုန်းနို့ 1/2 kg ၆။ အရောင်တင်မှုန့်အနည်းငယ် ၇။ ငံပြာရည်အနည်းငယ် ၈။ ပဲမှုန့် အစိမ်းမှုန့် ငါးကျပ်သားခန့် (0.1 kg) ၉။ အချိုမှုန့်အနည်းငယ် လိုအပ်ပါတယ် အုန်းနို့ကိုဒီလိုဗူးပဲဝယ်လိုက်ပါတယ်.. ပထမဆုံး ပဲမှုန့် အစိမ်းမှုန့်ကိုရေအေးနဲ့ဖျော်ပြီး ခဏစိမ်ထားပါတယ်... ကြက်သားတွေကို လက်မလောက်လေးတွေတုံးထားပါတယ်... ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုရောကြိတ်ထားပါတယ်...အုန်းနို့ကိုဆူအောင်ကြိုပါတယ်.... စိမ်ထားတဲ့ပဲမှုန့်တွေကိုလဲဆူအောင်ကြိုပါတယ်.... ကြိတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုအရောင်တင် နဲနဲ ထည့်ပြီး ဆီသပ်ပါတယ်.. ဆီသပ်တဲ့အထဲကို ငံပြာရည်နဲ့ အချိုမှုန့်တစ်ခါထဲထည့်ပြီးဆီသပ်ပါ....ကြက်သွန်တွေတော်တော်လေး ကြွပ်လာပြီဆိုရင် ကြက်သားထည့်ပြီးရေခန်းသည်အထိဆီသပ်ပါတယ်... ပဲပြုတ်ရေ ဆူလာရင် ကြက်သားဆီသပ်တွေကိုလောင်းထည့်လိုက်ပါ... ပြီးရင်တော့ အုန်းနို့ရေဆူဆူကိုလောင်းထည့်လိုက်ပါ...ပဲပြားလေးတွေကို သေးသေးတုန်းပြီးထည့်ပါ....အမှန်က ငါးဖယ်ရှိရင် ပြုတ်ပြီး သေးသေးတုံးထည့်လို့ရပါတယ်... ပွက်ပွက်ဆူပြီဆိုရင်စားလို့ရပါပြီ... အသင့်စားနိုင်ဖို့အတွက် ကြက်သွန်နီပါးပါးလှီးထားတာလေး ရယ် ငရုတ်သီးအကျက်မှုန့်ရယ် သံပုရာသီးလေးအရည်ညှစ်ထည့် ပဲကပ်ကြော်လေးထည့်ပြီး စားလို့ရပါပြီရှင်.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: