သူတော်စင်ပါ

ခင်ခင့်လူ စိတ်ချလို့၊ ဟိတ်မပြလိုပါ၊ အနိစ္စကိုယ်ခန္ဓာငယ်၊ အပိုပါတကား။ သိရက်နှင့်ဝင်နက်လူ၊ပင်ထက်မူမှားတဲ့အမှား။ ကျွန်းဇမ္ဗူ့ တောင်ရပ်ခွင်၊ သူတော်စင်အများ။ မင်းသုဒ္ဓါ လူသားသို့၊ ခေမာလားရောက်ပြန်တယ်၊ ရဟန်းခံနိဗ္ဗာန်ရ၊ ဘယ်ဗုဒ္ဓဟောပါ့သကွယ်။ ဘယ်ရုက္ခတောအလယ်၊ သဘောကွယ်လူကြောက်မို့၊ ဆယ့်သုံးနှစ်လောက် ကညာပျိုဖော် ၊ လေးတောင်လောက်နော်။ ပါရင်ဖြင့်စောမျက်ဖျော်ရယ်၊ တောထွက်တော်မူစမ်းချင်လှလေး။ စလေဦးပုည (အရွှင်ဖွဲ့)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

3 comments:

maylay said...

ိမွှေးကြူ ...စလေဦးပုည (အရွှင်ဖွဲ့)လို့ထင်တယ်နော် (အရွင်ဖွဲ့မဟုတ်ဘူးလားလို့) မေလေး မှတ်မှားတာ ဖြစ်ချင်ဖြစ်မှာပါ။
သိလျက်နဲ့ဝင်နက်လူ၊ ပင်ထက်မူ မှားတဲ့အမှား ဟုတ်လား (သိလျှက်)လို့ မရေးဘူးထင်တယ်နော်

ငှက်ကလေး said...

ဟုတ်ကဲ့ တရားအလာနောက်ကျ တာခွင့်လွှတ်ပါ မမမွှေးးးဟေးးးး

ရှင်မွှေးကြူ said...

ပြန်ပြင်လိုက်မယ်နော်မေလေး ကျေးဇူးပဲ ကိုယ်ကဒီလိုပဲ ရှပ်ပြာ ရှပ်ပြာနဲ့ ကူးတာတောင်မမှန်ဘူး အဟိ