တစ်နေ့မှာ ပါမ္မောက္ခကြီးတစ်ယောက်ဟာ အတန်းမစခင် အတန်းရှေ့ကစားပွဲပေါ်မှာပစ္စည်းတစ်ချို့ကိုတင်ပြီး မတ်တပ်ရပ်နေပါတယ်..
အတန်းထဲမှာလူစုံတာနဲ့ ဘာစကားမှမပြောပဲ ရေတစ်ကောင်းတစ်ခုထဲကို အချင်း ၂လက်မလောက်ရှိတဲ့ ကျောက်တုံးလေးတွေထည့်နေခဲ့တယ်..
ပြီးတော့သူကအတန်းသားတွေကို ကဲကြည့်ကြစမ်း ကျောက်တုံးလေးတွေ ပြည့်ပြီလားလို့မေးလိုက်တော့ အားလုံးက ဟုတ်ကဲ့ပြည့်ပါပြီပေါ့...
သူက နောက်ဗူးတစ်ခုထဲက ကျောက်စရစ်ခဲသေးသေးလေးတွေကိုယူပြီး ရေတစ်ကောင်းထဲကိုထည့်ပြန်တယ်...
ပြီး ရေတစ်ကောင်းကိုဖြည်းဖြည်း
လှုပ်ပေးလိုကတဲ့အခါ လွတ်နေတဲ့နေရာတွေကို ကျောက်စရစ်ခဲ့လေးတွေ ၀င်သွားပြန်တာပေါ့... သူက ထပ်မေးပြန်ပါတယ်...
တပည့်တို့ ရေတစ်ကောင်း လေးပြည့်သွားပြီလားပေါ့...အားလုံးကလဲ ရေတစ်ကောင်းလေး ပြည့်သွားတာကို လက်ခံကြပါတယ်....တစ်ခါ ကျန်သေးတဲ့ နောက်ဗူး တစ်ခုထဲက သဲတွေကို ယူပြီး ရေတစ်ကောင်းထဲထည့်ပြန်ပါတယ်...ကျောက်ခဲ လေးတွေကြားက လွတ်နေတဲ့နေရာတွေကို
သဲတွေဝင်သွားပြန်ပါတယ်.... တစ်ခါ ကျောင်းသားတွေကို ရတစ်ကောင်းလေးပြည့်ပြီလား မေးပြန်ပါရော..
ကျောင်းသားတွေကလဲ တစ်ညီတစ်ညွတ် ထဲ ပြည့်ပါပြီလို့ဖြေကြပြန်ရော..အဲဒီအခါကျမှ ပါမ္မောက္ခကြီးက ကဲ တပည့်တို့ ဒီရေတစ်ကောင်းလေးဟာ
မင်းတို့ရဲ့ဘ၀တွေကို ကိုယ်စားပြုနေတယ်ဆိုတာ မင်းတို့သတိထားမိကြရဲ့လားလို့မေးလိုက်တယ်.. ကျောက်တုံးတွေက တော့ မင်းတို့ရဲ့ဘ၀မှာအရေး
အကြီးဆုံးအရာတွေပေါ့...ဥပမာ ကိုယ့် ရဲ့ မိသားစု ... လက်တွဲဖော် .. ကျန်းမာရေး..ကိုယ့်ရဲ့ သားသမီး.... စသဖြင့် .. တစ်ခြားဘာမှမရှိတော့ ရင်တောင် မှ ဒါလေးတွေရှိ
နေရင် ဘ၀မှာပြည့်စုံနေစေတဲ့အရာတွေပေါ့.... ကျောက်စရစ်ခဲလေးတွေကတော့..တစ်ခြားလိုအပ်တဲ့အရာ.. ဥပမာ... အလုပ်အကိုင်.... အိမ်...ကား
စသဖြင့်ပေါ့...သဲတွေကတော့ကျန်တဲ့ အရေးမကြီး တဲ့အကြောင်းအရာ သေးသေးလေးတွေဖြစ်တယ်... ရေတစ်ကောင်းထဲကို သဲတွေအရင်ထည့်လိုက်မယ်ဆိုရင်
ရေတစ်ကောင်းဟာပြည့်သွားပြီး ကျောက်ခဲတုံးနဲ့ ကျောက်စရစ်ခဲလေးတွေအတွက် နေရာမရှိနိုင်တော့ဘူး.. မင်းတို့ ရဲ့ဘ၀မှာလဲ အတူတူပဲ....
