နှင်းဆီ (၁)

နှင်းဆီပန်းလေးတွေကတော့ ပန်းလောကမှာဆိုရင်ဘုရင်မတွေပါပဲ.....ဒီဆန်းပြားလှပတဲ့ ချစ်စရာအပင်လေးတွေကိုရှေးနှစ်ပေါင်းများစွာကတည်းကစိုက်ပျိုးခဲ့ကြပါတယ်... ရာစုနှစ်ပေါင်းများစွာ ကတည်းက လူ့အဖွဲ့အစည်းထဲကခံစားမှုတွေကို နှင်းဆီပန်းနဲ့ဖော်ပြလေ့ရှိပါတယ်...နှင်းဆီပန်းကို အနုပညာလုပ်ငန်း ၊ စာပေကဏ္ဍ၊ ဂုဏ်ပြုချီးမွမ်းမှုတွေ၊ ပျော်ရွင်မှု ကိုဖော်ပြတဲ့နေရာ၊ ဆေးပါးကုသမှု စသည်ဖြင့် များပြားလှတဲ့ သင်္ကေတတွေအနေနဲ့ အသုံးပြုခဲ့ကြပါတယ်.... နှင်းဆီပန်းကိုပိုပြီးထင်ရှားစေတဲ့အကြောင်းတွေကတော့ ကြည့်လိုက်တိုင်း ကြည်နူးနှစ်သက်စရာကောင်းလှတဲ့ စုံလင်တဲ့သူ့ရဲ့အရောင် ၊ ဆန်းပြားလှပတဲ့ ပုံသဏ္ဍာန်များ၊ တမူထူးခြားပြီးသင်းပျံ့လှတဲ့သူ့ရဲ့ရနံ့ တွေကြောင့်ပဲဖြစ်ပါတယ်.....နှင်းဆီပန်းလေးတွေဟာ အသက်ရှုမှားလောက်အောင် စိတ်ကိုညှို့ယူဖမ်းစားနိုင်တဲ့လှပမှုနဲ့ သင်းရနံ့ကိုပိုင်ဆိုင်ကြပါတယ်.... ကမ္ဘာမြေကြီးပေါ်က လှို့ဝှက်နက်နဲတဲ့ အချစ်ကိုလဲ နှင်းဆီပန်းတွေကလွှမ်းမိုးထားတာသေချာပါတယ်....ဒီလိုသင်းရနံ့တွေလှပမှုတွေ ကိုပိုင်ဆိုင်ထားတဲ့ ပန်းပင်လေးဟာ ဆန်းပြားလှပသလောက် ကျန်းမာသန်စွမ်းလှတာကြောင့် ကိုယ့်ရဲ့သေးငယ်လှတဲ့ ကိုယ်ပိုင်နေရာသေးသေးလေးမှာတောင်မှ ကြည်နူးစရာ နှင်းဆီကမ္ဘာ (rose paradise) လေးကိုဖန်တီးထားနိုင်ပါတယ်..... Image search by google image

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

maylay said...

မွှေးကြူ နှင်းဆီပုံကို ကူးသွားတယ်။ ချစ်လို့။ သူ့အနံ့ကို ကြိုက်တယ်။ ပန်းတိုင်းကြိုက်ပေမယ့် တယုတယ ဘာမှကို မလုပ်တတ်တာ။ ပန်လည်း မပန်ဘူး။ နှင်းဆီကို ရဲရင့်လို့၊ ကာကွယ်နိုင်တဲ့အရာတွေနဲ့ ဝန်းရံထားလို့၊ ခိုင်မာလို့ကို ကြိုက်တယ်။
maylay

ငှက်ကလေး said...

အင် များက ဘယ်ပန်းမှ မကြိုက်ဘူးရယ် မမမွှေးရဲ့ ဒါပေမယ့် ဖတ်သွားတယ်နော် ဘိုင်