တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာက သဘာဝပါခင်။ အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ ရည်စူးပြီး ဖူးပွင့်မဆင်....။ ခင်ကြိုက်ရင် အညှာကိုချိုးပြီး ခင်မြတ်နိုးတော့ ပန်ချင်ပန်ပေါ့ မပန်ချင် ခင်မကြိုက်တော့လည်း ပစ်လိုက်ပေါ့ နော် ခင် ဆင်ချင်မှ ဆင်ပါတော့။ ခင်ရယ် မဆင်လို့ပဲပစ်ပစ် မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့ သစ်ရွက်ကြို သစ်ရွက်ကြားက ခင်သွားရင် ရနံ့ပေး ခင်မွှေးရင် ပျော်ရွင်လို့ ခင်မမြင် ခင်မကြည့်ပေမယ့် ခင်သိရင် စိတ်ကျေနပ်ပါရဲ့ ရွက်ချပ်စို ကြိုအကြားမှာပဲ ပွင့်သွားတာပေါ့။ ။ မောင်စိန်ဝင်း (ပုတီးကုန်း) မှတ်ချက်။ ။သီချင်းကိုတော့ ခင်မောင်တိုး ရဲ့ အကြိုက်ဆုံး ဒဏ္ဍာရီ တေးများ မှာ နားဆင်နိုင်ပါတယ်။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

maylay said...

ကဗျာ ကို ကူးသွားတယ် ဖတ်ဖူးတာ မေ့သွားလို့ ကိုယ်က ကဗျာဆို အသေကြိုက် ကိုယ်တိုင်သာမရေးတတ်တာ ကျေးဇူး မွှေးကြူရေ။
maylay

Anonymous said...

ကဗျာက အရမ်းကို ကောင်းလွန်းလို့ ကျွန်တော်လည်း ကူးသွားတယ်နော်…facebook ပေါ်က သူငယ်ချင်းတွေကို ဝေငှချင်လို့ ပါ။ ကျေးဇူးပဲ မွှေးကြူရေ…
နောက်လည်း ကဗျာလှလှလေးတွေ တင်အုံးနော်…
အမြဲအားပေးနေမယ်။ ကိုယ်တိုင်တော့ မရေးတတ်ဘူး အဟိ