မင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ အစွမ်းအစတွေကို အရေးမပါတဲ့အရာ သေးသေးလေးတွေမှာ အသုံးချလိုက်ရင်...အရေးပါတဲ့ အရာတွေအတွက် နေရာ
ဘယ်ရှိနိုင်ပါတော့မလဲ..ဘ၀မှာ အရေး အကြီးဆုံးဖြစ်တဲ့ အရာတွေကိုသာ ဦးစားပေးပြီး လုပ်မှ ပျော်ရွှင်အောင်မြင်တဲ့ဘ၀ကိုရနိုင်မယ်...
ကျောက်တုံးလေးတွေကိုသာ ဦးစားပေးအနေတဲ့ ဂရုစိုက်ပါ...တစ်ကယ့်ကိုလိုအပ်တဲ့အရာတွေကိုပဲ ဦးစားပေးပါ.. တစ်ကယ်တော့ ကျန်တာတွေက သဲတွေပါပဲ..
ဒီဘာသာပြန်လေးကို သက်တန့်ချို ရဲ့ ဘလော့မှာလဲဖတ်မိပါတယ်... အခုတစ်လော မွှေးကြူ အရေးမပါတာတွေပဲ
လုပ်မိနေလို့ ကိုယ့်ကိုကိုယ်သတိပေးတဲ့အနေနဲ့ ဖတ်မိတာလေးတစ်ခုကိုဘာသာပြန်ပါတယ်...
အရေးအကြီးဆုံးအရာ
တွေဝေခြင်း (သို့မဟုတ်) ပြတ်သားခြင်း
- ပုံပြင်ထဲက လူတွေက
- တောက်ပတဲ့ မြွေတွေရဲ့မျက်လုံးတွေကိုကြည့်ပြီး
- ရတနာတွေအမှတ်နဲ့ မြွှေတွင်းထဲကို ခုန်ချခဲ့ကြသတဲ့လေ...
- ငါကရော...
- ညှို့ချက်ပြင်းလှတဲ့မြွေတစ်ကောင်ကြောင့်...
- မှောင်မိုက်တဲ့မြွှေတွင်းမှန်းသိရက်နဲ့
- တောက်ပတဲ့လောကကြီးကို စွန့်လွှတ်ပြီး
- တွင်းနက်ကြီးထဲကိုခုန်ချဖို့ ကြိုးစားနေလိုက်တာ....
- ဒီညှို့ချက်ပြင်းတဲ့မြွေဆိုတာ....
- အချစ်လား.....
- အမှတ်တရ ဆယ်စုနှစ်တစ်ခုလား...
- မိန်းကတစ်ယောက်ရဲ့သိက္ခာလား....
- ဘာပဲဖြစ်ဖြစ် ... ငါကတော့ မြွေတွင်းနှုတ်ခမ်းမှာ..ခြေစုံရပ်မိခဲ့ပြီ...
- ရူးသွပ်တာတော့ မဟုတ်လောက်ပါဘူးနော်.....
ရင်ခုန်တစ္စေ
နယ်မြို့လေးတစ်မြို့က ၀န်ထမ်းအိမ်ယာတစ်ခုမှာ... ကိုဘမောင်ရယ်... မသိန်းညွန့်ရယ်... သမီးလေး ၀ိုင်းစိန်တို့မိသားစုရှိကြလေရဲ့ .... မသိန်းညွန့်က ကိုဘမောင်အလုပ်သွားချိန်ဆိုရင် အရာရှိတွေနေတဲ့အိမ်ယာတွေဘက်ကို သမီးလေးကိုခေါ်ပြီး အလုပ်သွားလုပ်လေ့ရှိတယ်လေ... ကိုမောင်ပြန်လာမှ မိသားစုတွေအတူတူအိမ်ပြန်ကြတာပေါ့..... သူတို့နေတဲ့အိမ်ယာနဲ့ အရာရှိအိမ်ယာကြားမှာ လယ်ကွက်တွေတော်တော်များများရှိပါတယ်... တော်တော်လေးလမ်းလျှောက်ရပါတယ်.... တစ်နေ့မှာ ထုံးစံအတိုင်း ကိုဘမောင် တို့မိသားစု လယ်ကွင်းထဲကဖြတ်အပြန်.... သူတို့မမြင်ဘူးတဲ့လူတစ်ယောက်ကိုတွေ့တော့ ဘယ်လာတာပါလိမ့်လို့ တွေးမိသေးပါရဲ့.... သမီးလေးလက်ကိုဆွဲပြီး ဆက်လျှောက်လာရင်း