Myself

ဘလော့တွေလျှောက်ဖတ်ရင်းနဲ့ အားလုံး ကိုယ့်အကြောင်းလေးတွေရေးထားတာလေးတွေဖတ်ဖြစ်တယ်......အားလုံးပဲ ကိုယ့်အကြောင်းလေးတွေကိုယ် စိတ်ကူးကောင်းကောင်းလေးတွေနဲ့ ရေးထားတာ တွေ့ရတယ်......... အဲဒါနဲ့ ကိုယ်လဲ ကိုယ့်အကြောင်းရေးမလားလို့တွေးမိတော့ အခက်တွေ့တော့တာပါပဲ........ ငယ်ငယ် က စာစီစာကုံးရေး တုန်းက လိုကျွန်မ၏အမည်သည် က စရေးလို့ကလဲ မဖြစ်... အဲဒီလောက်ပဲရေးစရာရှိတဲ့ ငယ်ငယ်ကတည်းက ကိုယ့်အကြောင်း ရေးခိုင်းရင် အဲဒီခေါင်းစဉ် က အခက်ဆုံးပဲ...တစ်ခါလဲ အလုပ်သွားလျှောက်တာ ဘာမှမမေးပဲ မင်းအကြောင်းကိုပြောနိုင်သလောက်ပြောပါတဲ့ .....အဲဒါအခက်ဆုံးပဲ.... အဲဒီတုန်းကတော့ အလုပ်မှာဆိုတော့ ကိုယ့်ရဲအတွေ့ အကြုံတွေ ဘာလုပ်ခဲ့တယ်....ဘာလုပ်တတ်တယ် ပေါ့....ဒီလိုပဲဖြေရတာပေါ့....အခုလဲ ဘယ်လိုရေးရပါ့......ဘယ်သူမှလဲရိုက်မမေးပါပဲလျှက်နှင့် ကိုယ့်အလုပ်ကိုရှာမိနေပြီ.....မျိုးကျော့မြိုင်ပြောသလို ကျွန်မနာမည် ရှင်မွှေးကြူပါ ......တစ်နေရာမှာနေပါတယ်.....အဲဒီလိုကစရေးရကောင်းမလား.... ဘယ်ကစရေးရပါ့......... ဘာတွေရေးရပါ့..... ဘယ်လိုရေးရပါ့........ ? ? ? ? ? ? ?

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

အဂ္ဂ said...

မင်းသိင်္ခကတော့ တစ်နေ့သ၌ နဲ့စတယ်ဗျ။
ပုံပြင်တွေကတော့ ဟိုးရှေးရှေးတုန်းကနဲ့စတယ်။
ကျွန်တော်ဆို စချင်တာနဲ့စတယ်။