ရင်ခုန်တစ္စေ

နယ်မြို့လေးတစ်မြို့က ၀န်ထမ်းအိမ်ယာတစ်ခုမှာ... ကိုဘမောင်ရယ်... မသိန်းညွန့်ရယ်... သမီးလေး ၀ိုင်းစိန်တို့မိသားစုရှိကြလေရဲ့ .... မသိန်းညွန့်က ကိုဘမောင်အလုပ်သွားချိန်ဆိုရင် အရာရှိတွေနေတဲ့အိမ်ယာတွေဘက်ကို သမီးလေးကိုခေါ်ပြီး အလုပ်သွားလုပ်လေ့ရှိတယ်လေ... ကိုမောင်ပြန်လာမှ မိသားစုတွေအတူတူအိမ်ပြန်ကြတာပေါ့..... သူတို့နေတဲ့အိမ်ယာနဲ့ အရာရှိအိမ်ယာကြားမှာ လယ်ကွက်တွေတော်တော်များများရှိပါတယ်... တော်တော်လေးလမ်းလျှောက်ရပါတယ်.... တစ်နေ့မှာ ထုံးစံအတိုင်း ကိုဘမောင် တို့မိသားစု လယ်ကွင်းထဲကဖြတ်အပြန်.... သူတို့မမြင်ဘူးတဲ့လူတစ်ယောက်ကိုတွေ့တော့ ဘယ်လာတာပါလိမ့်လို့ တွေးမိသေးပါရဲ့.... သမီးလေးလက်ကိုဆွဲပြီး ဆက်လျှောက်လာရင်း ရုတ်တရက်သမီးလေး လယ်ကန်သင်းကို ခလုတ်တိုက်မိပြီးချော်လဲပါလေရော..... မသိန်းညွန့်က သမီးကိုချီမယ်အလုပ် ကိုဘမောင် က 'သမီးကို ငါကုန်းပိုးခဲ့ပါ့မယ် မသိန်းညွန့်ရယ်' ဆိုပြီး သမီးကို ကုန်းပိုးခေါ်ခဲ့တာပေါ့ နဲနဲလဲသွားမိရော ရုတ်တရက် ကိုဘမောင် ရင်တွေခုန်လာပါလေရော.... ရင်ခုန်တာမှ တကယ်ကိုရင်ခုန်တာပါ.... ရင်ဘတ်ကြီးတစ်ခုလုံး ပိန်လိုက်ဖောင်းလိုက် နဲ့ကို ဘေးလူတွေမြင်ရအောင် ခုန်တာပါ.... ကိုဘမောင်ရော မသိန်းညွန့်ပါအရမ်းလန့်ပြီး ခုန်နေတဲ့ ရင်ဘတ်ကြီးကိုဖိထားလဲမရပါဘူး.... ကိုဘမောင်ကိုကြည့်လိုက်တော့ မျက်ထောင့်တွေကလဲနီနေပြီ.... ဒါပေမဲ့ ကိုဘမောင်က အကုန်လုံးကိုသိပါတယ်... သူ့ရင်က ခုန်သာနေတာ မနာပါဘူးတဲ့ ... ဒါပေမဲ့ဒီလိုကြီးနေလို့ကတော့ မဖြစ်ဘူး ဆိုပြီး ရုံးအုပ်ကြီးကိုအကြောင်းကြား ... ရုံးကကားနဲ့ ဆေးရုံကိုပို့ရပါတော့တယ်.... ဆေးရုံမှာစမ်းသပ်စစ်ဆေးတော့လဲ အားလုံးအကောင်းပါပဲ....ဆရာဝန်တွေလဲ ဒီရင်ကြီးခုန်နေတာမြင်ရဲ့သားနဲ့ ဘာလုပ်ရမှန်းမသိကြပါဘူး.... ကဲ..