ရုတ်တရက်သမီးလေး လယ်ကန်သင်းကို ခလုတ်တိုက်မိပြီးချော်လဲပါလေရော..... မသိန်းညွန့်က သမီးကိုချီမယ်အလုပ် ကိုဘမောင် က 'သမီးကို ငါကုန်းပိုးခဲ့ပါ့မယ် မသိန်းညွန့်ရယ်' ဆိုပြီး သမီးကို ကုန်းပိုးခေါ်ခဲ့တာပေါ့ နဲနဲလဲသွားမိရော ရုတ်တရက် ကိုဘမောင် ရင်တွေခုန်လာပါလေရော.... ရင်ခုန်တာမှ တကယ်ကိုရင်ခုန်တာပါ.... ရင်ဘတ်ကြီးတစ်ခုလုံး ပိန်လိုက်ဖောင်းလိုက် နဲ့ကို ဘေးလူတွေမြင်ရအောင် ခုန်တာပါ.... ကိုဘမောင်ရော မသိန်းညွန့်ပါအရမ်းလန့်ပြီး ခုန်နေတဲ့ ရင်ဘတ်ကြီးကိုဖိထားလဲမရပါဘူး.... ကိုဘမောင်ကိုကြည့်လိုက်တော့ မျက်ထောင့်တွေကလဲနီနေပြီ.... ဒါပေမဲ့ ကိုဘမောင်က အကုန်လုံးကိုသိပါတယ်... သူ့ရင်က ခုန်သာနေတာ မနာပါဘူးတဲ့ ... ဒါပေမဲ့ဒီလိုကြီးနေလို့ကတော့ မဖြစ်ဘူး ဆိုပြီး ရုံးအုပ်ကြီးကိုအကြောင်းကြား ... ရုံးကကားနဲ့ ဆေးရုံကိုပို့ရပါတော့တယ်.... ဆေးရုံမှာစမ်းသပ်စစ်ဆေးတော့လဲ အားလုံးအကောင်းပါပဲ....ဆရာဝန်တွေလဲ ဒီရင်ကြီးခုန်နေတာမြင်ရဲ့သားနဲ့ ဘာလုပ်ရမှန်းမသိကြပါဘူး.... ကဲ..ဘာမှမဖြစ်လဲမတတ်နိုင်ဘူး အိမ်ပဲပြန်ကြတာပေါ့ဆိုပြီးပြန်လာကြပါရော... ရင်ကြီးကတော့ခုန်မြဲပါပဲ.... အဲဒါနဲ့... တစ်ညလုံး ရင်တစ်ခုန်ခုန်နဲ့ပဲနေလိုက်တာ နောက်တစ်နေ့ဆွမ်းခံချိန်လဲရောက်ရော ... ကိုဘမောင်တို့ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းက ဦးဇင်းလေးကြွလာပါလေရော.... ဦးဇင်းလေးက ကိုဘမောင်ရဲ့အဖြစ်ကိုမြင်တဲ့အခါ ... ကျောင်းမှာ တစ်နယ်က ဦးဇင်းတစ်ပါး ရောက်နေကြောင်း ... အဲဒီဦးဇင်းက ဒီလိုထူးထူးဆန်းဆန်းအဖြစ်တွေကိုနားလည်ကြောင်း... ပြောပြပါတယ်... အဲဒါနဲ့ ကိုဘမောင်တို့လဲ အဲဒီဦးဇင်းနဲ့တွေ့ဖို့လိုက်သွားကြပါတယ်... ကျောင်းရောက်လို့ဦးဇင်းနဲ့လဲတွေ့ရော... ဦးဇင်းက ဟဲ့.. ကိုယ့်နေရာကိုယ်မနေပဲနဲ့ ဘာဝင်လုပ်နေတာတုန်း လို့လဲမေးရော...ကိုဘမောင် က တပည့်တော် ဘယ်သွားရမှန်းမှမသိတာဘုရာ့ဆိုပြီး ပြောပါလေရော.... အဲဒါနဲ့ ဦးဇင်းက မင်းဘယ်ကလိုက်လာတာလဲဆိုပြီးမေးတော့ တပည့်တော် ဘယ်သွားရမှန်းမသိတာနဲ့ လယ်ကွင်းထဲလျှောက်လာတုန်း ... ဒီကလေးမ ချှော်လဲတာတွေ့လို့ လိုက်သွားမယ်လုပ်တာ.... ကိုဘမောင်က ကုန်းပိုးသွားတာနဲ့သူနဲ့ပဲနေလိုက်တော့တာဘုရားလို့လျှောက်ပါတယ်.... ဦးဇင်းက အို.. ဒီလိုနေလို့ဘယ်ရမလဲ... ဒကာကြီးနေရာမှမဟုတ်ပဲကွယ်... ကဲကဲ တရားနာ.. ပြီးရင်ဆိုင်ရာတွေကိုနေရာတောင်းပြီး ကိုယ့်နေရာကိုနေကွယ့်ဆိုပြီး... တရားဟော...