သခွားသီးသုပ်

ချဉ်ချဉ် ငံငံ စပ်စပ် သခွားသီးသုပ်လေးကျွေးချင်လို့ပါ....သခွားသီးအ၀ါရောင် (old cucumber) နဲ့သုပ်တာပါရှင်... ပထမဆုံး သခွားသီးကို အဖတ်ကြီးကြီးတွေရအောင်ခြစ်ပါတယ်ရှင်....ပြီးပုစွန်ကိုလှော်ပါတယ်.....လှော်ပြီးပုစွန်ကိုအခွံနွာပြီး ၃ ပိုင်းလောက်ပိုင်းပါတယ် .....ငရုတ်သီးစိမ်း (အနီရောင်/အစိမ်းရောင်) နဲ့ကြက်သွန်ဖြူကိုရောပြီးကြိတ်ပါတယ်... သခွားသီးခြစ်ပြီးသားတွေနဲ့ ပုစွန်၊ အချိုမှုန့် ၊ဆား၊ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ၊ ပင်စိမ်းရွက် (မရနိုင်လျှင်နံနံပင်) ၊ သံပုရာသီး တို့ကိုရောနှယ်ပြီးချဉ်ချဉ် ၊ ငံငံ ၊ စပ်စပ် သခွားသီးသုပ်လေးစားလို့ရပါပြီ....လွယ်ကူမြန်ဆန်နဲ့စားနိုင်ပါတယ်.... ထမင်းနဲ့လဲစားလို့ကောင်းသလို ရေနွေးကြမ်းလေးနဲ့လည်းမြည်းလို့ကောင်းပါတယ်ရှင်.... လည်လည်လာကြတဲ့သူငယ်ချင်းအားလုံးကို သခွားသုပ်နဲ့ ဧည့်ခံပါတယ်ရှင်.... သုံးဆောင်ကြပါရှင်..:)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

3 comments:

maylay said...

သခွားသီးသုပ် စားသွားတယ်မွှေးကြူ အချဉ်ကြိုက်တော့ ပုဇွန် မပါတဲ့ သခွားသီးသုပ် ခဏခဏ လုပ်စားဖြစ်တယ်။ မြန်လည်းမြန်တယ်လေ။
maylay

ballonlay said...

မွှေးကြူ သခွါးသီးသုတ်ကိုကြည့်ပြီး သရေကျသွားတယ်.. စားချင်လိုက်တာ..ရှလွတ်.. ;)

အဂ္ဂ said...

သူငယ်ချင်းရေ-
အီဂျစ်ကပိရမစ်တွေကို တည်ဆောက်တာတောင် အချိုးအစားရှိတယ်။ အဲဒါလေးများမေ့နေသလားလို့ပါ။ ကျွန်တော်တို့က အချိန်အဆကို မမှန်းတတ်ဘူးလေ။