ဘာမှမဖြစ်လဲမတတ်နိုင်ဘူး အိမ်ပဲပြန်ကြတာပေါ့ဆိုပြီးပြန်လာကြပါရော... ရင်ကြီးကတော့ခုန်မြဲပါပဲ.... အဲဒါနဲ့... တစ်ညလုံး ရင်တစ်ခုန်ခုန်နဲ့ပဲနေလိုက်တာ နောက်တစ်နေ့ဆွမ်းခံချိန်လဲရောက်ရော ... ကိုဘမောင်တို့ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းက ဦးဇင်းလေးကြွလာပါလေရော.... ဦးဇင်းလေးက ကိုဘမောင်ရဲ့အဖြစ်ကိုမြင်တဲ့အခါ ... ကျောင်းမှာ တစ်နယ်က ဦးဇင်းတစ်ပါး ရောက်နေကြောင်း ... အဲဒီဦးဇင်းက ဒီလိုထူးထူးဆန်းဆန်းအဖြစ်တွေကိုနားလည်ကြောင်း... ပြောပြပါတယ်... အဲဒါနဲ့ ကိုဘမောင်တို့လဲ အဲဒီဦးဇင်းနဲ့တွေ့ဖို့လိုက်သွားကြပါတယ်... ကျောင်းရောက်လို့ဦးဇင်းနဲ့လဲတွေ့ရော... ဦးဇင်းက ဟဲ့.. ကိုယ့်နေရာကိုယ်မနေပဲနဲ့ ဘာဝင်လုပ်နေတာတုန်း လို့လဲမေးရော...ကိုဘမောင် က တပည့်တော် ဘယ်သွားရမှန်းမှမသိတာဘုရာ့ဆိုပြီး ပြောပါလေရော.... အဲဒါနဲ့ ဦးဇင်းက မင်းဘယ်ကလိုက်လာတာလဲဆိုပြီးမေးတော့ တပည့်တော် ဘယ်သွားရမှန်းမသိတာနဲ့ လယ်ကွင်းထဲလျှောက်လာတုန်း ... ဒီကလေးမ ချှော်လဲတာတွေ့လို့ လိုက်သွားမယ်လုပ်တာ.... ကိုဘမောင်က ကုန်းပိုးသွားတာနဲ့သူနဲ့ပဲနေလိုက်တော့တာဘုရားလို့လျှောက်ပါတယ်.... ဦးဇင်းက အို.. ဒီလိုနေလို့ဘယ်ရမလဲ... ဒကာကြီးနေရာမှမဟုတ်ပဲကွယ်... ကဲကဲ တရားနာ.. ပြီးရင်ဆိုင်ရာတွေကိုနေရာတောင်းပြီး ကိုယ့်နေရာကိုနေကွယ့်ဆိုပြီး... တရားဟော...ပရိတ်ရွတ်ဖတ်ပြီး ပရိတ်ရေနဲ့ကိုဘမောင်ကိုဖျန်းပေးလိုက်တဲ့အခါမှ ကိုဘမောင်ရဲ့ ခုန်နေတဲ့ရင်လဲပုံမှန်အတိုင်းဖြစ်သွားတော့တယ်... ထူးဆန်းတာက ကိုဘမောင်က သူဦးဇင်းကိုလျှောက်တဲ့စကားတွေအကုန်လုံးကိုမှတ်မိတယ်တဲ့.... ဒါပေမဲ့သူပြောချင်လို့ပြောတာတော့မဟုတ်ဘူး ပါးစပ်ကသူ့အလိုလို ထွက်သွားတာတဲ့ ... သူလဲပြောပြီးမှ ဟင်ငါဘာတွေပြောနေပါလိမ့်... ငါဘာတွေပြောနေပါလိမ့် နဲ့ စဉ်းစားလို့မရဘူးဆိုပဲ......ဦးဇင်းဘာတရားဟောလဲဆိုတာတော့ ...မွှေးကြူကို .. ကိုဘမောင်က ပြောမပြလို့မသိပါဘူးရှင်.... ဒါလေးကတစ်ကယ်ဖြစ်ခဲ့တာကို အမည်များလွှဲပြောင်း ဖော်ပြထားခြင်းဖြစ်ပါတယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

rose said...

သြော်... ထူးဆန်းလိုက်တာနော်။ သရဲဇာတ်လမ်းတွေဆို အမြဲ စိတ်ဝင်စားတယ်။ စာလာဖတ်သွားပါတယ် အစ်မမွှေးကြူ...