ပရိတ်ရွတ်ဖတ်ပြီး ပရိတ်ရေနဲ့ကိုဘမောင်ကိုဖျန်းပေးလိုက်တဲ့အခါမှ ကိုဘမောင်ရဲ့ ခုန်နေတဲ့ရင်လဲပုံမှန်အတိုင်းဖြစ်သွားတော့တယ်... ထူးဆန်းတာက ကိုဘမောင်က သူဦးဇင်းကိုလျှောက်တဲ့စကားတွေအကုန်လုံးကိုမှတ်မိတယ်တဲ့.... ဒါပေမဲ့သူပြောချင်လို့ပြောတာတော့မဟုတ်ဘူး ပါးစပ်ကသူ့အလိုလို ထွက်သွားတာတဲ့ ... သူလဲပြောပြီးမှ ဟင်ငါဘာတွေပြောနေပါလိမ့်... ငါဘာတွေပြောနေပါလိမ့် နဲ့ စဉ်းစားလို့မရဘူးဆိုပဲ......ဦးဇင်းဘာတရားဟောလဲဆိုတာတော့ ...မွှေးကြူကို .. ကိုဘမောင်က ပြောမပြလို့မသိပါဘူးရှင်.... ဒါလေးကတစ်ကယ်ဖြစ်ခဲ့တာကို အမည်များလွှဲပြောင်း ဖော်ပြထားခြင်းဖြစ်ပါတယ်....
လက်သည်းလှလှပုံဖော်ကြရအောင်
ဒီနေ့တော့ လက်သည်းလေးတွေကို ချယ်ရီပန်းပုံလေးဖော်ပြီးဆိုးနည်းကိုပြောပြချင်ပါတယ်.....
လက်သည်းပုံဖော်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ ... ပန်းနုရောက်လက်သည်းနီ.. နို့စိမ်းရောင်လက်သည်းနီ.... နို့နှစ်ရောင်ခေါ်မလားပဲ အဖြူဖွေးဖွေးမဟုတ်တဲ့အဖြူရောင်လက်သည်းနီ... ပန်းရောင် Acrylic ရေဆေး...... အ၀ါရောင် Acrylic ရေဆေး.... အနက်ရောင် Acrylic ရေဆေး.... အဖြူရောင် Acrylic ရေဆေး...နဲ့ လက်သည်းပန်းချီဆွဲတဲ့စုတ်တံ တစ်ချောင်း... Base coat နဲ့ top coat တို့လိုအပ်ပါတယ်.....
ဒါကတော့ လိုအပ်တဲ့ပစ္စည်းတွေပုံပါ...
ပထမဆုံး မွှေးကတော့ လက်သည်းက သိပ်မကာင်းပဲ ကွဲထွက်တတ်လို့ Sally Hansen လက်သည်းအားဆေးကို အရင်ဆုံးဆိုးလိုက်ပါတယ်....
ဒီ continouous treatment ဆိုတဲ့အားဆေးကိုသုံးပါတယ်...
ပြီးတဲ့အခါ ဒုတိယအဆင့်အနေနဲ့ ပန်းနုရောင်လက်သည်းဆိုးဆေးကို ဆိုးပါတယ်....
တတိယအဆင့်ကတော့ လက်သည်းတစ်ဝက်ကို နို့နှစ်ရောင်လက်သည်း ဆိုးဆေးဆိုးပါတယ်....
မွှေးမှာ နို့စိမ်းရောင်လက်သည်းဆိုးဆေးမရှိလို့ အစိမ်းရင့်ရောင်ကို အဖြူဖွေးဖွေး လက်သည်းဆိုးဆေးနဲ့ ရောပြီးနို့နှစ်ရောင်ဖြစ်အောင်လုပ်ပါတယ်.....
ပြီးရင်တော့ ဖော့တုံးလေးမှာ နို့စိမ်းရောင်လက်သည်းဆိုးဆေးလေးကိုသုတ်လိုက်ပါတယ်.....
