လူ

ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက်... ရှေ့မှာတစ်ပွင့်၊ လွယ်လင့်တစ်ကူ ယူ၍ရခိုက် ၊ ခူးလိုက်မိပြန်... ပြန်မှ ပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံး ဆွတ်ချင်သူ... လက်ထဲ ခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ... ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်တည်းသာ သောက်ချင်သည်။ မောင်စိန်ဝင်း (ပုတီးကုန်း) သောကခြေရာ ရတနာ ကဗျာများ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

maylay said...

မွှေးကြူ မေလေးလာလည်တယ်နော် ကဗျာကိုဖတ်သွားတယ် မေလေးလည်း မောင်စိန်ဝင်းပုတီးကုန်းရဲ့ကဗျာတွေကို ကြိုက်တယ်။ ကဗျာကို ခုပြန်ဖတ်ရမှ စိတ်ထဲ သတိပြန်ထားဖြစ်သွားတယ် ဟုတ်ပါ့ လူ လူ လူ ...လူ ဆိုတာ အသောမသတ်နိုင်တဲ့သတ္တဝါပါပဲ။ နောက် ရှိသေးရင်လည်းတင်ပါဦးနော်။
maylay

ရှင်မွှေးကြူ said...

မေလေး ကျေးဇူးနော် ရှိသေးတယ် တင်အုန်းမယ်