ကွက်လပ်

ကြားနေရတယ်............ ငိုသံတွေတရှိုက်မက်မက် မိဘမဲ့ကလေးငယ်များ ၀ိုတ၀ါးမနက်ဖြန် ရှင်သန်ဖြတ်သန်းရမဲ့ခရီးလမ်း ကြမ်းတမ်းလွန်းတယ်။ ကံကြမ္မာရဲ့ ထိုးနှက်ချက်ခပ်ပြင်းပြင်း ဘ၀နဲ့ရင်းကာပေးဆပ် နှလုံးသွေးတို့မရပ်တန့်ခင် သူတို့............ အသက်ဆက်ရှင်သန်ရဦးမယ် ကမ္ဘာကြီးရဲ့အနာဂတ် လူငယ်တွေဖတ်ကြားကြမတဲ့ မျိုးဆက်တစ်ခုရဲ့နိဒါန်းသစ် မှန်ကန်စွာထုဆစ်ဖို့လိုတယ်။ ကူညီမှု စာနာမှု နားလည်မှု ဖေးမမှု ငါတို့ရဲ့တွဲလက်တစ်စု သူတို့ရဲ့ဘ၀ကန္တာထက် အိုအေစစ်သက်သက်ဖြစ်စေ။ ဤကမ္ဘာမြေမှာ ငိုသံတွေ တိတ်ပါစေသား............ ဤကမ္ဘာမြေမှာ နာကျင်မှုတွေ အဆုံးသတ်ပါစေသား............ ဤကမ္ဘာမြေမှာ ကြေကွဲမှုတွေ ချုပ်ငြိမ်းပါစေသား............ ဤကမ္ဘာမြေမှာ (ကလေးများအားလုံးရဲ့) ရယ်သံချိုလွင်လွင် အစဉ်ခြုံလွှမ်းပါစေသား။ ။ နေရဲ (ဆာလောင်မှုနှင့် မေတ္တာငတ်မွတ်နေဆဲကလေးများသို့)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

maylay said...

'ဤကမ္ဘာမြေမှာ
(ကလေးများအားလုံးရဲ့)
ရယ်သံချိုလွင်လွင်
အစဉ် ခြုံလွှမ်းပါစေသား။' အဲဒီအထိကို တစ်ပုဒ်လုံးကြိုက်တယ် ။နာကျင်မှုတွေ၊ ငိုသံတွေ၊ ထိုးနှက်မှုတွေ၊ ငတ်မွတ်မှုတွေကို မြင်နေရသလိုပဲ
မွှေးကြူ ကျေးဇူးနော် ။