ပြီးတဲ့အခါ မှာ ခုန က နို့နှစ်ရောင်လေးဆိုးထားတဲ့အပေါ်မှာ တို့ပြီး ရေစိုလိုလေးဖြစ်အောင် ထိပ်ပိုင်းလေးကိုဆိုးပေးရပါတယ်.....
ခြောက်သွားတဲ့အခါမှာ ချယ်ရီပန်းကိုင်းလေးကို အနက်ရောင် Acrylic ရေဆေးလေနဲ့ဆွဲပါတယ်.....
ကိုင်းလေးဆွဲပြီးတဲ့အခါမှာတော့ ... ပန်းလေးဆွဲဖို့.. အနီရဲရဲ ရေဆေးနဲ့ အဖြူလေးကို ချယ်ရီပန်းရောင် လေးဖြစ်အောင်စပ်ပါတယ်.....မွှေးကတော့ ပန်းရောင်ကို မ၀ယ်ပါဘူး.... အနီရောင်ကို အဖြူများများရောရင် ပန်းနုရောင်လေးဖြစ်ပြီး... အဖြူနဲနဲရောရင်ပန်းရင့်ရောင်လေးရတယ်လေ.... စုတ်တံလေးမှာ ပန်းရောင်တစ်ခြမ်း အဖြူတစ်ခြမ်း သုတ်ပြီး ကိုင်းလေးမှာ ပန်းပွင့် လေးတွေကို ပန်ရောင်တစ်လှည့် အဖြူတစ်လှည့် လေးပွင့်ဆိုင်အစက်ကလေးတွေ ချပါတယ်....
နောက်ပြီး လက်သူကြွယ်ကိုတော့ ချယ်ရီပန်းပွင့် ကြီးကြီးလေး ဆွဲပါမယ်.....
ပထမဆုံး .... ပန်းရောင်နဲ့ ပွင့်ဖတ်ငါးခုပါတဲ့ပန်းပွင့်လေး နှစ်ပွင့်အရင်ဆွဲပါတယ်....
ပန်းရောင်လေးပေါ်မှာမှ အဖြူရောင်လေးတွေကို အတွင်းဖက်မှာ ပန်းပွင့်နောက်တစ်ထပ်ဆွဲပေးပါတယ်....
ပြီးရင်တော့ အနက်ရောင်လေးကို အလယ်တည့်တည့်မှာဆွဲပြီး ၀တ်ဆံလေးလုပ်ပါတယ်.....
အနက်ရောင်လေးတွေကြားထဲမှာ အ၀ါရောင်ဝတ်ဆံလေးတွေကိုအစက်လေးတွေချပါတယ်....
ပြီးပြီဆိုရင်တော့ ပန်းလေးနှစ်ပွင့်ကို အနက်ရောင် နဲ့ ကိုင်းလေးတွေဆက်ပေးလိုက်ပါတယ်....
အားလုံးပြီးသွားပြီဆိုတာနဲ့ Top coat လေးကိုထပ်ဆိုးပေးလိုက်ပါတယ်....
Top coat လေးဆိုးပေးလိုက်တဲ့အခါ တောက်ပတဲ့လက်သည်းလေးတွေရပြီပေါ့... တော်ရုံနဲ့လဲ မပျက်တော့ဘူးလေ... မွှေးဆို ဟင်းချက်ပန်းကန်ဆေးတာတောင် တစ်ပတ်လောက်မပျက်ပါဘူး... ဒီလိုချယ်ရီပန်းလက်သည်းလှလှလေးလေ.......
အုန်းနို့ခေါက်ဆွဲ
တရုတ်နှစ်သစ်ကူး ရုံးအကြာကြီးပိတ်လို့ အုန်းနို့ခေါက်ဆွဲချက်စားဖြစ်ပါတယ်....
အုန်းနို့ခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ ကြက်သွန်နီ ကြီးကြီးနှစ်လုံး
၂။ ကြက်သွန်ဖြူ တစ်လုံး
၃။ ကြက်သား လေးပုံတစ်ပုံ (kg)
၎။ ပဲပြား ၂ တုံး
၅။ အုန်းနို့ 1/2 kg
၆။ အရောင်တင်မှုန့်အနည်းငယ်
၇။ ငံပြာရည်အနည်းငယ်
၈။ ပဲမှုန့် အစိမ်းမှုန့် ငါးကျပ်သားခန့် (0.1 kg)
၉။ အချိုမှုန့်အနည်းငယ် လိုအပ်ပါတယ်
အုန်းနို့ကိုဒီလိုဗူးပဲဝယ်လိုက်ပါတယ်..
ပထမဆုံး ပဲမှုန့် အစိမ်းမှုန့်ကိုရေအေးနဲ့ဖျော်ပြီး ခဏစိမ်ထားပါတယ်... ကြက်သားတွေကို လက်မလောက်လေးတွေတုံးထားပါတယ်... ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုရောကြိတ်ထားပါတယ်...အုန်းနို့ကိုဆူအောင်ကြိုပါတယ်.... စိမ်ထားတဲ့ပဲမှုန့်တွေကိုလဲဆူအောင်ကြိုပါတယ်.... ကြိတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုအရောင်တင် နဲနဲ ထည့်ပြီး ဆီသပ်ပါတယ်.. ဆီသပ်တဲ့အထဲကို ငံပြာရည်နဲ့ အချိုမှုန့်တစ်ခါထဲထည့်ပြီးဆီသပ်ပါ....ကြက်သွန်တွေတော်တော်လေး ကြွပ်လာပြီဆိုရင် ကြက်သားထည့်ပြီးရေခန်းသည်အထိဆီသပ်ပါတယ်... ပဲပြုတ်ရေ ဆူလာရင် ကြက်သားဆီသပ်တွေကိုလောင်းထည့်လိုက်ပါ... ပြီးရင်တော့ အုန်းနို့ရေဆူဆူကိုလောင်းထည့်လိုက်ပါ...ပဲပြားလေးတွေကို သေးသေးတုန်းပြီးထည့်ပါ....အမှန်က ငါးဖယ်ရှိရင် ပြုတ်ပြီး သေးသေးတုံးထည့်လို့ရပါတယ်... ပွက်ပွက်ဆူပြီဆိုရင်စားလို့ရပါပြီ...
အသင့်စားနိုင်ဖို့အတွက် ကြက်သွန်နီပါးပါးလှီးထားတာလေး ရယ် ငရုတ်သီးအကျက်မှုန့်ရယ် သံပုရာသီးလေးအရည်ညှစ်ထည့် ပဲကပ်ကြော်လေးထည့်ပြီး စားလို့ရပါပြီရှင်.....
မြတ်ဘုရားရွှေတိဂုံ (၂)
်ဒီပုံတော်ကတော့ ပြဒါးရှင်ဘုရားပါ....အံဖွယ်အမှတ် (၉)ပါ အခါကြီးရက်ကြီးတွေဆိုရင် နဖူးတော်မှ ပြဒါးရောင်တွေဖြာထွက်တတ်တယ်လို့ပြောပါတယ်.... အင်္ဂါ ထောင့်မှာ သွားရောက်ဖူးမျှော်နိုင်ပါတယ်...
ဗုဒ္ဓတစ်ထောင် ပေါ်တော်မူ စေတီကိုတော့ အရှေ့ဘက်မုဓ် က ရေကြည်တော်ဝတ်အသင်းတန်ဆောင်းမှာဖူးတွေ့နိုင်ပါတယ်....
ဒါကတော့ ပေါ်တော်မူဘုရားရဲ့သမိုင်းကြောင်း ကျောက်စာပါ...
နေလဘုရားကို ဖူးမျှော်နိုင်ပါတယ်...
ဒီဘုရားကတော့ နဂါးကိုးကောင် အဓိဌာန်ပြည့်ဘုရားလို့သိရပါတယ်... ကြက်ဥစိမ်း ..ပေါက်ပေါက် တို့ကိုလှူပြီး.. သစ်သီးကိုမြတ်စွာဘုရားရဲ့လက်တော်ထဲထည့်ပြီး လိုရာတစ်ခုကို အဓိဌာန်ပြီးဆုတောင်းရင်ပြည့်တယ်လို့ပြောပါတယ်... ဒါပေမဲ့ အဓိဌာန်တစ်ခုပြုရင် ဆုတစ်ခုပဲတောင်းရပါတယ်.. အထူးသဖြင့်နိုင်ငံရပ်ခြားသွားချင်တဲ့သူတွေ အဓိဌာန်လေ့ရှိတယ်လို့ အဘ ကပြောပြပါတယ်...
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ ဒီ ရပ်တော်မူရုပ်ပွားတော်ကို အင်္ဂလန်ကိုသိမ်းယူသွားကြပါတယ်... အဲဒီအခါ ဘုရင်မကြီးခေါင်းကိုက်ဝေဒနာ ခံစားရတာကြောင့်ဒီရုပ်ပွားတော်ကို ဘုရင်မကြီးအမြတ်တနိုးထားတဲ့ မီးအိမ်ကြီးနှစ်လုံးနဲ့အတူ သံသေတ္တာကြီးထဲထည့်ပြီးအိန္ဒိယ သမုဒ္ဒရာကိုပတ်ကာပြန်ပို့ခဲ့ပါတယ်..
ဒါကတော့ ဘုရင်မကြီးရဲ့မီးအိမ်ပေါ့...
ဒီပုံကတော့ တနင်္ဂနွေထောင့်နဲ့ တနလာင်္ ထောင့်ကြားမှာရှိတဲ့ ကျောက်တိုင်တစ်ခုမှာ ဂဠုန်က နဂါးနှစ်ကောင်ရဲ့လည်ပင်းကို ညစ်ထားတဲ့ရုပ်ထုပေါ်မှာစေတီလေးတစ်ဆူတည်ထားပါတယ်.. အံ့ဖွယ်အမှတ် (၄) ပါတဲ့...
ဒီပုံတော်ကတော့ ပိတုန်း ပဒိုင်း မုနိ ဘုရားပါ...
ဒါကတော့ ပိတုန်း ပဒိုင်းမုနိ ဘုရာရဲ့အပေါ်မှာ ဖဲစနဲ့အုပ်ထားတဲ့ ပဒိုင်းပွင့်ပေါ်မှာ ပိတုန်း ရုပ်ပုံပါ.....
ဒါကတော့ ဆေးဓါတ်လုံးကိုင်ထားတဲ့ဇော်ဂျီရုပ်ထုပါ... ဓါတ်လုံးကိုပွတ်ပြီး ကိုယ်ရောဂါဖြစ်တဲ့နေရာကို လက်နဲ့သပ်ရင် ရောဂါပျောက်တယ်လို့ယုံကြည်တဲ့လူတွေ ပွတ်လို့ သိပ်မကြာခင်မှာ ဇော်ဂျီတော့ဓါတ်လုံးပျောက်တော့မှာပါ... :D
ဒီရုပ်ထုကတော့ ဗြမ္မာကြီး သားပိုက်ထားတဲ့ပုံပါ... နောက်တစ်ဖက်မှာတော့ ကြာဖူးကိုင်ထားတဲ့ ဗြမ္မာကြီးရှိပါတယ်... သားလေးလိုချင်ရင် ဒီသားပိုက်ထားတဲ့ရုပ်ထု.... သမီးလေးလိုချင်ရင် ကြာဖူးကိုင်ထားတဲ့ရုပ်ထုရှေ့မှာ လက်ဖက် (၇)ပွဲ ရေ (၇)ခွက် သပြေ (၇) ညွန့် နဲ့ ရွှေပန်းငွေပန်းတွေလှုပြီးဆုတောင်းရင်ရတယ်လို့သိရပါတယ်...ဒီကိုအရင်လာပြီးဆုမတောင်းခင် အဲဒီရှေ့မှာရှိတဲ့ရှင်မကွဲဘုရားမှာ အရင်ဆုတောင်းပေါ့ရှင်....
ဒါကတော့လက်ညှိုးတော်ရေကျဘုရားပါ... အရင်ကလက်ညှိုးတော်ကရေတစ်စက်တစ်စက်ကျနေတဲ့အတွက်အိုးလေးနဲ့ခံထားရတာတွေ့ဖူးပါတယ် .. အခုတော့မကျတော့ပါဘူးရှင်...
အင်း.................ရေးရင်းနဲ့ရွှေတိဂုံမြတ်ဘုရားကို ဖူးချင်လာပြီနော်...... :(
မြတ်ဘုရားရွှေတိဂုံ (၁)
တစ်နေ့ ရှင်မွှေးကြူတို့မောင်နှမတွေ ရွှေတိဂုံ ဘုရားကိုသွားကြပါတယ်.... ရွှေတိဂုံဘုရားရဲ့အောင်မြေ တစ်နေရာကကြည့်ရင်... ငှက်မြတ်နားတော်ပေါ်ကစိန်ပွင့်လေး လက်နေတာကိုဖူးတွေ့နိုင်ပါတယ်... အဲဒီလိုဖူးဖို့အတွက်.. နေရာရှာနေတာကို ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ .. ဘဘ ဦးထိန်လင်းက ... နေရာကိုသေချာပြပြီး ... တစ်ခြားနေရာတွေကနေပြီးလဲ .... အ၀ါရောင်... လိမ္မော်ရောင်... အစိမ်းရောင်... အနီရောင် စသည်ဖြင့် မြင်ရတဲ့နေရာတွေ ရှိသေးကြောင်း.... ဒါတင်မက တစ်ခြား စိတ်ဝင်စားဖွယ်ရာတွေလဲ ရှိသေးကြောင်းပြောပြပြီး... ရွှေတိဂုံဘုရားကြီးကို တစ်ပတ်လိုက်ပြပြီး ရှင်းပြပေးပါတယ်.... သိပြီးသူတွေလဲ... ထပ်ပြီးကြည်ညိုနိုင်အောင်နဲ့ မသိသေးသူတွေလဲ သိရအောင်... ရိုက်ခဲ့သမျှဓါတ်ပုံလေးတွေနဲ့ မှတ်မိသမျှ ဖော်ပြလိုက်ပါတယ်.....ဒါတွေကလဲဒဏ္ဍာရီတွေပဲမို့လို့ တစ်ခြားမူကွဲတွေလဲရှိနိုင်ပါတယ်.....
ဘုရားဆင်းတုတော်ရှေ့မှာ အဘ ဘိုးဘိုအောင် နဲ့ သူရဿတီမယ်တော် ရုပ်ထုရှိတဲ့ ဘုရားအမှတ် (၂၀) ပါ... စာမေးပွဲဖြေနိုင်အောင်သွားပြီးဆုတောင်းလေ့ရှိကြတယ်လို့သိရပါတယ်...
ဒါကတော့ရာဇာ ကြီး ညီနောင်ဘုရားပါတဲ့ ... ကံရာဇာ ကြီး ကံရာဇာငယ် ညီနောင်နှစ်ပါး တည်ခဲ့တဲ့ဘုရားလို့အဆိုရှိပါတယ်... မြောက်ဘက်မုဒ် ညာဘက်တန်ဆောင်းထဲမှာဖူးလို့ရပါတယ်....
ဒါကတော့ဆံတော်တွင်းပါ...ဆံတော်ရှင် ရွှေတိဂုံမြတ်စွာဘုရားကြီးရဲ့ အံ့ဖွယ်ကိုးပါးမှ အံ့ဖွယ်အမှတ် (၅)ပါ... မြောက်ဘက်မုဒ်နဲ့အောင်မြေကြားမှာရှိပါတယ်.... ပင်လယ်နဲ့ဆက်နေတဲ့အတွက်.. မိုးတွင်းမှာ ဒီရေတက်ချိန် ကျချိန်ဆိုရင် ရေသံကြားရတယ်လို့ပြောပါတယ်....
ရာဟုထောင့်နဲ့ ကြာသပတေးထောင့်ကြားထဲက ဥက္ကလာပမင်းကြီးရဲ့ရုပ်ထုပါ... ရွှေတိဂုံဘုရားသမိုင်းမှာ ဥက္ကလာပမင်းကြီးလဲ အဓိကနေရာကပါဝင်တာဖြစ်တဲ့အတွက် သူ့ရဲ့ရုပ်ထုလဲဘုရားပေါ်မှာရှိနေပါတယ်... ဥက္ကာလာပမင်းကြီး ဘုရားရှိခိုးနေတဲ့ရုပ်ထုပါ.....
ကျားခြင်္သေ့ဘုရားပါ... ဘုရားရဲ့ရှေ့ မှာ ကျားရုပ်နဲ့ခြသေ့င်္ရုပ်တွေ့ရပါတယ်... ဒဏ္ဍာရီကိုတော့ မမေးမိပါဘူး...
ဆွမ်းခံထွက်တဲ့မြတ်စွာဘုရားပါ... အရင်က ဆုတောင်းပြည့် လှိုဏ်ဂူတော်မှာသီတင်းသုံးပါတယ်... အခုတော့ ဆုတောင်းပြည့်လှိုဏ်ဂူတော်ထဲမှာသီတင်းသုံးစဉ်က မနက် (၁၁) နာရီပတ်ဝန်းကျင်ဆိုရင်ဆွမ်းခံထွက်လို့ သွားကြည့်ရင်မတွေ့ရဘူးလို့ပြောပါတယ်... ဟိုးးးး အရင်ရှင်ဘုရင်တွေခောတ်ကပါတဲ့ .... အခုတော့ လှိုဏ်ဂူတော်လဲ ပိတ်လိုက်ပြီမို့ ... ရှင်အရဟံ တန်ဆောင်းဘေးက တန်ဆောင်းထဲမှာပဲ အများဖူးမြင်နိုင်အောင် ပြောင်းရွှေ့ထားကြောင်းပြောပြပါတယ်....